မိမိက ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ၊ အကြိမ်ပြည့်ထိုးထားသည်ဖြစ်စေ၊ တစ်ကြိမ်ပဲ ထိုးထားသည်ဖြစ်စေ ကိုဗစ် - ၁၉ စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုတယ်ဆိုတာကို အသိပေးချင်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း  ကိုဗစ် - ၁၉ တတိယလှိုင်း   ဖြစ်ပွားနေတာနဲ့  ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ဗဟိုကူးစက်ရောဂါ   တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ခံစားရပြီးသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်သလားဆိုတာကို ပြောကြားပေးပါဦး။


ဒေါက်တာခင်ခင်ကြီး။    ။ ကိုဗစ် - ၁၉      ရောဂါ 
       ဖြစ်ပွား ခံစားရသူတွေ အနေနဲ့ နောက်တစ်ကြိမ်ထပ်ဖြစ်မှာကို စိုးရိမ် ကြောက်လန့်ပါတယ်။  ဖြစ်ပြီးသွားရင် ကိုယ်ခံအား တွေက  ဘယ်လောက်အထိ ရှိနေမှာလဲ၊ ကာကွယ် ဆေးတွေထပ်ထိုးဖို့ လို၊ မလို ဒါတွေကို မေးမြန်းလာ ကြပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)ကိုလည်း     ဒီမေးခွန်းမေးမြန်းကြတာများတဲ့
အတွက် WHO ရဲ့ ဩဂုတ်လ ၂၀ ရက် ထုတ်ပြန်ချက် Episode #50 မှာ “Do I still need the vaccine if I have COVID-19” ခေါင်းစဉ်နဲ့  ဆွေးနွေးထား တာကို ကိုးကားပြီး ပြန်လည်ဆွေးနွေးသွားပါမယ်။


ဒီဆွေးနွေးချက်ရဲ့ အဓိက ခေါင်းစဉ်က ကိုဗစ် - ၁၉ ဖြစ်ပွားပြီးသူအနေနဲ့  ကာကွယ်ဆေးတွေ ထိုးဖို့လိုသလားဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Chief Scientist ဖြစ်သူ Dr. Soumya Swamin- athan ရဲ့ ဆွေးနွေးချက်ဖြစ်ပါတယ်။ Dr. Soumya Swaminathan က ကိုဗစ် - ၁၉ ဖြစ်သွားပြီးရင် သူ့မှာကိုယ်ခံအားတွေ ရှိလာမှာသေချာပါတယ်။ ဒါပေမယ့် ကိုယ်ခံအား အတိုင်း အတာဘယ်လောက် အထိ ရှိမလဲဆိုတာကို မသိနိုင်ပါဘူး။
တကယ်လို့   သာမန်နဲ့   အသင့်အတင့် လက္ခဏာပဲ ခံစားရတယ်ဆိုရင် ကိုယ်ခံအားက သာမန်နဲ့ အသင့်အတင့်လောက်ရှိပါတယ်။ ရောဂါ ပြင်းထန်စွာ ခံစားရတယ်ဆိုရင် ကိုယ်ခံအားက ပိုရှိပါတယ်။   ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီး သူတွေအနေနဲ့ သူတို့က ပြန်ပြီးကူးစက်ခံရမှာ ကြောက်ပါတယ်။  ပုံမှန်အားဖြင့် ကိုဗစ် - ၁၉ ဖြစ်ပြီးသူတွေ ပြန်ကူးစက်နိုင်ဖို့ အခွင့်အလမ်းက ၁၀၀ မှာ တစ်ဦးထက်နည်းပါတယ်။ သူတို့တွေ အနေ နဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားပြီးတဲ့အခါ  နောက်ထပ် ပြန်ဖြစ်မှာ  စိုးရိမ်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ လို/မလို ဒါနဲ့ပတ်သက်ပြီး Dr. Soumya Swamina- than က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပြီးသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့  လိုပါတယ်။  ဘာအတွက် လိုအပ်သလဲဆိုရင် ရောဂါ ဖြစ်ပြီးသူတွေရဲ့ ကိုယ်ခံ အားက တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ ရောဂါဝေဒနာခံစားရပုံနဲ့  အသက်အရွယ်အလိုက် မတူညီကြပါဘူး။   တချို့တွေက   ကိုယ်ခံအား ကောင်းမွန်စွာထွက်ရှိပြီး တချို့တွေက ကိုယ်ခံအား အများကြီး  မထွက်တာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်အထိ ကိုယ်ခံအားတက်တယ်ဆိုတာက တစ်ဦးနဲ့တစ်ဦး  မတူညီတဲ့အတွက် ဒါကိုတစ်ပြေးညီ ပြောလို့မရပါဘူး။


