KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ  ၆


KNLA တပ်မဟာ(၅)အဖွဲ့က   လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှု ကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက် ရှိသည့်  အသက်  ၇၈  နှစ်အရွယ်    အဘွားအို တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း   သိရ သည်။


ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဖာပွန်မြို့တွင်း မြို့လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီ ခွဲခန့်တွင် KNLA တပ်မဟာ(၅)အဖွဲ့က ဆေးရုံ ၏   အရှေ့မြောက်ဘက်မှ   လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များက  ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ    KNLA တပ်မဟာ(၅)အဖွဲ့သည်      အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊   KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့်ဆေးရုံ အိမ်သာနှင့်          လူနာဆောင်နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ရာ ဆေးရုံအဆောက်အအုံများ အနည်းငယ် ထိမှန်ပျက်စီးခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် မဲသလွတ်ကျေးရွာနေ ဒေါ်ချစ်မေ အသက် ၇၈ နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်