အင်းစိန်မြို့ပတ်ရထားပေါ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များ

 

နေပြည်တော်   စက်တင်ဘာ   ၈


ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသော ရဲတပ်ဖွဲ့ဝင်ခြောက်ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ လက်နက်လေးလက်နှင့်ခဲယမ်းအချို့ကို  ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူငါးဦးအား ဖမ်းဆီးရမိခဲ့သည့်  သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။


နောက်ကွယ်မှ ကူညီထောက်ပံ့


၎င်းဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်များအရ   ၎င်းအကြမ်းဖက် အဖွဲ့မှ   နေလင်းထိုက်နှင့်  ကျော်ဝင်းစိုး တို့သည်  ဩဂုတ် ၈ ရက်နှင့် ၁၀ ရက် နေ့များတွင်   မလွှကုန်းဘူတာမှ    မြို့ပတ် ရထားအား   စီးနင်းလိုက်ပါ၍   ကြိုတင် လေ့လာမှုများ   ဆောင်ရွက်ခဲ့ကြောင်း၊   ဩဂုတ်  ၁၃ ရက်တွင်     ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်   (၃၁)  ရပ်ကွက်  ဇေယျာဒီပ(၁)လမ်း   အိမ်အမှတ်(၁၅၀)တွင်    နေလင်းထိုက်မှ   ဦးဆောင်၍   ရထားလုံခြုံရေး    ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်လုပ်ကြံရန်  အစီအစဉ်များ  ရေးဆွဲ ခဲ့ပြီး     အဖွဲ့ခေါင်းဆောင်အဖြစ်   ဇော်ဂျီမှ လည်းကောင်း၊  မြေပုံရေးဆွဲနည်းပညာ အဖွဲ့တွင်  ဇေယျာဖြိုးနှင့် ဒေါ်မြင့်(ခ)ပိစိ တို့မှ  လည်းကောင်း၊    စောင့်ကြည့်ရေး အဖွဲ့တွင် ဆန်းမင်းအောင်၊ ကျော်ဝင်းစိုး၊  ကိုရှိုင်းတို့   သုံးဦးမှ    လည်းကောင်း၊ မီးရထားစက်ခေါင်းမောင်း  ထိန်းချုပ် ရေးအဖွဲ့တွင်      နန္ဒ(ခ) ဂျာကြီး၊    ကိုမင်း၊ နှုတ်ခမ်းမွှေးတို့မှ  လည်းကောင်း၊ ပစ်ခတ် သတ်ဖြတ်ရေးအဖွဲ့တွင် နေလင်းထိုက်၊   ကိုဇော်၊     ရှမ်းလေး၊    အောင်ကြီး၊ ကျော်လေး၊      ကောင်းပြည့်စုံဦးတို့မှ  လည်းကောင်း၊       ယာဉ်မောင်းနှင်      ပို့ဆောင်သူများအဖွဲ့တွင် ကျော်ကျော်မင်း (ခ)  ကျားလေး၊   နငယ်၊   ပိုးဥတို့မှ လည်းကောင်း    အသီးသီးဆောင်ရွက် ရန်   တာဝန်ခွဲဝေခဲ့ပြီး   မြတ်ဖြိုးပွင့်နှင့်   ပုချေတို့မှ     နောက်ကွယ်မှ     ကူညီ ထောက်ပံ့ရန်  ဖွဲ့စည်းခဲ့ကြောင်း    သိရှိရ သည်။
အသီးသီး ထွက်ခွာ
ဩဂုတ် ၁၄ ရက်တွင်  စောင့်ကြည့် ရေးအဖွဲ့များမှ ရန်ကုန်မြို့ပတ်ရထားအား မလွှကုန်းဘူတာမှ  စတင်၍   ကိုရှိုင်းသည်   အတွဲအမှတ်(၄)၌     လည်းကောင်း၊ ကျော်ဝင်းစိုးသည်    အတွဲအမှတ်(၂)မှ လည်းကောင်း၊   ဆန်းမင်းအောင်သည် အတွဲအမှတ်(၃)မှ လည်းကောင်း လိုက်ပါ စီးနင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါ လာသည့် အတွဲအမှတ်(၄)၏ အခြေအနေ အား       ကြိုတင်လေ့လာခဲ့ကြောင်း၊ ထို့နောက်  ဘုရားလမ်းဘူတာတွင် ၎င်း အဖွဲ့ဝင်များဆင်း၍   ပစ်ခတ်သတ်ဖြတ် မည့် အဖွဲ့ဝင်များဖြစ်သော ကောင်းပြည့်စုံ ဦး၊ ကျော်လေး၊ ဇော်ဂျီ နှင့် အောင်ကြီးတို့မှ မြို့ပတ်ရထားပေါ်သို့       တက်ရောက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ  လိုက်ပါလာသော အတွဲအမှတ် (၄) တွင်       ဖြန့်ခွဲနေရာ ယူခဲ့ကြောင်း၊       ပြည်လမ်းဘူတာတွင် နေလင်းထိုက်နှင့်    ရှမ်းလေးတို့   ထပ်မံ တက်ရောက်၍       စောင့်ဆိုင်းခဲ့ကြောင်း၊ ရှမ်းလမ်းဘူတာတွင်   ရထားမောင်းနှင် သူအား ထိန်းချုပ်မည့်အဖွဲ့မှ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေးတို့သုံးဦး  တက်ရောက်ခဲ့ပြီး ရထားစက်ခေါင်းမောင်းအား  သေနတ်ဖြင့် ခြိမ်းခြောက်၍      ထိန်းချုပ်ခဲ့ကြောင်း၊ အလုံဘူတာနှင့် ပန်းလှိုင်ဘူတာကြားတွင် ပစ်ခတ်သတ်ဖြတ်ရေးအဖွဲ့မှ     လုံခြုံရေး တပ်ဖွဲ့ဝင်များကို   ပစ်ခတ်၍   ၎င်းတို့ထံမှ သေနတ်လေးလက်ကို       ယူဆောင်ခဲ့ ကြောင်း၊ ထို့နောက်  ပန်းလှိုင်ဘူတာနှင့် အလုံဘူတာကြား၊   ရှင်စောပုလမ်းနှင့် ရထားလမ်းဆုံနေရာတွင်   ရထားအရှိန် လျှော့ချမောင်းနှင်ချိန်တွင်    ဆင်း၍ ကောင်းပြည့်စုံဦး၊    နေလင်းထိုက်နှင့် ရှမ်းလေးတို့သည် ရှင်စောပုလမ်း၌ အသင့် စောင့်ဆိုင်းနေသည့် ပိုးဥ မောင်းနှင်သော ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေး၊ ဇော်ဂျီ၊ အောင်ကြီး နှင့် ကျော်လေးတို့ ခြောက်ဦးသည် ဦးလူနီ လမ်းတွင်          စောင့်ဆိုင်းနေသော ကျော်ကျော်မင်း မောင်းနှင်သည့် Filder ယာဉ်၊   ဝင်းထွဋ် မောင်းနှင်သော AD Van ယာဉ်များဖြင့်လည်းကောင်း   အသီးသီး ထွက်ခွာခဲ့ကြောင်း သိရှိရသည်။


