ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လီဗာပူးနှင့် အေစီမီလန်တို့ ယှဉ်ပြိုင်ကစားမည်

 

 

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁) အဖြစ် အုပ်စု (B) မှ     အင်္ဂလန်ကလပ် လီဗာပူးအသင်းနှင့်    အီတလီ ကလပ်    အေစီမီလန်အသင်းတို့ ပွဲစဉ်ကို     လီဗာပူးအိမ်ကွင်း၌ စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီခွဲတွင်   ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ လီဗာပူးနှင့် အေစီမီလန် အသင်းတို့သည် အုပ်စု (B) တွင် အက်သလက်တီကို    မက်ဒရစ်၊ ပေါ်တို    အသင်းတို့နှင့်အတူ ကျရောက်နေသောကြောင့် ပွဲစဉ် တိုင်း  ခက်ခက်ခဲခဲကစားရဖွယ်ရှိ သည်။ 
လီဗာပူးအသင်းသည် လက်ရှိ ပရီမီယာလိဂ်တွင် လေးပွဲကစား ပြီး သုံးပွဲနိုင်၊ တစ်ပွဲ သရေကျကာ ၁၀ မှတ်ရရှိထားသည်။ ပြိုင်ဘက် အေစီမီလန်အသင်းက   စီးရီးအေ တွင် သုံးပွဲကစားပြီး   သုံးပွဲစလုံး အနိုင်ရရှိထားသည့်အတွက်  ကိုး မှတ် ရရှိထားသည်။    လီဗာပူး အသင်းသည် အဆိုပါ လေးပွဲတွင် ရဂိုး   ကိုးဂိုးရှိပြီး    ပေးဂိုးက  တစ်ဂိုးသာရှိသောကြောင့် တိုက် စစ်ပိုင်း ထက်မြက်ပြီး   ခံစစ်ပိုင်း   တည်ငြိမ်သည့် အသင်းဟု   ဆိုနိုင် ပေသည်။ ပြိုင်ဘက် အေစီမီလန် အသင်းက  စီးရီးအေ သုံးပွဲကစား ပြီး  ရဂိုး   ခုနစ်ဂိုးနှင့်  ပေးဂိုး   တစ်ဂိုးသာ    ရှိသည့်အတွက် တိုက်စစ်၊    ခံစစ်ကောင်းမွန် သည်ကို   တွေ့နိုင်သည်။ အထူး သဖြင့်    အေစီမီလန်အသင်း၏ တိုက်စစ်ပိုင်းတွင် အီဗရာဟီမိုဗစ် ပြန်လည်ပါဝင်လာသည့်အတွက် ထက်မြက်လာသည်ကို   တွေ့နိုင် ပေသည်။ 
လီဗာပူးအသင်းနှင့် အေစီမီ လန်အသင်းတို့ လီဗာပူးအိမ်ကွင်း ၌   ၂၀၁၆ ခုနှစ်   ဇူလိုင်လ  နိုင်ငံ တကာ ချန်ပီယံဖလားပြိုင်ပွဲတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး လီဗာပူး အသင်းက အိုရီဂီ၊  ဖာမီနိုတို့၏ သွင်းဂိုးများဖြင့်    အေစီမီလန် အသင်းကို   အနိုင်ရရှိထားသည်။ အဆိုပါ နှစ်သင်းတွေ့ဆုံခဲ့သည့် နောက်ပိုင်းပွဲစဉ်များတွင်  လီဗာပူး အသင်းကသာ   ရလဒ်ကောင်း ရရှိထားသည်ကို   တွေ့ရသည်။ သို့သော်လည်း ယခုနှစ် ရာသီတွင် ပုံစံကောင်းရရှိနေသည့် အသင်း နှစ်သင်း    တွေ့ဆုံနေသောကြောင့် ပရိသတ်အကြိုက်   ပွဲကောင်း    တစ်ပွဲဖြစ်လာဖွယ်ရှိနေသည်။ 
လီဗာပူးအသင်း၏ တိုက်စစ် ပိုင်းတွင် ဆာလာ၊ ဂျိုတာ၊ မာနေး တို့ ပွဲထွက်လာဖွယ်ရှိသလို အေစီမီ လန်အသင်း၏ တိုက်စစ်ပိုင်းတွင် လည်း ဒီယက်ဇ်၊ ရီဘစ်၊ အီဗရာ ဟီမိုဗစ်တို့ကို  အသုံးပြုကာ  ပွဲ ထွက်လာဖွယ်ရှိသည်။ ထို့ကြောင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို မည်သည့်အသင်းက အနိုင်ရလဒ် ဖြင့်  ဖွင့်လှစ်သွားနိုင်မလဲဆိုသည် ကို စက်တင်ဘာ ၁၆ ရက် နံနက် ပိုင်းတွင် အဆုံးအဖြတ်ပေးသွား တော့မည် ဖြစ်သည်။ အောင်ဇော်