
နေပြည်တော် စက်တင်ဘာ ၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီတွင် မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက် ဂေါက်ကွင်းတောင် လမ်းထိပ်တွင် အာကာ(ခ)နိုင်ရဲ မောင်းနှင်လာသည့် ဆိုင်ကယ် ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ မုံရွာမြို့ ကန်သာဦးရပ်ကွက် သီရိလမ်း နေ မင်းသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မအိမွန်ကြည် (ခ) ပိစိနှင့် နေလနောင်တို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၂၁ ပြားကို လည်း ကောင်း၊ စက်တင်ဘာ ၁ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မြိတ် မြို့နယ် ပရည်တောင်ကျေးရွာ အနီးတွင် နိုင်ထွန်းကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို လည်းကောင်း ဖမ်းဆီး ရမိသည်။
အလားတူ စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီတွင် မိတ္ထီလာ မြို့ ဝန်ဇင်းရပ်ကွက်၌ ရဲသွေး အောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀ ကို လည်းကောင်းသိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက် အရ ညနေ ၅နာရီခွဲတွင် မိတ္ထီလာမြို့နယ် ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင် အမှတ် (၁၇/၅) အနီးတွင် နေထူးအောင် မောင်းနှင်ပြီး မတင်နီလာဝင်း (ခ)မဘုတ် လိုက်ပါလာသည့် MITSUBISHI Pickup အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၈၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား