မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်

 

 

ရန်ကုန် စက်တင်ဘာ ၁၄


မြန်မာ့     လက်ရွေးစင်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၃ အာရှဖလား    တတိယအဆင့် ခြေစစ်ပွဲကို အသင်းပေါင်း ၂၄သင်း ဖြင့် ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲအပြီးတွင် အုပ်စု အောက်ဆုံးနေရာတွင်သာ  ရပ် တည်ခဲ့သော်လည်း ပဉ္စမနေရာရ အကောင်းဆုံးသုံးသင်းစာရင်းဝင် ခဲ့သဖြင့်  တတိယအဆင့်ခြေစစ်ပွဲ အား   တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းဖြစ်သည်။     တတိယအဆင့် ခြေစစ်ပွဲတွင်    မြန်မာအသင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ သီရိလင်္ကာ၊ ထိုင်း၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊      စင်ကာပူ၊ ဟောင်ကောင်၊  နီပေါ၊  မော်လ်ဒိုက်၊ တာ့ခ်မင်နစ္စတန်၊     မလေးရှား၊ ကာဂျစ္စတန်၊ အိန္ဒိယ၊ ပါလက် စတိုင်း၊ ဘာရိန်း၊ ဂျော်ဒန်၊ ဖိလစ် ပိုင်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက် ကစ္စတန်နှင့်   ကူဝိတ်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။
၂၀၂၃  အာရှဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံဖြစ်သည့်  တရုတ် အပါအဝင် ဒုတိယအဆင့်ခြေစစ်ပွဲ အပြီးတွင် အုပ်စုပထမနေရာနှင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာ ရ   လေးသင်းဖြစ်သည့်  ဂျပန်၊ ကာတာ၊ ယူအေအီး၊ ဆီးရီးယား၊ သြစတြေးလျ၊   အီရန်၊   ဆော်ဒီ အာရေဗျ၊   တောင်ကိုရီးယား၊ အီရတ်၊ အိုမန်၊ လက်ဘနွန်နှင့် ဗီယက်နမ်အသင်းတို့မှာ တတိယ အဆင့်ခြေစစ်ပွဲ   ဆက်လက် ယှဉ်ပြိုင်ရန်မလိုဘဲ  နောက်ဆုံး အဆင့်သို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
တတိယအဆင့်ခြေစစ်ပွဲကို လေးသင်း    ခြောက်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယ နေရာရ    အသင်းများအနက် အကောင်းဆုံးငါးသင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ တတိယ အဆင့်ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာအထိ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   အိမ်ကွင်း၊ အဝေးကွင်းပုံစံ  မကျင်းပနိုင်ပါက မကျင်းပနိုင်သည့်အသင်း၏ ပွဲစဉ် များကို    အခြားနိုင်ငံများတွင် ကစားစေမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် တတိယအဆင့်   ခြေစစ်ပွဲကို အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပ မည်ဖြစ်ကာ ၂၂ သင်းထွက်ပေါ်ပြီး ဖြစ်သောကြာင့်   နှစ်သင်းသာ ထွက်ပေါ်ရန်   ကျန်ရှိတော့သည်။ ခြေစစ်ပွဲ Play-off အဖြစ် ကမ္ဘော ဒီးယားနှင့် ဂူအမ်၊ အင်ဒိုနီးရှားနှင့် တရုတ်(တိုင်ပေ)    အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲစဉ်များမှ  အနိုင်ရသည့် နှစ်သင်းမှာ   တတိယအဆင့် ခြေစစ်ပွဲ     ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်    ခြေစစ်ပွဲနှင့် တစ်ပေါင်းတည်းပြုလုပ်ခဲ့သည့် ၂၀၂၃ အာရှဖလား  ဒုတိယအဆင့် ခြေစစ်ပွဲမှာ ယခုနှစ်လယ်ပိုင်းမှာ ပြီးဆုံးခဲ့ပြီး အာရှဖလား တတိယ အဆင့်ခြေစစ်ပွဲအတွက် Play-off ပွဲစဉ်     နှစ်ပွဲကစားရမည်ဖြစ် သောကြာင့်      အုပ်စုမဲခွဲပွဲကို နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာမှသာ ပြုလုပ်မည်ဖြစ်သည်။
ရဲရင့်လွင်