v ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် (၁-၁၂-၂၀၂၀) ရက်နေ့မှစ၍ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ (၂၂-၃-၂၀၂၁) ရက်နေ့မှစ၍ နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
v ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၀-၉-၂၀၂၁) ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ပေးခဲ့ပါသည်။
v ယခုအခါ အများပြည်သူရုံးပိတ်ရက်များ ကုန်ဆုံးခဲ့ပြီးဖြစ်သည့်အတွက် ဌာန၏ ကနဦးနှင့် နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်းများကို (၁၃-၉-၂၀၂၁) ရက်နေ့မှစ၍ ပြန်လည်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
v မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပေးရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးကို ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၀-၉-၂၀၂၁) ရက်နေ့အထိ (၅၆)ရက် ကာလအား ထည့်သွင်းရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့သော် (၃၀-၁၁-၂၀၂၁) ရက်နေ့နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါသည်။
v နှစ်လဲသက်တမ်းတိုးဆောင်ရွက်ရာတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို ၎င်းတို့၏ မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် လအလိုက် အောက်ပါသတ်မှတ်ကာလအတွင်း သက်တမ်းတိုး မပျက်မကွက် လာရောက်ဆောင်ရွက်ရန်ဖြစ်ပါသည်-
(က) (၁၂/၂၀၂၀)လနှင့် (၁/၂၀၂၁)လ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်ယာဉ်များနှင့် အများ ပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ကာလအတွင်း (၇/၂၀၂၁)လ မှတ်ပုံတင်ကုန်ဆုံးသည့် ယာဉ်များသည် (၁၃-၉-၂၀၂၁) ရက်နေ့မှ (၃၁-၁၀-၂၀၂၁) ရက်နေ့အတွင်း၊
(ခ) (၂/၂၀၂၁)လ နှင့် (၃/၂၀၂၁)လ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်ယာဉ်များနှင့် အများ ပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ကာလအတွင်း (၈/၂၀၂၁) လ မှတ်ပုံတင်ကုန်ဆုံးမည့် ယာဉ်များသည် (၁၃-၉-၂၀၂၁) ရက်နေ့မှ (၃၀-၁၁-၂၀၂၁) ရက်နေ့အတွင်း၊
(ဂ) အများပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ကာလအတွင်းပါဝင်သော (၉/၂၀၂၁)လ မှတ်ပုံတင် သက်တမ်းကုန်ဆုံးမည့်ယာဉ်များသည် (၁၃-၉-၂၀၂၁)မှ (၃၁-၁၂-၂၀၂၁) ရက်နေ့အတွင်း။
v သတ်မှတ်ကာလအတွင်း အချိန်မီလာရောက်ဆောင်ရွက်ပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည် ဖြစ်ပါသည်။ ၎င်းအပြင် အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်များမှအပ ကျန်ယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို (၃၁-၁၂-၂၀၂၁) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
v ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းတိုးရန် ပျက်ကွက်ခြင်း တစ်ဆက်တည်း (၅) နှစ်ကျော်၍ မှတ်ပုံတင်ဖျက်သိမ်းရတော့မည့်ယာဉ်များသည် အောက်ပါသတ်မှတ်ကာလအတွင်း လာရောက်သက်တမ်းတိုးဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းမည်ဖြစ်ပါသည်-
(က) သက်တမ်းကုန်ဆုံးရက် (၃၁-၁၂-၂၀၁၅) ယာဉ်များနှင့် (၃၁-၁-၂၀၁၆) ယာဉ်များ၊ အများ ပြည်သူရုံးပိတ်ရက် သတ်မှတ်ကာလအတွင်း ပါဝင်သော ၇/၂၀၂၁ လတွင် (၅) နှစ်ကျော် နှစ်ပြတ်သည့် သက်တမ်းကုန်ဆုံးရက် (၃၁-၇-၂၀၁၆) ယာဉ်များသည်(၁၃-၉-၂၀၂၁) ရက်နေ့မှ (၃၁-၁၀-၂၀၂၁) ရက်နေ့အတွင်း၊
(ခ) သက်တမ်းကုန်ဆုံးရက် (၂၉-၂-၂၀၁၆) ယာဉ်များနှင့် (၃၁-၃-၂၀၁၆) ယာဉ်များ၊ အများ ပြည်သူရုံးပိတ်ရက်သတ်မှတ်ကာလအတွင်းပါဝင်သော (၈/၂၀၂၁) လတွင် (၅) နှစ်ကျော် နှစ်ပြတ်သည့် သက်တမ်းကုန်ဆုံးရက် (၃၁-၈-၂၀၁၆) ယာဉ်များသည် (၁၃-၉-၂၀၂၁) ရက် နေ့မှ (၃၀- ၁၁-၂၀၂၁) ရက်နေ့အတွင်း၊
(ဂ) (၉/၂၀၂၁)လတွင် (၅)နှစ်ကျော် နှစ်ပြတ်မည့် သက်တမ်းကုန်ဆုံးရက် (၃၀-၉-၂၀၁၆) ယာဉ် များသည် (၁၃-၉-၂၀၂၁) ရက်နေ့မှ (၃၁- ၁၂-၂၀၂၁) ရက်နေ့အတွင်း၊
v (၃၁-၁၀-၂၀၁၆) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့်ယာဉ်များသည် သတ်မှတ်သက်တမ်းကာလ အတွင်း အချိန်မီသက်တမ်းတိုးရန်ဖြစ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Type