သွားရောက် ယူဆောင်


ဖြစ်စဉ်တွင်   ရရှိခဲ့သည့် သေနတ် လေးလက်အား         နေလင်းထိုက်မှ တိုက်ချွတ်   ဆေးကြောနိုင်ရန်အတွက် မောင်ကျော်(ခ)ဖြိုးဇေယျာသော် (NLD ပါတီ၊ ၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိလွှတ်တော် ကိုယ်စားလှယ်ဟောင်း)ထံတွင် အပ်နှံခဲ့ ကြောင်း၊ စက်တင်ဘာ ၁ ရက်တွင် ဂီတာ အိတ်နှစ်လုံးအတွင်း    ထည့်ထားသည့် လက်နက်/ ခဲယမ်းများအား ဖြိုးဇေယျာ သော်မှ    စေလွှတ်လိုက်သော   မွတ်စလင် လူမျိုး (အမည်မသိ)ထံမှ တာမွေမြို့နယ်၊ နန္ဒဂုဏ်ရည်လမ်း၌  ဆန်းမင်းအောင်နှင့် နငယ်တို့မှ ကမ်မရီယာဉ်ဖြင့် သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် သုဝဏ္ဏ မြို့နယ်၊ ကမာကြည်လမ်းမတစ်နေရာတွင် ဇေယျာဖြိုး၊   မြတ်ဖြိုးပွင့်တို့နှင့်   ချိန်းဆို 
စာမျက်နှာ ၂၄ သို့

 

စာမျက်နှာ  ၂၃ မှ
တွေ့ဆုံခဲ့ပြီး            မြတ်ဖြိုးပွင့် မောင်းနှင်လာသော   ဟွန်ဒါစီဗစ်ကားအား နငယ်နှင့် အတူထားခဲ့ကြောင်း၊ ထို့နောက် ကင်မရီကားဖြင့်   လက်နက်/ခဲယမ်းများ ထည့်ထားသည့် ဂီတာအိတ်နှစ်လုံးအား ရန်ကုန်သစ် ရပ်ကွက်ရှိ   မြတ်ဖြိုးပွင့်နေအိမ်သို့     ပို့ဆောင်ခဲ့ ကြောင်း၊   လုံခြုံရေးတပ်ဖွဲ့ဝင်များအား    လုပ်ကြံ သတ်ဖြတ်ခြင်း၊ လက်နက်/ ခဲယမ်းများ   ယူဆောင် နိုင်ခဲ့ခြင်းတို့ကြောင့်    အောင်ပွဲခံသည့်အနေဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ  Golden   Park  တွင်   ညစာစားပွဲအား ပြုလုပ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ် မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သော   ကျော်ကျော်မင်း၊ နေလင်း ထိုက်၊  ပုချေတို့မှာ  KNLA တပ်မဟာ(၃)နယ်မြေသို့  ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။


ဝန်ခံထွက်ဆိုချက်များ


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိထား သည့် တရားခံများအနက်   ကောင်းပြည့်စုံဦးနှင့်   ဇေယျာဖြိုးတို့၏ ဝန်ခံထွက်ဆိုချက်များအား    ယခု ကဲ့သို့ သိရှိရသည်။


­­ကျွန်တော့်နာမည်က   ကောင်းပြည့်စုံဦး(ခေါ်) စိန်စိန်(ခေါ်)ခေါင်းဖြူဖြစ်ပါတယ်။   မှတ်ပုံတင် နံပါတ်ကတော့ ၁၂/မရက(နိုင်)၁၅၄၅၆၃ ဖြစ်ပါတယ်။ နေရပ်လိပ်စာကတော့ ၈၇(က)   သူရဿတီလမ်း ၈ရပ်ကွက် မရမ်းကုန်းမြို့နယ်   ရန်ကုန်တိုင်းက ဖြစ်ပါတယ်။  ကျွန်တော်က ၂၀၁၆ ခုနှစ်မှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး၏ လဝက ဝန်ကြီးဟောင်းဖြစ်တဲ့   ဒေါ်မိုးမိုးစုကြည်ရဲ့ ခင်ပွန်း ချိတ်ဆက်ပေးမှုနဲ့အတူ Royal Apple နဲ့New Asia World  တို့ကနေ  တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ မလေးရှားနိုင်ငံ မေရီသို့သွားပြီး   မူလီရာအဘာရီ ကွန်တိန်နာသင်္ဘောမှာ ခုနစ်လကျော်  ရှစ်လခန့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။  ကျွန်တော် ရန်ကုန် ရောက်ပြီး Quarantine  ထွက်တော့   ရန်ကုန်မှာ ရှိတဲ့ ဆန္ဒပြပွဲတွေမှာ     ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ကျွန်တော်ဆန္ဒပြဖူးတဲ့       နေရာတွေကတော့ ကျောက်မြောင်းကျားကွက်သစ်ရယ်၊   ပဒုံမာလမ်း ရယ်၊  စမ်းချောင်းကျွန်းတောလမ်းတို့ရယ်   ဖြစ်ပါ တယ်။  အဲဒီမှာ ဆန္ဒပြနေရင်းနဲ့ ကျွန်တော်နဲ့ အရင် ကတည်းက  လူမှုကွန်ရက်ကနေ   သိကျွမ်းခဲ့တဲ့ မမြတ်ဖြိုးပွင့်(ခေါ်)  ဂျိုကာနဲ့   ချိတ်ဆက်မိပြီး ကျွန်တော်တို့ဆန္ဒပြပွဲတွေမှာ အတူတူရှိခဲ့ပါတယ်။ အဲဒီနေရာတွေမှာတစ်ဆင့်    မမြတ်ဖြိုးပွင့်(ခေါ်) ဂျိုကာ ရဲ့ အချိတ်အဆက်နဲ့ ကိုနေလင်းထိုက်ကို စတင်သိကျွမ်းခဲ့ပါတယ်။ ကိုနေလင်းထိုက်နဲ့ signal application  ကနေပြီး စကားပြောရင်း ကျွန်တော် တို့ စစ်သင်တန်းသွားရောက်ဖို့ကို တိုင်ပင်ခဲ့ပါတယ်။


ကျွန်တော်တို့ signal ကနေပြောပြီး  ၂၁  ရက်နေ့ ည ၇ နာရီလောက်မှာ Golden Park  မှာ ချိန်းပါတယ်။ စစ်သင်တန်းသွားတက်မယ့်     အစည်းအဝေးလုပ် ပါတယ်။ 


၂၂ ရက်နေ့ မနက် ၅ နာရီမှာ ပဲခူးကို စထွက် ပါတယ်။ ညနေ   ၅   နာရီဝန်းကျင်လောက် ရောက်ပါ တယ်။ KNU ရဲ့   ဗိုလ်ကြီးအဆင့်ရှိတဲ့    ဂျိုးက လာကြိုပါတယ်။ နောက်နေ့မနက်မှာ KNUတပ်မဟာ (၃) တပ်ရင်း (၉) ရဲ့  သင်ကြားရေးတွေထဲက  စခန်း တစ်ပေါ်မှာ ကျွန်တော်တို့ကို သေနတ်အဖြုတ်အတပ် 
စသင်ပါတယ်။ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဂျိုးရယ်၊ ဗိုလ်ကြီး အဆင့်ရှိတဲ့ ဆေးရယ်၊ ဝှာရှီးတို့ရယ်က ကျွန်တော် တို့ကို M 16 သေနတ်ကို အဖြုတ်အတပ်လုပ်နည်း ကိုင်နည်း သင်ပေးပါတယ်။ ကျွန်တော်တို့ သင်တန်း တက်ပြီး ပြန်မယ်ဆိုတဲ့အချိန်မှာ တပ်မဟာ (၃)  ရဲ့ အနား‌လောက်မှာ      တိုက်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကို  မပြန်ခိုင်းပါဘူး။   ကျွန်တော်တို့ အဲဒီမှာ တစ်လခွဲလောက် ကြာပြီးတော့မှ ၅ လပိုင်း လဆန်းပိုင်း လေးငါးရက်လောက်မှ ကျွန်တော်တို့
ရန်ကုန်ပြန်ရောက်ပါတယ်။ ကျွန်တော်တို့ တစ်လခွဲ လောက်  ကြာသွားတယ်။ ပြန်လာတယ်  ပြီးတော့ ကျွန်တော်ရယ်၊   ကိုရှမ်းကိုရယ်၊    ကိုဇော်ဂျီရယ် သုံးယောက်ကို  ကိုနေလင်းထိုက်က    နေစရာအိမ် စီစဉ်ပေးတယ်။ အဲဒီအိမ်က မြောက်ဒဂုံ (၃၁)ရပ်ကွက် ဇေယျာဒီပ  ၁  လမ်း   အိမ်နံပါတ်   ၁၅၀ နှစ်ထပ် ပျဉ်ထောင်အိမ်လေးမှာ ကျွန်တော်တို့နေပါတယ်။ 


