ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက်သောင်းကျန်းသူ လေးဦး ခန့်က လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်

 

နေပြည်တော် စက်တင်ဘာ ၁၈


အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို  အခြေခံ၍  ၎င်းတို့ကို  ထောက်ခံ အားပေးခြင်းမရှိသော  အများပြည်သူ  သေကျေ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန်       အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက် ရှိရာ  စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင်   ကယားပြည်နယ်   လွိုင်ကော် ပြည်သူ့ ဆေးရုံ ကြီးကို  အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးခန့်က     လက်နက်ငယ်များဖြင့်    လာရောက် နှောင့်ယှက် ပစ်ခတ်ခြင်းများ     လုပ်ဆောင်ခဲ့သည်။ 


လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ     ဆရာဝန်၊ သူနာပြုများအနေဖြင့်       နိုင်ငံအပေါ်သစ္စာမဲ့၍ ဆရာဝန်ကျင့်ဝတ်ကို       လျစ်လျူရှုကာ    CDM ကြွေးကြော်ပြီး   မိမိတို့၏   လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိသဖြင့်‌  ဒေသခံပြည်သူများ၏ ကျန်းမာရေး  စောင့်ရှောက်မှု  အခြေအနေများမှာ   ဆိုးရွားမှု   ဖြစ်ပေါ်ခဲ့ရသည်။    ထိုအခြေအနေကို  ထိန်းသိမ်းကုစားနိုင်ရန်အတွက်       သက်ဆိုင်ရာ ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သော်လည်း   ပြည့်စုံ လုံလောက်မှုမရှိသဖြင့်     ဒေသခံပြည်သူများ၏ တောင်းဆိုမှုအရ   တပ်မတော်နှင့်   ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ဆရာဝန် ၂၀နှင့် သူနာပြု ၇၀တို့ အား ဖြည့်ဆည်း၍    ပြည်သူလူထု၏   ကျန်းမာရေး စောင့်ရှောက်မှုများကို   တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိသည်။ 


ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများ ပုံမှန် လည်ပတ်မှုမပြုနိုင်စေရန်နှင့်     ပြည်သူလူထု၏ အကျိုးစီးပွားပျက်စီးကာ နယ်မြေဒေသတည်ငြိမ်မှု ပျက်ပြားစေလိုသော ယုတ်မာသောရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လာရောက်  နှောင့်ယှက်ပစ်ခတ်ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင်   လူနှင့်  အဆောက်အဦများ  ထိခိုက် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။


ထိုကဲ့သို့        အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့်        အဖျက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်း များကို   လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်