တရားခံပြေး CDM ရဲတပ်သား မျိုးမင်းထက်(ခ)မင်းထက်ဦးအပါအဝင် တရားခံများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၈


နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေလိုသည့်   NUG၊  CRPH  အကြမ်းဖက်အဖွဲ့များသည် ငြိမ်းချမ်းစွာနေထိုင်ကြသည့် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအများသွားလာလှုပ်ရှားနေသည့် ဈေးများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအထိ ဖောက်ခွဲဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို  ကျူးလွန် လျက်ရှိရာ မကွေးမြို့ မင်းကန်ကြီးရပ်ကွက်၌ ငါးနှစ်အရွယ် လူမမယ် ကလေးတစ်ဦး သေဆုံးခဲ့ရသည်။


မိုင်းစထိမှန်ဒဏ်ရာများကြောင့် သေဆုံး


ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မင်းကန်ကြီးရပ်ကွက် တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကိုပွားကြီး(ခ) မင်းသိန်းစိုး (၃၄)နှစ် ပိုင်ဆိုင်သည့် ကွမ်းယာဆိုင်အတွင်း၌ ဒေသန္တရ လက်လုပ် ရီမုတ်မိုင်းတစ်လုံး  ပေါက်ကွဲခဲ့ကာ  သားဖြစ်သူ  အသက် ငါးနှစ်အရွယ်ကလေးငယ်မှာ မိုင်းစထိမှန်ဒဏ်ရာများကြောင့် သေဆုံး ခဲ့ပြီး ကွမ်းဝယ်သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ 
ထိုသို့ မိုင်းထောင်ဖောက်ခွဲခဲ့သည့် တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ  တရားခံဖြစ်သူ  ထူးဝေယံ (၂၅)နှစ် (ဘ) ဦးဖိုးတုတ်အား  မကွေးမြို့ အဝေးပြေးကားဂိတ်အတွင်းရှိ နဒီဧရာ(မင်းဘူး - မကွေး - ရန်ကုန်) ကားဂိတ်တွင်လည်းကောင်း၊ ဆက်စပ်တရားခံများအဖြစ် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် လိုက်လံ ပို့ဆောင်ပေးသူ  အောင်စေတနာရပ်ကွက်၊ ရန်ကင်းဈေးတိုက်တန်း အနီးနေ  ချစ်ဖြိုးသုံ(ခ) ဖိုးချို (၂၅)နှစ် (ဘ) ဦးချစ်မြကို ၎င်း၏နေအိမ် တွင်လည်းကောင်း၊ KIA အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူ  သူရိန်ဝင်း (၂၆)နှစ် (ဘ) ဦးစိုးဝင်းကို  ထူးဝေယံ   ငှားရမ်းနေထိုင်သော   မကွေးမြို့    အောင်စေတနာရပ်ကွက်ရှိ     ဦးကြင်စိန်ပိုင်ဆိုင်သော   နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ 


အလားတူ မန္တလေးတိုင်းဒေသကြီး  စဉ့်ကူးမြို့နယ်  မင်းကျေးရွာ အုပ်စု  မင်းကျေးရွာအဝင်၌  စက်တင်ဘာ ၁၂ ရက်တွင်  ထွေ/အုပ် ရပ်ကျေး စာရေးဖြစ်သူ ဒေါ်ဆွေဇင်ဝင်းနှင့် ခင်ပွန်းဖြစ်သူ  ရွှေဒုံး ကျေးရွာအုပ်စု ထွေ/အုပ် ရပ်ကျေးစာရေး ဦးဝင်းမင်းစိုးတို့ နှစ်ဦးအား လှိုင်သာယာလုံခြုံရေးတပ်ဖွဲ့ခွဲမှ CDM ပြုလုပ်လာသူ တစ်ရွာတည်းနေ ရဲတပ်သား  မျိုးမင်းထက် (ခ) မင်းထက်ဦး(၂၀) နှစ် (ဘ) ဦးနေလင်းဦးက  ဓားဖြင့်ထိုးသဖြင့်  ဦးဝင်းမင်းစိုးမှာ  ရရှိဒဏ်ရာများဖြင့်  သေဆုံးခဲ့ပြီး ဒေါ်ဆွေဇင်ဝင်းမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။


ဖမ်းဆီးရမိ


အဆိုပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သောတရားခံသည် စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအနောက်ဘက်၌  တိမ်းရှောင်နေကြောင်း  ဖော်ထုတ် သိရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးရာ တရားခံပြေး မျိုးမင်းထက် (ခ)မင်းထက်ဦးကို  ဖမ်းဆီးရမိခဲ့ပြီး  ၎င်းနှင့်အတူ  PDF သင်တန်း တက်ရောက်ပြီး   ထွက်ပြေးတိမ်းရှောင်နေသည့်  နေလင်းဦး(၄၂) နှစ် (ဘ)ဦးချစ်ဆိုင်နှင့် မစန်းမြင့်ခိုင်(၃၇)နှစ် (ဘ) ဦးအောင်တို့ကို  လက်လုပ် မိုင်းများ၊ ဓားများ၊ ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ၎င်းတို့အား ငွေကြေးထောက်ပံ့ပြီး တိမ်းရှောင်နိုင်ရန် ကူညီပေးခဲ့သော ဘုန်းမြင့်ကျော်(၄၃)နှစ်(ဘ) ဦးမြင့်ဆွေကို ၎င်းနေထိုင်ရာ စဉ့်ကူးမြို့နယ် ရွာသစ်ဖျားရပ် အမှတ်(၂) ရပ်ကွက်၌ ဖမ်းဆီးရမိသည်။ 


PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် ရိုးသားအေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ များ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုကဲ့သို့ ငါးနှစ်သားအရွယ် လူမမယ်ကလေးသူငယ် အသက်ဆုံးရှုံး ခဲ့ရသည်အထိ   ယုတ်မာဆိုးသွမ်းသောလုပ်ရပ်များကို   ဆောင်ရွက်လာ ကြောင်း တွေ့ရှိရသဖြင့်  မြို့/ရွာ  အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ  ပြည်သူတစ်ရပ်လုံး  ပူးပေါင်း ဆောင်ရွက်တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းနှင့်အဆိုပါ ဖမ်းဆီး ရမိသူများကို  လိုအပ်သည့်စစ်ဆေးမှုများ  ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။        

                             
သတင်းစဉ်