လုပ်ကြံမယ့်ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးလုပ်


အဲ့ဒီအိမ်မှာ ကျွန်တော်တို့ တစ်လခွဲနှစ်လလောက် နေပြီးတော့   ကျွန်တော်ကတော့    တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်   မာလာနွယ်လမ်းနဲ့  ဒဂုံနွယ် လမ်းထောင့်  တိုက်  ၇  အခန်း ၃၀၂ မှာ  ကျွန်တော် နေခဲ့ပါတယ်။  အဲဒီတိုက်ခန်းမှာပဲ  ကျွန်တော် ၉ လ ပိုင်း၊ ၃ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရ ပါတယ်။ ကျွန်တော်သိသလောက် ကိုနေလင်းထိုက်က တော့ NGO လား၊  နိုင်ငံခြားကုမ္ပဏီတစ်ခုခုမှာလား မသိဘူး  အလုပ်လုပ်ပါတယ်။ ကိုနေလင်းထိုက်က ကျွန်တော်တို့ မီးရထားလုံခြုံရေးရဲတွေကို လုပ်ကြံဖို့ ဆိုပြီးတော့ သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့လောက်စီ ရထားပေါ်လိုက်စီးပါတယ်။ လိုက်စီးရင်း နဲ့မှ လုံခြုံရေးရဲတွေရဲ့အခြေအနေကို   လေ့လာပါ တယ်။ လေ့လာပြီးတော့ ကျွန်တော်တို့   သတင်း ပြန်ပို့ရပါတယ်။ သတင်းပြန်ပို့ပြီးတဲ့နောက် ၈ လပိုင်း ၂၀  ရက်နေ့လောက်မှာ ကျွန်တော်တို့  မြောက်ဒဂုံ အိမ်မှာ လုပ်ကြံမယ့်ကိစ္စနှင့်      ပတ်သက်ပြီးတော့ အစည်းအဝေးတစ်ခုလုပ်တယ်။ အဲဒီအစည်းအဝေး ပွဲမှာတော့ ကျွန်တော်ရယ်၊   ကိုနေလင်းထိုက်ရယ်၊ ကိုရှမ်းကိုရယ်၊  အောင်ကြီးရယ်၊  ကျော်လေးရယ်၊ အောင်ရဲ(ခေါ်) ပိုးဥရယ်၊ ဇေယျာဖြိုးရယ်၊ မပိစိ(ခေါ်)အသေးလေးရယ်၊ ဆန်းမင်းအောင် (ခေါ်) နေမင်းရယ်၊ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကျော်ကြီး(ခေါ်) ကျော်ဝင်းစိုး ရယ်၊ ကိုရှိုင်းရယ်၊ ကိုဝန(ခေါ်) ကိုနငယ်တို့ပါတယ်။ ဒါကတော့ ကျွန်တော်မှတ်မိသလောက် ဖြစ်ပါတယ်။ လူအရေအတွက်ကတော့ အဲဒီအစည်းအဝေးပွဲမှာ ၁၅‌ ယောက်ကနေ   ၂၀   ဝန်းကျင်လောက်ရှိတယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ  ကျွန်တော်တို့က ဒီ ၈ လပိုင်း ၁၄ ရက်နေ့မှာ ရထားလုံခြုံရေးရဲဝန်ထမ်း တွေကို လုပ်ကြံဖို့စီစဉ်ပါတယ်။ အဲဒီ ၁၄ ရက်နေ့မှာပဲ ဆန်းမင်းအောင်(ခေါ်)နေမင်း၊ ကိုကျော်ကြီး၊ ကိုရှိုင်း တို့က   မလွှကုန်းဘူတာကနေ    ရထားလုံခြုံရေး ရဲဝန်ထမ်းတွေရဲ့ အခြေအနေတွေကို  စောင့်ကြည့်ဖို့ အတွက်      ရထားလိုက်စီးပါတယ်။    လိုက်စီးတဲ့ အချိန်မှာပဲ  သူတို့ရဲ့အခြေအနေတွေ    ဘာတွေကို ကျွန်တော်တို့ကို   ဖုန်းကနေတစ်ဆင့်   မက်ဆေ့ဂျ် ပို့ပါတယ်။ 
အဲဒီနောက်မှာတော့ ကျွန်တော်ရယ်၊ ကိုကျော်လေး ရယ်၊ အောင်ကြီးရယ်၊ ကိုဇော်ကြီးရယ်က   ဘုရား လမ်း ဘူတာကနေတက်ပါတယ်။ ဘုရားလမ်းဘူတာ မှာပဲ ပထမက လေ့လာစောင့်ကြည့်တဲ့ ကိုရှိုင်းတို့ အဖွဲ့က ဆင်းသွားခဲ့ပါတယ်။  ကျွန်တော်တို့     ဘုရား လမ်းကတက်တဲ့   လေးယောက်ကတော့  ရထား နောက်ဆုံးအတွဲမှာ   အဆင်သင့်နေရာ   ထိုင်ပြီး စောင့်နေပါတယ်။   အဲဒီကနေ   ရထားထွက်ပြီးတော့ ပြည်လမ်းဘူတာမှာ ကိုနေလင်းထိုက်နဲ့ ကိုရှမ်းလေး (ခေါ်) ကိုရှမ်းကိုက တက်လာပါတယ်။     သူတို့ နှစ်ယောက်ကလည်း နောက်ဆုံးအတွဲမှာပဲ လာထိုင် ပါတယ်။   အဲဒီကနေပြီးတော့မှ  ရှမ်းလမ်းဘူတာရောက် တော့ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကိုမင်းရယ်၊  ကိုနှုတ်ခမ်းမွှေး ရယ် သုံးယောက်စလုံးက   ရထားမောင်းတဲ့သူကို ထိန်းဖို့အတွက် ရထားစက်ခေါင်းပေါ်မှာ နေရာယူ ပါတယ်။ ဂျာကြီး(ခေါ်)နန္ဒတို့  အဖွဲ့သုံးယောက်က ရှမ်းလမ်းဘူတာကနေ   မီးရထားစက်ခေါင်းတွဲကို တက်တယ်။ အဲဒီအချိန်မှာပဲ  သူတို့က   မီးရထား စက်ခေါင်းမောင်းကို ထိန်းချုပ်ဖို့ အဆင်သင့်ဖြစ်နေ သလို   ကျွန်တော်တို့ နောက်ဆုံးတွဲ   လေးတွဲမြောက် က လုပ်ကြံမယ့် ခြောက်ယောက်လုံးကလည်း အဆင် သင့် ဖြစ်နေပါပြီ။    အလုံလမ်းဘူတာကိုရောက်တဲ့ အခါ ခဏလောက်ရပ်ပြီး မီးရထားဘီး စလှိမ့်တာနဲ့   ကျွန်တော်တို့တိုင်ပင်ထားတဲ့အတိုင်း နှစ်ထောင့်တစ်၊ နှစ်ထောင့်နှစ်၊  နှစ်ထောင့်သုံး၊     နှစ်ထောင့်လေး ဆိုပြီးတော့ ကျွန်တော်တို့က နှစ်ထောင့်တစ်ဆယ် အထိ  ဆယ်စက္ကန့်စာ တိုင်ပင်နဲ့ရေပါတယ်။နှစ်ထောင့် တစ်ဆယ်မှာပဲ    ကျွန်တော်တို့က    ရထားရဲတွေကို လုပ်ကြံပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။    အဲဒီနေရာမှာ ကိုကျော်လေးရယ်၊ ကိုနေလင်းထိုက်ရယ်၊ ကျွန်တော် ရယ်က  မတ်တတ်ရပ်အနေအထားနဲ့  ပစ်ပြီးတော့ ကိုဇော်ဂျီရယ်၊ ကိုရှမ်းလေးရယ်၊ အောင်ကြီးရယ်က ထိုင်လျက်အနေအထားနဲ့ ပစ်ပါတယ်။ ကျွန်တော် ရယ်၊ ကိုနေလင်းထိုက်ရယ်၊     ကိုရှမ်းကိုရယ်က   ကိုဇော်ဂျီဆီကို    သေနတ်တွေအပ်ပြီးတော့ မီးရထား မရပ်ခင်မှာပဲ  ကျွန်တော်တို့ ရှင်စောပုလမ်းကို ရထား ပေါ်ကနေပေါင်းပြီး ထွက်ပြေးသွားပါတယ်။ ရထား မရပ်ခင်မှာ   ခုန်ချထွက်ပြေးတဲ့    ကျွန်တော်ရယ်၊ ကိုနေလင်းထိုက်ရယ်၊ ကိုရှမ်းလေးရယ်က   ရှင်စောပု လမ်းထဲမှာရှိတဲ့  အသင့်စောင့်နေတဲ့ ကိုအောင်ရဲ(ခေါ်)ကိုပိုးဥ မောင်းနှင်တဲ့ Honda Civic ခဲရောင် 7H/9256   ကားပေါ်ကို လိုက်ပါစီးနင်းခဲ့ပါတယ်။    အဲဒီကားက   စမ်းချောင်းမင်းလမ်းထဲကို     မောင်းသွားတယ်။   မောင်းသွားပြီးတော့ ကျွန်တော်ရယ်၊ ကိုနေလင်းထိုက် ရယ်၊ ကိုရှမ်းလေးရယ်က အဲဒီမှာပဲ  ဆင်းပါတယ်။ ဗဟိုလမ်းပေါ် ပြန်တက်ပြီးတော့   ကိုယ့်နေရာကို  အသီးသီး Taxi ငှားပြီးတော့ ပြန်ခဲ့ပါတယ်။