ကာကွယ်ဆေးထိုးဖို့လိုအပ်
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူက ယခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ ၃၇၀၀၀၀ ကျော် ၃၈၀၀၀၀ နီးပါး  ရှိပြီဖြစ်ပါတယ်။  သေချာတာက အခုလိုကူးစက်ခံရသူတွေအနေနဲ့   ကိုယ်ခံအားရှိ နေတာ သေချာပါတယ်။ ကိုယ်ခံအားရှိနေတယ်၊ သူတို့ နောက်တစ်ကြိမ် ပြန်ကူးစက်ဖို့ အခွင့်အလမ်း က နည်းပါတယ်။  ဒါပေမယ့်  သူတို့အနေနဲ့ ကာကွယ် ဆေးထိုးဖို့လိုအပ်ပါတယ်။


 ပိုပြီးကြာရှည်ခံ
ဒီနေရာမှာ  ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရရှိတဲ့ကိုယ်ခံအားသည်  တစ်နည်းအားဖြင့် ဘယ် အသက်အရွယ်မှာ ဘယ်လောက်ကာကွယ်နိုင်တယ်၊ ရောဂါလက္ခဏာ  ပြင်းထန်စွာဖြစ်ပွားမှုနဲ့ သေဆုံး မှုတို့က   ဘယ်လောက်ကာကွယ်တယ်ဆိုတာကို လူပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံနဲ့ စမ်းသပ်ထားတဲ့ သုတေသနရလဒ်တွေအရ ထွက်ပေါ်လာတဲ့ အဖြေ တွေဖြစ်တဲ့အတွက် ခိုင်မာပါတယ်။ ဒါကြောင့် ကာကွယ် ဆေးထိုးဖို့  လိုပါတယ်။  ရောဂါဖြစ်ပြီး သူတွေအနေနဲ့ ကာကွယ်ဆေးထိုးပါလို့ ပြောထားပါတယ်။ ကာကွယ် ဆေးထိုးခြင်းဖြင့် မိမိမှာ နဂိုရောဂါဖြစ်နေတာကို ကာကွယ်ဆေးနဲ့ ထပ်ပြီးကာကွယ်ခြင်းဖြင့် ကိုယ်ခံ အားတွေပိုများလာတယ်၊     ပိုပြီးကြာရှည်ခံတဲ့ သဘောကို ပြောခြင်းဖြစ်ပါတယ်။
အစီအစဉ်မှူး။    ။    ဒီလိုကာကွယ်ဆေးကို   ဘယ်
        လောက်အကြာမှာ     ထိုးနှံဖို့ လိုအပ်သလဲဆိုတာကို ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။ ကာကွယ်ဆေးကို ဘယ်
       လောက်အကြာမှာ ထိုးရ မှာလဲ၊ အခုဆိုရင် ကိုဗစ် - ၁၉ ခံစားရတယ်၊  ရောဂါ ဝေဒနာသက်သာသွားပြီ၊ ပျောက်ကင်းသွားပြီ၊ ဒါဆိုရင် ထိုးလို့ရပြီလား  ဒါကို တချို့တွေက သိချင်ကြပါတယ်။


ဒါနဲ့ပတ်သက်ပြီး Dr. Soumya Swaminathan က  ကာကွယ်ဆေးကို မဖျားမနာဘူး နေကောင်းသက် သာရင်  ထိုးလို့ရတယ်လို့ ပြောပါတယ်။  ဒါပေမယ့် ရက်သတ္တပတ်  အနည်းငယ်စောင့်ဖို့  အကြံပေးပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ ရောဂါ သက်သာပြီး နှာခေါင်းအနံ့မရသူက  နှာခေါင်း အနံ့ပြန်ရတယ်။   ရောဂါလက္ခဏာမပြင်းတဲ့ သူက လည်း နည်းနည်းဖျားပြီး  ပြန်ကောင်းသွားတယ်။ တစ်ပတ်လောက်နဲ့ ပြန်ကောင်းလာပြီး ကာကွယ် ဆေးသွားထိုးမယ်ဆိုရင် ထိုးလို့မရပါဘူး။ သူကနေ တခြားသူ တွေကို  ကူးစက်နိုင်တဲ့ အခွင့်အလမ်းတွေက ရှိနေ ပါတယ်။  ဒါကြောင့်  ရက်သတ္တပတ် အနည်းငယ် စောင့်ဖို့အတွက် တိုက်တွန်းပါတယ်လို့ ပြောပါတယ်။


