ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေစဉ်  အကြမ်းဖက်သမား နှစ်ဦးက လက်လုပ်ဗုံးဖြင့် နှောင့်ယှက်တိုက်ခိုက်


 

နေပြည်တော် စက်တင်ဘာ  ၇ 


နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   မြန်မာနိုင်ငံ အတွင်း      ကိုဗစ်-၁၉  ရောဂါ ကာကွယ်        ဟန့်တားနိုင်ရေး အတွက်      ကာကွယ်ဆေးများ ရရှိရေးနှင့်     ရောက်ရှိလာသော ကာကွယ်ဆေးများအား  ပြည်သူ လူထုထံ အမြန်ဆုံးရောက်ရှိထိုးနှံ နိုင်ရေး       အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ    NUG ၊  PDF အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့မှ   အခကြေးငွေပေးပြီး ခိုင်းစေခံရသူများက     အဆိုပါ ကာကွယ်ဆေး   ထိုးနှံနေသူများ ကို   နှောင့်ယှက်တိုက်ခိုက်ခြင်း၊ မိုင်းထောင်  ဗုံးခွဲခြင်းများ နေရာ အနှံ့ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၁ ခုနှစ်  စက်တင်ဘာ  ၆ ရက်   မွန်းလွဲ  ၂  နာရီခွဲခန့်တွင်  ပြည်မြို့နယ်     ရွာဘဲရပ်ကွက်ရှိ   သီရိခေတ္တရာ   ရတနာမြို့တော် ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံလျက်ရှိရာ  အမျိုး သားနှစ်ဦးမှ  ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး လက် လုပ်ဗုံး   နှစ်လုံးဖြင့်  ပစ်ပေါက် ထွက်ပြေးသွားခဲ့သည်။  လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လက်လုပ်ဗုံး ပစ်ပေါက်  ထွက်ပြေးသူများအား ဖမ်းဆီးရမိရေး     ဆောင်ရွက် ခဲ့ရာ    သတင်းဖော်ထုတ်ချက်အရ လက်လုပ်ဗုံးပြုလုပ်သူ   ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်နေ  ဇော်လင်းထက်    (၃၀ နှစ်) အား သွားရောက်ဖမ်းဆီးရာ     ၎င်းမှ လုံခြုံရေး   တပ်ဖွဲ့ဝင်များအား   ပြန်လည်     တိုက်ခိုက်ခဲ့သဖြင့်   တာဝန်သိ  ပြည်သူများနှင့်အတူ    ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ဆေးရာ    ဖောက်ခွဲဖျက်ဆီး ရာတွင်   အသုံးပြုသည့် ကန့်မှုန့်၊   ယမ်းမှုန့်များ၊  ဒီတိုနေတာ အခု ၅၀ ၊   ဘောစေ့   ၆၅   လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်လင်း ထက်၏      ထွက်ဆိုချက်အရ ပြည်မြို့   ကျောင်းကြီးအိုးတန်း ရပ်ကွက်နေ မျိုးမင်းထက် ၁၉ နှစ်၊ ရန်ပိုင်ဖြိုး ၁၉ နှစ်၊ ဝေယံကိုကို၊ ပြည့်စုံအောင်တို့နှင့်အတူ လက် လုပ်ဗုံးပြုလုပ်ခဲ့ကြောင်း   သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မျိုးမင်း ထက်နှင့် ရန်ပိုင်ဖြိုးတို့ နှစ်ဦးအား ၎င်းတို့၏    နေအိမ်အသီးသီး၌ လည်းကောင်း၊ ဇော်လင်းထက်၏ ဇနီးဖြစ်သူအား ၎င်း၏နေအိမ်တွင် လက်လုပ်မိုင်းများဖြင့်   လည်း ကောင်း    ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေး   လွတ်မြောက်သွားသူ  နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိ ရေး  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်လုပ်မိုင်း   ပေါက်ကွဲမှု ကြောင့်    ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး   ထိုးနှံနေသည့် နေရာရှိ  လူနှင့် အဆောက်အအုံ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း နှင့်  NUG ၊  CRPH နှင့် PDF အကြမ်းဖက်အုပ်စုများအနေဖြင့် ပြည်သူလူထု  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး      ထိုးနှံနေစဉ် နှောင့်ယှက်တိုက်ခိုက်ခြင်း၊  မိုင်း ထောင်ဗုံးခွဲခြင်း   စုစုပေါင်း ၁၉ ကြိမ်အထိ လူမဆန်စွာ ကျူးလွန် ခဲ့ပြီးဖြစ်သည်။
အဆိုပါ      ပြည်သူလူထု၏ အသက်အိုးအိမ်နှင့်    ကာကွယ် ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှု ကို  ပစ်မှတ်ထား၍  အကြမ်းဖက် ဗုံးဖောက်ခွဲသူများအား ဖမ်းဆီးရမိ ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက   အပူတပြင်း     ရှာဖွေဖော်ထုတ် လျက်ရှိကြောင်းနှင့်   ပြည်သူများ အနေဖြင့်လည်း    မသင်္ကာဖွယ် အကြမ်းဖက်သမား၏    သတင်း ရရှိပါက   အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာသို့   သတင်းပေးပို့ ကူညီကြပါရန်    မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်း သတင်းရရှိ သည်။             
           သတင်းစဉ်