
ရန်ကုန် စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံ ရွေးချယ်၍ ပြုလုပ်မည်ဖြစ်သည်။
ယခုပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ ပြည့်နှစ် တွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ် ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအမည်ဖြင့်သာ ပြုလုပ်မည်ဖြစ်သည်။ ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်ဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။အာဆီယံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မဖြစ် နိုင်သဖြင့် အိမ်ရှင်နိုင်ငံ ရွေးချယ်ကျင်းပရ ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် သည် ၂၀၁၈ ပြိုင်ပွဲပုံစံဖြစ်သည့် အုပ်စုလေးပွဲ ကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီး ဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေး ကွင်းပုံစံဖြင့် ကျင်းပရန် မဖြစ်နိုင်သဖြင့် အိမ်ရှင်နိုင်ငံရွေးချယ်ကာ ပြုလုပ်သွားမည် ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူစသည့် နိုင်ငံများက ကြိုးပမ်းနေပြီး ကမ္ဘောဒီးယား နိုင်ငံမှာ ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲအတွက် တည်ဆောက်ပြီးစီးသွားသည့် Morodok Techo ဘောလုံးကွင်း၌ ပြုလုပ်ရန် ဆန္ဒရှိနေ ခြင်းဖြစ်သည်။ ကပ်ရောဂါအခြေအနေ ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံအများစုမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်မဟုတ်ဘဲ အာဆီယံဘောလုံး အဖွဲ့ချုပ်အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်မည့် အုပ်စုမဲခွဲပွဲ၌ အတည်ပြု ထုတ်ပြန်သွားဖွယ်ရှိနေသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို အုပ်စုနှစ်ခု ခွဲ၍ ကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
ရဲရင့်လွင်