ကာကွယ်ဆေးထိုးဖို့ ဘယ်လောက်အကြာမှာ ထိုးရမလဲဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု မတူပါဘူး။ တချို့နိုင်ငံတွေက  ရောဂါပိုးကူးစက်ခံရပြီး သုံးလ အကြာ၊ တချို့နိုင်ငံတွေက ခြောက်လအကြာမှာ ထိုးပေးတာရှိပါတယ်။   ရောဂါပိုးကူးစက်ခံရပြီးပြီ ဆိုရင်  သူရဲ့ကိုယ်ခံအားက  အနည်းဆုံးခြောက်လ ကောင်းမွန်စွာ  အလုပ်လုပ်ပါတယ်။  ဒီ ခြောက်လ အတွင်းမှာ  ပြန်ဖြစ်နိုင်ဖို့နဲ့ ပြင်းထန်စွာဝေဒနာ ခံစားရဖို့ ရာခိုင်နှုန်းကနည်းပါတယ်။ 


ခြောက်လပြည့်ခါနီးမှာထိုးပေး
ကာကွယ်ဆေး အကန့်အသတ်နဲ့ရှိတဲ့ အခြေ အနေမှာ ကာကွယ်ဆေးတွေကို အန္တရာယ်ရှိနိုင် တဲ့သူတွေ၊   ဖြစ်ပွားကူးစက်ရင်   သေဆုံးနိုင်တဲ့ သူတွေကို ဦးစားပေးထိုးနှံဖို့အတွက် နိုင်ငံတိုင်းက စီစဉ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအကန့်အသတ်ရှိတဲ့ နိုင်ငံတွေက ပိုးတွေ့ရှိသူတွေကို ခြောက်လပြည့်ခါနီးမှာ ထိုးပေး ပါတယ်။ ဒီထက်ကာကွယ်ဆေးတွေရရင် ဒီထက် ပိုစောပြီး ထိုးပေးဖို့ရှိပါတယ်။ 
မြန်မာနိုင်ငံအနေနဲ့ ခြောက်လပြည့်ခါနီးမှာ ကာကွယ်ဆေးထိုးပေးဖို့  အစီအစဉ်ရှိပါတယ်။ လက်ရှိ ကာကွယ်ဆေးရရှိမှုက ရှစ်သန်းရှိပြီး ထိုးနှံ ပေးတာက ပြီးသလောက်ဖြစ်နေပြီ မကြာခင်မှာ နှစ်သန်းထပ်ရောက်မယ်။  နောက်ထပ် ဝယ်ယူ ထားတာတွေ ထပ်ရောက်ဖို့လည်း ဆောင်ရွက်နေ ပါတယ်။  လက်ရှိကာကွယ်ဆေးတွေကို လုံးဝ ကာကွယ်နိုင်မှု မရနိုင်သေးတဲ့သူတွေ၊ အသက်ကြီး သူတွေ၊ နောက်ခံရောဂါရှိသူတွေကို ထိုးနှံကြပါစေ၊ မိမိအနေနဲ့ ကာကွယ်မှုရပြီးသားဆိုတာကို သိစေ ချင်ပါတယ်။ 
နောက်တစ်ခု အရင်ကိုဗစ် - ၁၉ ဖြစ်တုန်းက Monoclonal Antibodies လို့ခေါ်တဲ့ တချို့ကုသ မှုမှာသုံးတဲ့ ဈေးကြီးတဲ့ဆေးမျိုးတွေ၊ ပြန်ကောင်း လူနာတွေရဲ့  သွေးရည်ကြည်တွေသုံးပြီး ကုသမှု ခံယူထားသူတွေအနေနဲ့ ရက် ၉၀ (သုံးလ) ထက် စောပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံလို့ မရပါဘူး။ ဒါက နဂိုရှိနေတဲ့ ရောဂါပိုးဝင်ရောက်လို့ ထွက်လာ တဲ့ ကိုယ်ခံအားတွေ၊ ရောဂါဖြစ်နေတုန်းပေးတဲ့ သွေးရည်ကြည်ထဲမှာပါတဲ့ ကိုယ်ခံအားတွေနဲ့ မလို အပ်တဲ့ တုံ့ပြန်မှုတွေဖြစ်မှာ စိုးရိမ်တာကြောင့် ဒါကို တားမြစ်ထားတာ ဖြစ်ပါတယ်။


