
နေပြည်တော် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်အတွင်း ယနေ့နံနက်ပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပတ်ကင်း/ လှည့်ကင်းများ ဆောင်ရွက်စဉ် တရုတ်တန်း (၄)ရပ်၊ ရွှေဂွမ်းထုပ်ရပ်ကွက် တောင်သမန် ကန်ပတ်လမ်း အရောက်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် Dream 110 အမျိုးအစား မော်တော်ဆိုင်ကယ် အမှတ်၊ ၁ယ/---- မှ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးပိန်တံတားဘက်မှ တောင်သမန် ကန်ပတ်လမ်း မော်တော်ဆိုင်ကယ် များဖြင့် သွားလာနေသည့် အပြစ်မဲ့ ပြည်သူများဖြစ်သော ဦးမင်းအောင် ၆၀ နှစ် (ဘ)ဦးဘအုန်း၊ ဇော်မင်းထွေး ၂၄ နှစ် (ဘ)ဦးစိုးမြင့်၊ ငြိမ်းချမ်းဦး ၁၈ နှစ် (ဘ)ဦးနိုင်ဦး၊ မသီတာနိုင် ၂၁ နှစ် (ဘ)ဦးမြင့်ဦးတို့တွင် ထိခိုက် ဒဏ်ရာများ အသီးသီးရရှိခဲ့သော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိသူများကို အမရပူရ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါး ကုသမှုများ ခံယူစေလျက်ရှိသည်။
အခင်းဖြစ်ပွားရာ နေရာတွင် ပေါက်ကွဲသွားသည့် ဆိုင်ကယ် အတွင်းမှ Keypad ဖုန်းအမျိုး အစား အပိုင်းအစများနှင့် ဖုန်း ဘက်ထရီ Singtech အမျိုးအစား တစ်ခုတို့ကို စစ်ဆေးသိမ်းဆည်း ရမိသဖြင့် ရီမုခ်မိုင်းအမျိုးအစား တစ်လုံးဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ များအား အမြန်ဆုံးရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
n