
၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မကွေး တိုင်းဒေသကြီး မကွေးမြို့ မင်းကန်ကြီးရပ်ကွက် တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကိုပွားကြီး(ခ) မင်းသိန်းစိုး (၃၄)နှစ် ပိုင်ဆိုင်သည့် ကွမ်းယာဆိုင် အတွင်း၌ ဒေသန္တရလက်လုပ်ရီမုတ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကာ သားဖြစ်သူ အသက်ငါးနှစ်အရွယ် ကလေးငယ်မှာ မိုင်းစထိမှန်ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး ကွမ်းဝယ်သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် မိုင်းထောင်ရန် ဆိုင်ကယ် ဖြင့် လိုက်လံပို့ဆောင်ပေးသူ ချစ်ဖြိုးသုံ (ခ) ဖိုးချို၏ ဝန်ခံပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-
ကျွန်တော့် မှတ်ပုံတင်နံပါတ်ကတော့ ၈/မကန (နိုင်) ၂၅၆၀၆၁ ဖြစ်ပါတယ်။ ကျွန်တော်က မကွေးမြို့ မကွေးတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းတက်နေပါတယ်။ ၁၄ ရက်နေ့ မနက် ၃ နာရီခွဲ၊ ၄ နာရီဝန်းကျင်ခန့်က ထူးဝေယံလာခေါ်လို့ လိုက်သွားခဲ့ပါတယ်။ ကျွန်တော် ရှေ့ကနေ ဆိုင်ကယ် မောင်းပေးပါတယ်။
တောင်ရပ်ကို မောင်းလာပြီး ပြည်သာအေးရုံးကို ရောက်တဲ့လမ်းမှာ ကွေ့ပါ တယ်။ ပြည်ခိုင်ဖြိုးရုံးနဲ့ တပ်နဲ့အကြား ကွမ်းယာ ဆိုင်၊ လက်ဖက်ရည်ဆိုင်နားလောက်မှာ ကျွန်တော် ရပ်ပေးပါတယ်။ ထူးဝေယံက ဆင်းပြီး ဟိုကြည့် ဒီကြည့်လုပ်ပြီး ကျွန်တော့်အနောက်က အထုပ် ကို ယူသွားပြီး ပြည်ခိုင်ဖြိုးရုံးအနီး လက်ဖက်ရည် ဆိုင်၊ ကွမ်းယာဆိုင်ကြားလောက်မှာ သွားပြီးဖွက် ပါတယ်။ ဖွက်ပြီးတော့ ကျွန်တော့်ကို မြန်မြန်မောင်း ဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့လည်း ပြန်ထွက် လာပြီး ကျွန်တော့်အိမ်နားလောက်မှာ ကွေ့ပါ တယ်။ ကျွန်တော့်အိမ်လမ်းကနေ အိမ်ရှေ့ရောက် တော့ ကျွန်တော့်ကို ဆေးပြားတွေပေးပါတယ်။ ကျွန်တော်လည်း ဆေးပြား ခြောက်ပြားလောက် လုပ်လိုက်ပါတယ်။ လုပ်ပြီးတော့ ကျွန်တော် မေ့နေ ပါတယ်။ ၁၀ နာရီဝန်းကျင်လောက်မှာ ကျွန်တော် အိပ်ရာက နိုးပါတယ်။ နိုးလာတော့ ထူးဝေယံက ကျွန်တော့်ကိုပြောပါတယ် ပြည်ခိုင်ဖြိုးရုံး ဗုံးပေါက် တယ်လို့ပြောတယ်။ အော်.. ဗုံးပေါက်ရင်ပြီးတာပဲ.. ငါနဲ့မဆိုင်ဘူးဆိုပြီး မှေးနေလိုက်ပါတယ်။ ကျွန်တော် ညနေစောင်း ဘုန်းကြီးကျောင်း မသွားခင် ကျန်တဲ့ဆေးပြားတွေ အကုန်သုံးလိုက်ပါတယ်။ ၃ နာရီခွဲ ၄ နာရီဝန်းကျင်မှာ ကျွန်တော် ဘုန်းကြီး ကျောင်းကို သွားပါတယ်။ ဘုန်းကြီးကျောင်းက ကျွန်တော့်ကို ဝယ်စရာရှိတာဝယ်ဖို့ ပိုက်ဆံ ငါးထောင်ထုတ်ပေးပြီး မကွေးမြို့ထဲကို ပြန်လာတဲ့ အချိန်မှာ အဖမ်းခံရပါတယ်။