
နေပြည်တော် စက်တင်ဘာ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ပန်ကုလား(ဟွေဖြန်း)ကျေးရွာ နေ ကျအူ(၃၇ နှစ်)၏နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သတင်းစဉ်