ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို  ချေးငွေကာလသက်တမ်း (၁)နှစ် (၆)လ  စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် (၆)လ ထပ်မံသက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာ

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် ( ၂/ ၂၀၂၁)
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ  ၁၁ ရက်


၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်   ထိခိုက်မှုရှိနေသော  စီးပွားရေးလုပ်ငန်းများအား  ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင် ထုတ်ပေးခဲ့ပြီး  ၂၀၂၁  ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ  ချေးငွေရယူထားသူများအနေဖြင့်  ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးပါကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ 
၂။    အဆိုပါ ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် ချေးငွေရရှိသူ များသည် မူလချေးငွေသက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် (၆)လကာလမှာ အောက်တိုဘာလတွင် စတင်၍ ချေးငွေသက်တမ်း ကာလ ထပ်မံပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်း သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ပြန်လည်ပေးဆပ်ရန် အခက်အခဲများရှိနေသဖြင့် ပြည်တွင်း ရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့ စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေ ပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၆)လ ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။
၃။    သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို  ချေးငွေကာလ  သက်တမ်း (၁)  နှစ် (၆)လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် (၆) လ ထပ်မံသက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ် ပါသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