
နေပြည်တော် စက်တင်ဘာ ၆
KNLA တပ်မဟာ (၅) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်မှု ကြောင့် ဖာပွန်ခရိုင် ပြည်သူ့ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိ သည့် အသက် ၇၈ နှစ်အရွယ် အဘွားအို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဖာပွန်မြို့တွင်း မြို့လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံ ရေး တပ်ဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၅)အဖွဲ့က ဆေးရုံ၏ အရှေ့မြောက်ဘက်မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ KNLA တပ်မဟာ(၅)အဖွဲ့သည် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှု ကြောင့် ဆေးရုံအိမ်သာနှင့် လူနာ ဆောင်နေရာများသို့ လက်နက် ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ရာ ဆေးရုံအဆောက် အအုံများ အနည်းငယ်ထိမှန် ပျက်စီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြင့် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် မဲသလွတ် ကျေးရွာနေ ဒေါ်ချစ်မေ အသက် (၇၈ နှစ်) တွင်လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်