 ကျွန်တော်တို့   ဆင်းသွားပြီးတဲ့နောက်မှာ ရထားပေါ်မှာကျန်ခဲ့တဲ့ ကိုဇော်ဂျီ ရယ်၊  ကျော်လေး ရယ်၊ အောင်ကြီးရယ်က ကျွန်တော်တို့ ဆင်းသွားတဲ့ သုံးယောက်ရဲ့   ပစ္စတိုတွေကော၊ ရထားရဲတွေရဲ့ သေနတ်လေးလက်ကိုပါ   ဆာလာအိတ်နဲ့ထည့်ပြီး ဆင်းပါတယ်။      အဲဒီအချိန်မှာပဲ မီးရထားခေါင်းခန်းမှာ ရထားရပ်ဖို့ထိန်းချုပ်ထားတဲ့ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကိုနှုတ်ခမ်းမွှေးရယ်၊ ကိုမင်းရယ်ကလည်း   ဆင်းပါ တယ်။ ဆင်းပြီးတော့  ဦးလူနီလမ်းထဲမှာ    အသင့် စောင့်နေတဲ့   ကိုကျော်ကျော်မင်း (ခေါ်) ကျားလေး ရယ်၊ ကိုဝင်းထွဋ်ရယ် မောင်းတဲ့ Taxi နှစ်စီးပေါ်ကို   သေနတ်တွေ   အကုန်တင်ပြီးတော့    ထွက်ပြေးသွား ပါတယ်။ ကျွန်တော်တို့လုပ်ကြံတဲ့    အစီအစဉ်မှာ   ကိုဇေယျာဖြိုးရယ်၊     မပိစိရယ်က  ကျွန်တော်တို့ ဖုန်းတွေထဲကို GPS ထည့်ပေးတယ်၊   အွန်လိုင်းဖွင့် ထားရင်  အဲဒီ GPS က ကျွန်တော်တို့    ဖုန်းတွေ  ဘယ်နေရာမှာ ဘာဖြစ်နေလဲဆိုတာကို ကွန်ပျူတာက နေ ထိုင်ကြည့်နေပါတယ်။    အကယ်၍    တစ်ယောက် ယောက်ကများ  အဖမ်းခံရတာတို့ တစ်ခုခုဖြစ်တာ တို့ဆိုရင် Location က Laptop မှာ  ပေါ်ပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖုန်းတွေ အကုန်လုံးကို Cutout လုပ်ပြီး ဖြတ်ချဖို့ နည်းပညာပိုင်းကို ကိုဇေယျာဖြိုးနဲ့ မပိစိက တာဝန်ယူခဲ့ပါတယ်။ 


မီးရှို့ဖျက်ဆီးရမယ်လို့ 
တာဝန်ပေးခံရ


အဲဒီကိစ္စတွေပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့ ဝင်တွေအားလုံးက မတွေ့ဖြစ်တော့ပါဘူး။ Tele-gram   နဲ့ Zoom Meeting တို့ကပဲ  စကားပြောဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ ကိုနေလင်းထိုက်က Taxi သမားနှစ်ယောက်ဖြစ်တဲ့  ကိုကျော်ကျော်လေး (ခေါ်)ကျားလေးရယ်၊  ကိုဝင်းထွဋ်ရယ်၊ ကိုကျော်ကျော်လေး (ခေါ်) ကျားလေးရဲ့ ဇနီးရယ်ကို KNU တပ်မဟာ ၃ ကို သွားပြီးပို့ဆောင်တယ်လို့    ကျွန်တော်တို့ကို
ပြောပါတယ်။ အဲဒီနောက် ၉ လပိုင်း ၁ ရက်နေ့လောက် မှာ Telegram နဲ့ Zoom Meeting တို့ကနေ meeting ပြန်လုပ်ပါတယ်။   အဲဒီမှာ   ဘာပြောလဲဆိုတော့ ရန်ကုန်မြို့ CCTV Control Box တွေကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ကို ခိုင်းပါတယ်။ အဲဒီနေရာတွေကတော့ တာမွေ Ocean ရှေ့ မော်တော်ပီကယ်ရုံးနောက်က Control Box ရယ်၊ ပြည်လမ်း ရှစ်မိုင်လမ်းဆုံရယ်၊


ပြည်လမ်း အေဒီပွိုင့်တွေက Control Box တွေရယ်ကို စောင့်ကြည့်ဖို့တာဝန်ပေးပါတယ်။ ကျွန်တော် တာဝန် ကျတဲ့နေရာကတော့ တာမွေ Ocean ရှေ့ မော်တော် ပီကယ်ရုံးနောက်က CCTV Control Box   တွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေကိုတော့ ၉ လပိုင်း ၆ရက် နေ့လောက်မှာ   မီးရှို့ဖျက်ဆီးရမယ်လို့ ကျွန်တော် တို့ကို တာဝန်ပေးခြင်းခံရပါတယ်။ အဲနောက်ပိုင်း မှာတော့ ၉ လပိုင်း ၃ ရက်နေ့ မနက် ၅   နာရီလောက် မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့   ဖမ်းဆီးခြင်းကိုခံ
ရပါတယ်။  ဖမ်းဆီးခံရတုန်းက   တာမွေနေအိမ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်တွေရယ်၊ စားသောက် စရိတ်တွေရယ်ကို မမြတ်ဖြိုးပွင့်(ခေါ်) မဂျိုကာစီက နေထောက်ပံ့ငွေရပါတယ်။ ၁၄  ရက်နေ့က ရထားရဲ‌ တွေလုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး     ကိုဂျိမ်းဆိုတဲ့ လူတစ်ဦးစီကနေ ချီးမြှင့်ငွေ    ပိုက်ဆံငါးသိန်းကို ကိုပိုးဥထံ KBZ pay နဲ့ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ ၁၄ ရက်နေ့ကိစ္စနဲ့ပတ်သက်ပြီး  မြောက်ဒဂုံ Golden Park မှာလည်း အောင်ပွဲခံခဲ့တယ်လို့လည်း သိရပါ တယ်။