ကိုဗစ် - ၁၉ ကာကွယ်ဆေးက ထိုးတိုင်း ကောင်းတဲ့ ကာကွယ်ဆေးလားဆိုရင် မဟုတ်ပါ ဘူး။ တချို့တွေက မိမိကိုယ်ကို ဂရုစိုက်လွန်းတဲ့ အတွက် ကာကွယ်ဆေးတွေကို များလေကောင်း လေဆိုပြီး ထိုးနှံတဲ့သူတွေရှိပါတယ်။ ဒါက မလုပ် သင့်ပါဘူး။ ကျွန်မတို့ နံနက်တစ်နပ် ထမင်းစား တယ်။ ညနေတစ်နပ် ထမင်းစားတယ်။တစ်ခါတည်း နှစ်ကြိမ်စာကို ပေါင်းစားလို့မရသလို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဥပမာ - ပါရာစီတမောတစ်နေ့ကို တစ်လုံးနဲ့ လေးကြိမ်သောက်ရမယ်ဆိုရင်  ဆေးရဲ့ အာနိသင်ရရှိမှုကို တွက်ချက်ထားပြီး ညွှန်ကြား တာဖြစ်တဲ့အတွက် လေးကြိမ်သောက်ရမှာ ဖြစ်ပါ တယ်။ ကာကွယ်ဆေးသည် များလေကောင်းလေ ဆိုတဲ့ အမျိုးအစားမဟုတ်ပါဘူး။ ဒီတော့ သတ်မှတ် တဲ့အကြိမ်အတိုင်း  ထိုးနှံဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။   


အချို့သုတေသနတွေမှာ    ရောဂါကူးစက် ခံရတယ်ဆိုရင်  ကာကွယ်ဆေး တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်တယ်   ပြောပါတယ်။  ဘာဖြစ်လို့လဲ ဆိုတော့ ရောဂါပိုးကူးစက်ခံရတာက ကာကွယ်ဆေး တစ်ကြိမ်ထိုးသလိုဖြစ်မယ်၊ ကာကွယ်ဆေးထိုးတာ က  ဒုတိယအကြိမ် ထိုးသလိုဖြစ်မယ်။  ဒီအခါမှာ ကိုယ်ခံအားတွေက တော်တော် ကောင်းတယ်လို့     ပြောတာလည်းရှိပါတယ်။ သုတေသနတွေ့ရှိချက် တွေအရ  ကာကွယ်ဆေးထိုးဖို့   လိုအပ်ပါတယ်။  ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားမှုကနေ ပြန်ကောင်းပြီဆိုရင် ထိုးပါ။ 
ကာကွယ်ဆေးထိုးနှံဖို့လို


တချို့သုတေသနတွေက  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီဆိုရင်   ကိုယ်ခံအားတွေ  ခန္ဓာကိုယ်ကနေ တည်ဆောက်မယ်၊  အလုပ်လုပ်မယ်၊ ဒီအတွက် အချိန်ပေးရပါတယ်။  အချိန်မပေးဘဲ ကာကွယ်ဆေး ထိုးလိုက်မယ်ဆိုရင်   ကာကွယ်ဆေးရဲ့  အာနိသင် အပြည့်အဝမရတဲ့အတွက် အကျိုးရှိသင့်သလောက်   မရှိဘူးဆိုတာကို  သိစေချင်ပါတယ်။  ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ဖို့အတွက်   စောင့်ရတာ ဖြစ်ပါတယ်။  ကိုဗစ်ရောဂါ ဖြစ်ပွားတာနဲ့ ကာကွယ် ဆေးထိုးတာက အနည်းဆုံး အတိုင်းအတာတစ်ခုအထိ     ခြားဖို့လိုတယ်လို့ ပြောခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံဖို့ လိုပါတယ်။ 


အချို့တွေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး နောက် ၄/၅ ရက်မှာ ပိုးတွေ့ တယ်။ ဒုတိယအကြိမ်   ဘယ်တော့ထိုးရမလဲဆိုတာနဲ့   ရောမသွားစေချင်ပါဘူး။    ကာကွယ်ဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ်ခြားပြီး ကြားထဲမှာ ကာကွယ်မှု အပြည့်အဝမရခင် ပိုးကူးစက်ခံရရင် ဒုတိယအကြိမ် ထိုးရမှာလား၊   မထိုးရဘူးလား။  ဘယ်လောက် ခြားမလဲဆိုတာ ပြောခြင်းဖြစ်ပါတယ်။ ပျမ်းမျှ ၂၈ ရက်ခြားလို့   ရပါတယ်။  ဒါကို  အများပြည်သူ မရှင်းမှာစိုးလို့    ထပ်ပြီးရှင်းလင်းတင်ပြခြင်းဖြစ် ပါတယ်။                    (ဆက်လက်ဖော်ပြပါမည်)
 

ထက်လျှံ