ဂျူဗင်တပ်စ်အသင်း အေစီမီလန်ကို သရေကျပြီးနောက် နိုင်ပွဲမရရှိသေး


 

အီတလီစီးရီးအေပွဲစဉ် (၄) အဖြစ် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဂျူဗင်တပ်စ်အသင်းနှင့်   အေစီမီ လန်အသင်းတို့  ပွဲစဉ်ကို   ဂျူဗင် တပ်စ်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ   တစ်ဖက် တစ်ဂိုးစီဖြင့်   ပွဲပြီးဆုံးခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက် သွင်း ဂိုးကို မိုရာတာက သွင်းယူပေးပြီး အေစီမီလန်အသင်းအတွက် သွင်း ဂိုးကို   ရီဘစ်က    သွင်းယူပေးခဲ့ သည်။
ဂျူဗင်တပ်စ်   အသင်းသည် ယခုနှစ်ရာသီ   စီးရီးအေနိုင်ပွဲရရှိ ရန်အတွက်     ယနေ့ပွဲစဉ်တွင် အားထားရသည့် ဆက်ဇီနီ၊ ဘိုနူချီ၊ ချီလီနီ၊   ဆန်ဒရို၊  ဒိုင်ဘာလာ၊ မိုရာတာတို့ဖြင့်    ပွဲထွက်လာခဲ့ သည်။   အေစီမီလန်အသင်းက လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ လီဗာ ပူးအသင်းအား       ရှုံးနိမ့်မှုကို ချေဖျက်နိုင်ရန်အတွက် တိုနယ်လီ၊ ကက်ဆီ၊ ဒီယက်ဇ်၊ ရီဘစ်တို့ဖြင့် ဂျူဗင်တပ်စ်အသင်းကို   ရင်ဆိုင် လာခဲ့သည်။ ယခုပွဲစဉ်တွင် အေစီ မီလန်အသင်းမှ     အဓိကကစား သမားများဖြစ်သည့်  အီဗရာဟီ မိုဗစ်၊ ဂျီရုဒ်နှင့် ကလာဘရီယာတို့ လွဲချော်ခဲ့သည်။ 
ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ် အသင်းက   ပွဲချိန် လေးမိနစ်တွင် စတင်ရရှိခဲ့ပြီး       ဒိုင်ဘာလာ၏ ဖန်တီးမှုမှတစ်ဆင့်  မိုရာတာက သွင်းယူပေးသည်။   ထို့နောက် အေစီမီလန်အသင်း ချေပဂိုးရရှိ ရေး   ကြိုးစားလာသော်လည်း တိုက်စစ်ကစားသမားများ အဆုံး သတ် မသေချာမှု၊   ဂျူဗင်တပ်စ် ဂိုးသမား  ဆက်ဇီနီကာကွယ်နိုင်မှု ကြောင့် ပထမပိုင်းတွင် ဂျူဗင် တပ်စ် အသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရသည်။ အေစီမီလန်အသင်း သည်   ဒုတိယပိုင်းတွင်   ကစား ကွက်    အပြောင်းအလဲအဖြစ် ဖလော်ရန်ဇီ၊      ဘင်နာဆာတို့ ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့နောက် အေစီမီလန်အသင်း ကစားအားတက်လာပြီး   ချေပဂိုး ရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် တိုနယ်လီ၏ ဖန်တီးမှုမှတစ်ဆင့်    ရီဘစ်က သွင်းယူပေးနိုင်ခဲ့သည်။  အေစီမီ လန်အသင်းသည် ယနေ့ပွဲစဉ်တွင် သရေကျခဲ့သောကြောင့် လေးပွဲ ကစားပြီး သုံးပွဲနိုင်၊ တစ်ပွဲ သရေ ကျကာ အင်တာမီလန်အသင်းနှင့် ရမှတ် ၁၀ မှတ်တူ ဂိုးကွာခြားချက် ဖြင့် ဒုတိယနေရာတွင် ရပ်တည် နိုင်ခဲ့သည်။
ဂျူဗင်တပ်စ်  အသင်းသည် အသင်းမှ အဓိက တိုက်စစ်ကစား သမား      စီရော်နယ်ဒိုထွက်ခွာပြီး နောက်ပိုင်း        အသင်းလိုက်  စွမ်းဆောင်ရည်  ကျဆင်းလာကာ နိုင်ပွဲရရှိရန်   ရုန်းကန်နေရသည့် အသင်းဖြစ်သည်။ အဖွင့်ပွဲစဉ်တွင် အူဒီးနိစ် အသင်းကို တစ်ဖက်နှစ်ဂိုး စီ သရေကျပြီးနောက်   ပွဲစဉ် (၂) တွင် အမ်ပိုလီကို တစ်ဂိုး-ဂိုးမရှိ ဖြင့်   ရှုံးနိမ့်ထားသလို   ပွဲစဉ် (၃) တွင်လည်း   နာပိုလီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။ ထို့အပြင်   ယခုပွဲစဉ်တွင်လည်း အေစီမီလန်အသင်းကို  သရေကျ ခဲ့သည့်အတွက်  စီးရီးအေလေးပွဲ ကစားပြီးချိန်တွင် နိုင်ပွဲမရရှိသေး ဘဲ  ရမှတ်နှစ်မှတ်ဖြင့် အမှတ်ပေး ဇယား      တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်။    အဆိုပါ လေးပွဲတွင်း ရဂိုးက လေးဂိုးသာရှိ ပြီး  ပေးဂိုးက   ခြောက်ဂိုးအထိ ရှိနေသည့်အတွက် ယခုနှစ်ရာသီ ဂျူဗင်တပ်စ်အသင်း၏ ခံစစ်ပိုင်း၊ တိုက်စစ်ပိုင်းတွင် သိသိသာသာ အားနည်းနေသည်ကို   တွေ့နိုင် သည်။ ထို့ကြောင့်  နည်းပြအယ်လီ ဂရီအနေဖြင့်  အသင်း၏လိုအပ် ချက်များကို လာမည့်ပွဲစဉ်မတိုင်မီ အချိန်မီ   ပြုပြင်သွားနိုင်မလား စိတ်ဝင်စားဖွယ်ရာပင်။
ဂျူဗင်တပ်စ်   အသင်းသည် လာမည့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၂  ရက်တွင်     စပီဇီယာအသင်း နှင့်   ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး    ပြိုင်ဘက်     အေစီမီလန်အသင်းက စက်တင်ဘာ ၂၃ ရက်တွင် ဗင်နီ ဇီယာအသင်းနှင့် ယှဉ်ပြိုင်ကစားရ မည် ဖြစ်သည်။         အောင်ဇော်