ဇေယျာဖြိုး


နာမည်က   ဇေယျာဖြိုး(ခ)တရုတ်လေးပါ။ မှတ်ပုံတင်နံပါတ်က ၁၂/ကမတ(နိုင်)၀၇၆၀၀၅၊  မွေးသက္ကရာဇ်က ၂၆ ရက် ၁၂ လ ၁၉၈၉၊ နေရပ် လိပ်စာက   အမှတ်(၆၈)   ၇လွှာ(B)၊   ဈေးကြီး ရပ်ကွက်၊     ကြည့်မြင်တိုင်။   အလုပ်အကိုင်က ကမ္ဘောဇဘဏ်မှာ  IT ပိုင်းကို  လုပ်ကိုင်ပါတယ်။ ကျွန်တော် ၂ လပိုင်း ၇ ရက်နေ့၊ ၈ ရက်နေ့က စပြီးတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြ ခဲ့တဲ့နေရာတွေကတော့ မြေနီကုန်း၊ လှည်းတန်း၊ အလုံ၊    ဆူးလေတစ်ဝိုက်မှာ    ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြနေရင်း ကျွန်တော့်ကောင်မလေးမြတ်ဖြိုးပွင့် (ခ)ဂျိုကာနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပြီးတော့ Eagle 22 အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ Eagle 22 အဖွဲ့ မှာ  အဖျက်အမှောင့်လုပ်ငန်းတွေကို လုပ်ဆောင် ဖို့အတွက်   ကျွန်တော်က   GPS နည်းပညာနဲ့ Location ကြည့်ပေးပြီး အဲဒီနေရာတွေရဲ့ အဝင်/အထွက်   လမ်းကြောင်းတွေကို   ကြည့်ပေးခဲ့ရ ပါတယ်။ ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာအပိုင်း ကိုလည်း အကူအညီပေးခဲ့ပါတယ်။ Online ကနေ ရရှိတဲ့    ပိုက်ဆံတွေကို     ကျွန်တော်ကငွေသား အဖြစ် လဲလှယ်ပေးခဲ့ပါတယ်။ ကျွန်တော့်ရည်းစား မြတ်ဖြိုးပွင့်(ခ)ဂျိုကာနဲ့အတူ   KNU တပ်မဟာ (၃)၊   တပ်ရင်း(၉)နယ်မြေမှာ  သင်တန်း သုံးရက် တက်ရောက်ခဲ့ပါတယ်။      သင်တန်းတက်ပြီး ပြန်ရောက်တော့ ရန်ကုန်က ကျွန်တော့်နေအိမ်မှာ နေပြီး     နှစ်ပတ်လောက်ကြာတော့   မပိစိ(ခ)မေသက်ထွေး    ငှားထားတဲ့    စမ်းချောင်းလမ်းက နေအိမ်ကို ပိုးဥနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကိုနေလင်းထိုက်က အဖျက် အမှောင့်လုပ်ငန်းတွေ စတင်လုပ်ကိုင်ဖို့ Location ကြည့်တယ်။  ပြီးတော့   အဲဒီနေရာတွေရဲ့  အဝင် အထွက်တွေကို    GPS  နဲ့တစ်ဆင့်    မြေပုံတွေ ပြုလုပ်ခိုင်းခဲ့ပါတယ်။   အဲဒီလို   ပြုလုပ်ခိုင်းတဲ့ အတွက်  ထောက်ပံ့ငွေဆိုပြီး တစ်ခုပြုလုပ်တိုင်း ကျွန်တော့်ကို တစ်သိန်း၊ တစ်သိန်းခွဲပေးခဲ့ပါတယ်။ အလုံလျှပ်စစ်ရုံးရယ်၊   BLAZON    Shopping   Center အဟောင်း   နေရာရယ်၊     နောက်တစ်ခု ကတော့ ပန်းဆိုးတန်းလမ်းက အကောက်ခွန်ရုံးကို ဗုံးဖောက်ခွဲခြင်း    ပြုလုပ်မှုတို့မှာ   ကျွန်တော့်ကို Location  ကြည့်ခိုင်းခြင်းနဲ့  Google Map ကနေ ပြီးတော့ အဝင်အထွက်နေရာများကို မြေပုံရေးဆွဲ ခိုင်းခြင်းတို့ကို  ပြုလုပ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံး ဖြစ်စဉ်ဖြစ်တဲ့ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ် တဲ့ကိစ္စမှာ ကျွန်တော့်ကို လုပ်ကြံသတ်ဖြတ်မယ့်သူ ခြောက်ယောက်ရဲ့   ဖုန်းထဲမှာ  GPS  Location ကြည့်တဲ့   Software  ထည့်သွင်းခိုင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို  အဲဒီနေရာအနီးတစ်ဝိုက် ရဲ့     မြေပုံဆွဲခိုင်းခဲ့ပါတယ်။    ရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ်ကို ကိုနေလင်းထိုက် (ခ)လင်းလင်းကနေတစ်ဆင့် အစပြုခဲ့ပါတယ်။ သူပြောပြီးတဲ့နောက်ပိုင်းမှာ     Scout    ကြည့်ဖို့၊ ရထားဝင်/ထွက်၊ သွား/လာချိန်၊ မီးရထားရဲတွေရဲ့ လှုပ်ရှားမှုတွေကို Scout ကြည့်ဖို့အတွက် နေမင်း၊ ဂျာကြီး၊ ကျော်ကြီး၊ ကိုရှိုင်းတို့ကို  တာဝန်ပေးခဲ့ ပါတယ်။  အဲဒီ   လေးယောက်ကနေတစ်ဆင့် Telegram  Channel  တွေမှာ   မီးရထားတွေရဲ့ ဝင်ချိန်/ထွက်ချိန်တွေကို ပြီးတော့ မီးရထားရဲတွေ ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီးတော့ ပြန်ပြီး ပြခဲ့ပါတယ်။   အဲဒီအတွက်    Mission  Plan  ကို ကိုဇော်ဂျီမှတစ်ဆင့် ရေးဆွဲပြီးတော့ ကျွန်တော့်ကို အဓိက ခိုင်းစေခဲ့တာကတော့ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်မယ့်   နေရာအနီးတစ်ဝိုက်ရဲ့ မြေပုံကို ကျွန်တော့်ကို ဆွဲခိုင်းခဲ့ပါတယ်။ အဝင်/ အထွက်လမ်းတွေ၊ နေရာတွေ၊ ကားဘယ်မှာထား ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို အကြမ်း ဖျင်း ရေးဆွဲခိုင်းခဲ့ပါတယ်။ အဲဒီလိုမျိုးလုပ်ဆောင် တဲ့အတွက်  ကျွန်တော့်ကို  ထောက်ပံ့ငွေအဖြစ် တစ်သိန်းခွဲပေးခဲ့ပါတယ်။    


မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ် မဖြစ်ခင် တစ်ရက်အလိုမှာ  ကိုနေလင်းထိုက်(ခ)လင်းလင်းကနေတစ်ဆင့် ကျွန်တော့််ဆီကို လုပ်ကြံ သတ်ဖြတ်မယ့်သူတွေ  ကိုင်ဆောင်မယ့်   ဖုန်း ခြောက်လုံးကို ပို့ပေးခဲ့ပါတယ်။ အဲဒီဖုန်းခြောက်လုံး မှာ  GPS System ထည့်ပေးဖို့    ကျွန်တော့်ကို    ခိုင်းစေခဲ့ပါတယ်။    အဲဒီဖုန်းခြောက်လုံးမှာ   GPS System ကို ထည့်ပေးပြီးတဲ့အချိန်မှာ ကျွန်တော့် ကွန်ပျူတာကနေတစ်ဆင့်   သူတို့ရဲ့ တည်နေရာကို    သိနိုင်ပြီးတော့ သူတို့လှုပ်ရှားသွားလာနေတဲ့ အချိန် မှာ တစ်ယောက်ယောက်က မတော်တဆ ဖမ်းဆီး ခံရတယ်ဆိုရင် တခြားလူတွေ အချိန်မီထွက်ပြေး လွတ်မြောက်နိုင်အောင် ကျွန်တော်တို့က တစ်ဆင့် ပြန်ပြီးတော့ ပြောပြနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့     အဲဒီဖုန်းခြောက်လုံးမှာ   GPS System  ကို ထည့်ခိုင်းခဲ့ခြင်း   ဖြစ်ပါတယ်။   ရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့နေ့မှာ ကျွန်တော်က မပိစိ(ခ)မေသက်ထွေးရဲ့  နေအိမ်ကတစ်ဆင့်   ကျွန်တော် GPS ထည့်ပေးလိုက်တဲ့  ဖုန်းတွေကို ကျွန်တော်နဲ့ မပိစိ(ခ)မေသက်ထွေးတို့ အတူတူ ကွန်ပျူတာရဲ့ GPS ကတစ်ဆင့်     အဲဒီဖုန်းတွေကို     ကြည့်ရှုခဲ့ ပါတယ်။ ရထားသွားနေတဲ့အချိန်မှာ အစိမ်းရောင် အစက်ခြောက်စက်က    ရထားနဲ့အတူ   ရွေ့လျား နေပြီးတော့ ဖြစ်စဉ်အပြီး ရထားရပ်သွားတဲ့အချိန် မှာ အစက်နှစ်စက်က ရှင်စောပုလမ်းကို ထွက်ခွာ သွားပြီးတော့ ကျန်တဲ့အစက်လေးစက်က ဦးလူနီ လမ်းဘက်ကို     ဆင်းသွားခဲ့ပါတယ်။   ကျွန်တော် က   အဲဒီဖြစ်စဉ်အပြီးမှာ   လုပ်ကြံသတ်ဖြတ်မှု အောင်မြင်တယ်လို့    ထင်ပြီးတော့     မပိစိ(ခ) မေသက်ထွေးရဲ့  နေအိမ်ကတစ်ဆင့်  ကျွန်တော့် ကောင်မလေး မြတ်ဖြိုးပွင့်(ခ)ဂျိုကာရဲ့ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်နေအိမ်ကို ကျွန်တော်ပြန်သွား ခဲ့ပါတယ်။ မီးရထားရဲတွေကို  လုပ်ကြံသတ်ဖြတ် ပြီးတဲ့ညမှာ   မြောက်ဒဂုံက  Golden Park   မှာ အောင်ပွဲခံတဲ့အနေနဲ့ စားသောက်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲများ လုပ်ခဲ့တယ်လို့  သိရှိရပါတယ်။ နောက် နှစ်ရက်လောက်နေတော့       ပိုးဥ(ခ)အောင်ရဲ ထံမှ  သူ့ဆီကို   ကိုဂျိန်းဆိုတဲ့လူက  Online  က နေပြီး     K-Pay  ကတစ်ဆင့်      ငါးသိန်းလွှဲပေး ခဲ့တယ်လို့ သိရပါတယ်။   အဲဒီပိုက်ဆံ  ငါးသိန်း ကတော့ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်ရာ မှာ  အောင်မြင်ခဲ့တဲ့အတွက်   ချီးမြှင့်ငွေအနေနဲ့ ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မီးရထားရဲတွေဆီ က    သိမ်းဆည်းရခဲ့တဲ့ လက်နက်တွေကို   NLD လွှတ်တော် အမတ်ဟောင်း ဖြိုးဇေယျာသော်(ခ)မောင်ကျော်ထံမှာ သိမ်းဆည်းထားပြီးတော့ ၈ လ ပိုင်း ၃၁ ရက်နေ့ ညနေမှာ ကျွန်တော့်ကောင်မလေး ဖြစ်တဲ့      မြတ်ဖြိုးပွင့်(ခ)ဂျိုကာရဲ့   နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ၉ လပိုင်း ၃ ရက်နေ့ ရောက်တဲ့အချိန်မှာတော့ မနက်ပိုင်း ကျွန်တော် မုန့်ဆင်းဝယ်တဲ့အချိန်မှာ      လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။