ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ  ကနေဒါတင်းနစ်မယ်ဖာနန်ဒက်ဇ်  ဂျာမနီတင်းနစ်မယ် ကာဘာကို နိုင်ပြီး ကွာတားတက်

 

ယူအက်စ်အိုးပင်း       တင်းနစ် ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက် ရှိရာတနင်္ဂနွေနေ့က  လူးဝစ်အမ်း စထရောင်း  အားကစားကွင်း၌  အမျိုးသမီးတစ်ဦးချင်း  ပြိုင်ပွဲ  ၁၆ ဦးအဆင့်တွင်  ကနေဒါတင်းနစ် မယ်ဖာနန်ဒက်ဇ်(ယာပုံ)က ၂၀၁၆ ယူအက်စ်အိုးပင်း      တင်းနစ် ချန်ပီယံ    ဂျာမနီတင်းနစ်မယ် ကာဘာကို ၄-၆၊ ၇-၆ (၇-၅)၊ ၆-၂ ဖြင့်   အနိုင်ယူပြီး   ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဖာနန်ဒက်ဇ်သည်   ယနေ့ ပွဲစဉ်တွင်    ခက်ခက်ခဲခဲယှဉ်ပြိုင် ကစားခဲ့ရပြီး         အနိုင်ရရှိ၍ ပျော်ရွှင်မိကြောင်း၊     တင်းနစ်ကို စတင်ကစားစဉ်    ကတည်းက ကြိုးစားကစားခဲ့ကြောင်း    ပြော ကြားသည်။ ၎င်းသည် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ပထမပွဲစဉ်တွင် ကွန်ဂျူကို  ၇-၆ (၇-၃)၊ ၆-၂၊ ဒုတိယပွဲစဉ်တွင် ကာနီပီကို
၇-၅၊ ၇-၅၊ တတိယပွဲစဉ်တွင်လည်း အိုဆာကာကို ၅-၇၊ ၇-၆ (၇-၂)၊ ၆-၄ဖြင့်အနိုင်ရရှိခဲ့သလို ၁၆ဦး အဆင့်တွင်လည်း၄-၆၊၇-၆(၇-၅)၊ ၆-၂ကို အနိုင်ရရှိကာ ကွာတား ဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။    ဖာနန်ဒက်ဇ်သည် လက်ရှိကမ္ဘာ့အဆင့်  သတ်မှတ် ချက် ၇၃ နေရာတွင် ရှိသူဖြစ်သည်။ အသက်  ၁၉ နှစ်အရွယ် ဖာနန် ဒက်ဇ်သည်   ၎င်း၏  ပထမဆုံး WTA   ဆုဖလားကို  ယခုနှစ် အစောပိုင်းတွင်   ရရှိထားသူဖြစ် သည်။ 
ဖာနန်ဒက်ဇ်သည် ကွာတား ဖိုင်နယ်တွင် ဆီဒင် ၅ သတ်မှတ်ခံ ထားရသည့်   ယူကရိန်းတင်းနစ် မယ် အယ်လီနာ စဗစ်တိုလီနာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ စဗစ်တိုလီနာသည် တတိယပွဲစဉ် တွင် ကာဆက်ကီနာကို၆-၄ ၆-၂၊ ၁၆ ဦး  အဆင့်တွင်  ဟာလက်ကို ၆-၃ ၆-၃ ဖြင့်     အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လာနိုင် ခြင်း ဖြစ်သည်။              အောင်ဇော်