ဘားအံ၊ မဟာအောင်မြေ၊ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၅ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော     ပူးပေါင်းအဖွဲ့သည်      စက်တင်ဘာ ၄ ရက် နံနက် ၇နာရီတွင် ဘားအံ မြို့နယ် အိန္ဒဲကျေးရွာအုပ်စု   ကော့ခ မိတ်ကျေးရွာရှိ   တင်လှိုင်ထူး(ခ)ပိလိကီး၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊  ထိုနေ့   မွန်းလွဲ  ၁  နာရီ  ၄၅  မိနစ် တွင် မဟာအောင်မြေမြို့နယ်  မဟာ မြိုင်ရပ်ကွက်(၁)  ၆၆ လမ်း  ၄၁ လမ်း နှင့် ၄၂ လမ်းကြား ပိတောက်လမ်းရှိ  တည်းခိုခန်းတွင်  တည်းခိုနေထိုင်သူ မြင့်ထွန်း၏  အခန်းသို့ သတင်းအရ   ဝင်ရောက်ရှာဖွေရာ   ၎င်းနှင့်အတူ အိုက်စ်  ၀ ဒသမ ၈၀၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀   တို့ကို      လည်းကောင်း(ယာပုံ)၊  အလားတူ   ယင်းနေ့    နံနက်  ၁၁  နာရီခွဲတွင် မူဆယ်မြို့  စွမ်စော်ရပ်ကွက်   အိမ် အမှတ် (ခဝ/ ၁၉၈)နေ  ဟုန်ကျင်ကျုံး ၏ နေအိမ်သို့ သတင်းအရ  ဝင်ရောက် ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကိုလည်းကောင်း   သိမ်းဆည်း ရမိခဲ့သည်။


ထို့အတူ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့မ ရဲစခန်းမှ   တပ်ဖွဲ့ဝင်များ   ပါဝင် သော ပူးပေါင်းအဖွဲ့သည်  လားရှိုး မြို့   အောင်သစ္စာရပ်ကွက်   တာပုံ လမ်းဆုံတွင် ဒိုင်ဇောင်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၆ ကီလို သိမ်းဆည်းရမိ ခဲ့သဖြင့်    ၎င်းတို့အား    မူးယစ် ဆေးဝါးနှင့်စိတ်ကို     ပြောင်းလဲ စေသော    ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။    

          
  ရဲပြန်ကြား