အခြေခံပညာကျောင်းများအား ၁၃-၉-၂၀၂၁ ရက်နေ့မှ ၂၄-၉-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်)


လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပါအဝင်) အား ၁၃-၉-၂၀၂၁ ရက်နေ့မှ ၂၄-၉-၂၀၂၁ ရက်နေ့အထိ   ဆက်လက်၍   ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။