မန္တလေးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်သူများကြောင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသည့် အရပ်သားပြည်သူများထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော် စက်တင်ဘာ  ၅    


မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်အတွင်း   ယနေ့နံနက်ပိုင်း တွင်     လုံခြုံရေးတပ်ဖွဲ့ဝင်များက ပတ်ကင်း/       လှည့်ကင်းများ ဆောင်ရွက်စဉ်      တရုတ်တန်း (၄)  ရပ်        ရွှေဂွမ်းထုပ်ရပ်ကွက်     တောင်သမန်       ကန်ပတ်လမ်း အရောက်တွင်          လမ်းဘေး၌   ရပ်တန့်ထားသည့်   Dream 110 အမျိုးအစား  မော်တော်ဆိုင်ကယ် အမှတ်၊ ၁ယ/ ---- မှ   ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ   ပေါက်ကွဲမှုကြောင့် ဦးပိန်တံတားဘက်မှ တောင်သမန် ကန်ပတ်လမ်း  ဆိုင်ကယ်များဖြင့် သွားလာနေသည့်  အပြစ်မဲ့ပြည်သူ များဖြစ်သော ဦးမင်းအောင် (၆၀ နှစ်) (ဘ)ဦးဘအုန်း၊  ဇော်မင်းထွေး၊ (၂၄ နှစ်) (ဘ)ဦးစိုးမြင့်၊ ငြိမ်းချမ်း ဦး (၁၈ နှစ်) (ဘ)ဦးနိုင်ဦး၊ မသီတာ နိုင် (၂၁ နှစ်) (ဘ) ဦးမြင့်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ  အသီးသီး ရရှိ ခဲ့သောကြောင့်   လုံခြုံရေးတပ်ဖွဲ့ ဝင်များက    ဒဏ်ရာရရှိသူများကို အမရပူရမြို့နယ်   ပြည်သူ့ဆေးရုံ သို့     ပို့ဆောင်၍   လိုအပ်သော    ဆေးဝါးကုသမှုများ     ခံယူစေ လျက်ရှိသည်။ 


အခင်းဖြစ်ပွားရာ  နေရာတွင် ပေါက်ကွဲသွားသည့်   ဆိုင်ကယ် အတွင်းမှ    Keypad    ဖုန်းအမျိုး အစား    အပိုင်းအစများနှင့်    ဖုန်း ဘက်ထရီ  Singtech  အမျိုးအစား တစ်ခုတို့ကို   စစ်ဆေးသိမ်းဆည်း ရမိသဖြင့်  ရီမုခ်မိုင်းအမျိုးအစား တစ်လုံးဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့်     ပြစ်မှုကျူးလွန်သူ များအား       အမြန်ဆုံးရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေး           ဆက်လက် ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်