မိုင်းရယ်မြို့နယ်တွင် သေနတ် ကိုးလက်နှင့် ကျည်မျိုးစုံ ၅၉ တောင့် ဖမ်းဆီးရမိ

 

မိုင်းရယ်  စက်တင်ဘာ  ၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးခရိုင်     မိုင်းရယ်မြို့နယ်တွင်     ယနေ့     မွန်းလွဲ  ၂  နာရီခန့်က အခြေချစစ်ဗျူဟာဌာနချုပ် (တန့်ယန်း)မှ ပူးပေါင်း အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (တန့်ယန်း) မှ    တပ်ဖွဲ့ဝင်များ၊     မိုင်းရယ်မြို့မရဲစခန်းမှ    တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ (မိုင်းရယ်)၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (မိုင်းရယ်)မှ ပူးပေါင်းအဖွဲ့တို့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု  နမ္မတုံးကျေးရွာ အနီး  လားရှိုးမြို့ဘက်သို့  မောင်းနှင်လာသည့် ယာဉ်အမှတ်  1J-1547 (Crown Athlete)   အဖြူရောင်ယာဉ်ကို   ရပ်တန့်စစ်ဆေးရာ  ယာဉ်၏ နောက်ခုံကျောမှီအတွင်း သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့်သေနတ် ကိုးလက်နှင့် ကျည်မျိုးစုံ  ၅၉ တောင့်  ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မော်တော်ယာဉ်ကို မောင်းနှင်လာသူ မူဆယ်မြို့နေ စိုင်းလင်း အောင်ခိုင်(၂၃ နှစ်)နှင့်အတူ      လိုက်ပါလာသူ၎င်း၏ဇနီး    နန်းမိုအေး (၂၀ နှစ်)နှင့်   နမ့်ခမ်းမြို့နေ  စိုင်းစိုးမိုးအောင်(၂၁ နှစ်)တို့ကို(ဝဲပုံ)  မိုင်းရယ် မြို့မရဲစခန်းတွင်  ဥပဒေအရ  အရေးယူ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ခင်မာလာ