
နေပြည်တော် စက်တင်ဘာ ၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီတွင် ဘားအံ မြို့နယ် ကော့လှိုက်ကျေးရွာနေ ရဲမင်းကို(ခ)အချိ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၉နာရီခွဲတွင် ကော့လှိုက်ကျေးရွာ လမ်းတွင် ပြည့်စုံဖြိုးကို ဆိုင်ကယ်တစ်စီးနှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြား၂၀၀ကိုလည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင် လှာကာ ကျေးရွာနေ သန်းနိုင်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၂ ပြား ကိုလည်း ကောင်း၊ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် လှာကာကျေးရွာနေ ဘိုဘိုဟန်(ခ) သားငယ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၃၄ပြားကိုလည်းကောင်း။
စက်တင်ဘာ ၃ ရက် ည ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် ကတ်ဖကျေးရွာအုပ်စု ဟွေဆိုင်းကျေးရွာအနီးရှိ ကျထုပ (ဖမ်းမမိ)၏ တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား