
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁) အဖြစ် အုပ်စု(F) မှ ယန်းဘွိုင်းအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၁၅ မိနစ် တွင် ယန်းဘွိုင်းအိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယန်းဘွိုင်း နှင့် မန်ယူအသင်းတို့သည် အုပ်စု (F) တွင် အတ္တလန္တာ၊ ဗီလာရီးရဲအသင်း တို့နှင့်အတူ ကျရောက်နေသည်။
ယန်းဘွိုင်းအသင်းသည် ဆွစ် ဇာလန်စူပါလိဂ်တွင် ကစားနေ သည့် ကလပ်အသင်းဖြစ်ပြီး ယမန်နှစ်က စူပါလိဂ်ဖလားကို ၁၅ ကြိမ်မြောက် ဆွတ်ခူးထား သည့်အသင်း ဖြစ်သည်။ ယခုနှစ် ရာသီတွင် ယန်းဘွိုင်းအသင်းသည် လိဂ် ငါးပွဲကစားပြီးချိန်တွင် နှစ်ပွဲ နိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ကာ ရမှတ် ရှစ်မှတ် ရရှိထားသည်။ အဆိုပါ ငါးပွဲတွင် ရဂိုးက ကိုးဂိုး ရှိပြီး ပေးဂိုးက ငါးဂိုးပြန်လည် ခွင့်ပြုပေးထားရသည်။ ပြိုင်ဘက် မန်ယူအသင်းက ပရီမီယာလိဂ် တွင် ပွဲစဉ်(၄)အပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေ ရှုံးပွဲကြုံတွေ့ထား ခြင်းမရှိဘဲ ရမှတ် ၁၀ ရရှိထား သည်။ အဆိုပါ လေးပွဲတွင် ရဂိုး ၁၁ ဂိုးရှိပြီး ပေးဂိုးက သုံးဂိုး သာ ရှိသောကြောင့် ယန်းဘွိုင်း အသင်းထက် ခံစစ်ပိုင်း၊ တိုက်စစ် ပိုင်း သာလွန်နေသည်ကို တွေ့ရ သည်။
တွေ့ဆုံမှုနှစ်ကြိမ် မန်ယူနိုင်
ယန်းဘွိုင်းနှင့် မန်ယူအသင်း တို့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်တွင် နှစ်ကြိမ် တွေ့ဆုံဖူးပြီး မန်ယူအသင်းကသာ နှစ်ကြိမ် စလုံး အနိုင်ရရှိထားသည်။ ယန်းဘွိုင်းအသင်းက အနီးစပ်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အမှတ်ပေးဇယားကို ဦးဆောင် နေသည့် အက်ဖ်စီ ဇူးရစ်အသင်းကို လေးဂိုးပြတ် အနိုင်ရရှိထားသည်။ မန်ယူအသင်းကလည်း အနီးစပ် ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် တွင် စီရော်နယ်ဒို၊ ဖာနန်ဒက်ဇ်၊ လင်ဂတ်တို့၏ သွင်းဂိုးများနှင့် အတူ နယူးကာဆယ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ထားသည်။ ယန်းဘွိုင်းအသင်း သည် ယခုပွဲစဉ်တွင် ဂါမာလီယူ၊ အီလီယာ၊ ဆီဘက်ချူတို့ကို အသုံး ပြုကာ ၄-၄-၂ ပုံစံဖြင့် မန်ယူ အသင်းကို ရင်ဆိုင်လာဖွယ်ရှိ သည်။ မန်ယူအသင်းကလည်း အားထားရသည့် ဖာနန်ဒက်ဇ်၊ ဆန်ချို၊ စီရော်နယ်ဒိုတို့ကို အသုံး ပြုကာ ပွဲထွက်လာဖွယ်ရှိနေသည်။ ချန်ပီယံလိဂ်အဖွင့် ပွဲစဉ်ကို အနိုင် ရလဒ်ဖြင့် ဖွင့်လှစ်နိုင်အောင် နှစ်သင်းစလုံး အကောင်းဆုံးပုံစံ ပြင်ဆင်လာဖွယ် ရှိသော်လည်း ခံစစ်ပိုင်း အားနည်းချက်ရှိသည့် ယန်းဘွိုင်းအသင်း အနေဖြင့် ဗာရာနီ၊ မက်ဂွိုင်းယား၊ ဝမ်ဘစ် ဆာကာ၊ လုခ်ရှောတို့ ဦးဆောင် လာဖွယ်ရှိသည့် မန်ယူခံစစ်ကို ဂိုးရရှိရေးမည်သို့ ကျော်ဖြတ်မလဲ စိတ်ဝင်စားဖွယ်ရာပင်။
ထို့ကြောင့် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် ယန်းဘွိုင်း အသင်းက မန်ယူအသင်းကို အနိုင် ရရှိသွားမလား မန်ယူအသင်းက ယန်းဘွိုင်းအသင်းကို အနိုင်ရရှိ သွားမလားဆိုသည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။
အခြားပွဲစဉ်များ
အခြားသော နာမည်ကြီး အသင်းများဖြစ်သည့် ဘာစီလိုနာ နှင့် ဘိုင်ယန်မြူးနစ်၊ ချယ်ဆီး နှင့် ဇင်းနစ်၊ မယ်လ်မိုနှင့် ဂျူဗင် တပ်စ်အသင်းတို့ ပွဲစဉ်ကိုလည်း စက်တင်ဘာ ၁၅ ရက် နံနက် အစောပိုင်းတွင် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
အောင်ဇော်