
နေပြည်တော် စက်တင်ဘာ ၂၃
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၄၉ ရပ်ကွက် ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်တန့်ထားသော ယာဉ်အမှတ် BGO 6R/8847၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၃ ရက် တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၉) ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးနိုင်လင်းကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ်တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့ နယ် သမိုင်း(၁)ရပ်ကွက်အတွင်း အောင်အောင်ဦး (၂၁)နှစ်၊ ငြိမ်းချမ်းဖြိုး(ခ)ချမ်းဖြိုး(၂၁)နှစ်၊ အောင်ကိုထွေး(ခ)ဘာဘူ(၁၉)နှစ်၊ ခန့်သူရိန် (၁၆)နှစ်နှင့် ကြယ်စင် နှင်းဝေ (ခ) ကြယ်စင်(၁၄)နှစ် တို့ကိုလည်းကောင်း၊ အင်းစိန် မြို့နယ် အနောက်ကြို့ကုန်း ရပ်ကွက် အလယ်ဗဟိုလမ်း အမှတ်(၃၉၃)တွင် ဝေယံဖြိုး (၁၇)နှစ်ကိုလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိတရားခံ ဟိန်းထက် အောင်၊ ဝေယံဖြိုး၊ သန့်ဇင်၊ ကြယ်စင်နှင်းဝေ၊ အောင်အောင်ဦး နှင့် ငြိမ်းချမ်းဖြိုးတို့၏ နေအိမ် များအား ရှာဖွေစစ်ဆေးခဲ့ရာ ယူနီဖောင်း ငါးစုံ၊ ဦးထုပ်နှစ်လုံး၊ စစ်ဖိနပ် သုံးရန်၊ Vest လေးထည်၊ ဖိုက်ဘာဦးထုပ် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှုအနေဖြင့် ကျား ရှစ် ဦး၊ မ တစ်ဦး၊ ပေါင်း ကိုးဦး ဖမ်းဆီးရမိခဲ့ပြီး ယူနီဖောင်း ငါးစုံ၊ ဦးထုပ်နှစ်လုံး၊ စစ်ဖိနပ် သုံးရန်၊ Vest လေးထည်၊ ဖိုက်ဘာဦးထုပ် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၁ ရက်တွင် အာကာ (ဖမ်းဆီးရန်ကျန်) ဆိုသူ နှင့် ချိတ်ဆက်ကာ ဒလန်ရှင်းလင်း ရေးနှင့် အကြမ်းဖက် ဖောက်ခွဲခြင်း များ ပြုလုပ်ရန် Freedom Fighters Force-Mayangone အဖွဲ့ကို ဟိန်းထက်အောင် (အဖွဲ့ ခေါင်းဆောင်)၊ အောင်အောင်ဦး (F-1)၊အောင်ကိုဦး (F-2)၊ ငြိမ်းချမ်းဖြိုး (F-3)၊ သန့်ဇင် (F-4)၊ လူကာ (F-5) (ဖမ်းဆီးရန်ကျန်)၊ ကိုထက် (F-6) (ဖမ်းဆီးရန်ကျန်)၊ အောင်ကိုထွေး(F-7)၊ ဝေယံဖြိုး (F-8)၊ ကြယ်စင်နှင်းဝေ (F-9)၊ ဟိန်းလတ် (F-10) (ဖမ်းဆီးရန် ကျန်)၊ ခန့်သူရိန် (F-11)၊ သူရရှင်း (F-12) (ဖမ်းဆီး ရန်ကျန်) တို့နှင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ မှ လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်မှုအနေဖြင့် ဇူလိုင် ၂၅ ရက်တွင် ဟိန်းထက်အောင်၊ သန့်ဇင်နှင့် ဝေယံဖြိုးတို့က မရမ်း ကုန်းမြို့နယ် (၃)ရပ်ကွက်သို့ သွားရောက်ခဲ့ပြီး ဟိန်းထက် အောင်(ခ)ဈန်ရဲက အပြစ်မဲ့ပြည်သူ ဦးမိုးကျော်စိုးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ ကြောင်း၊ ဩဂုတ် ၁ ရက်တွင် ဟိန်းထက်အောင်၊ သန့်ဇင်၊ အောင်အောင်ဦးနှင့် ငြိမ်းချမ်းဖြိုး တို့က မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် ရစဖရုံးသို့ သွား ရောက်ခဲ့ပြီး ငြိမ်းချမ်းဖြိုးနှင့် အောင်အောင်ဦးတို့က လက်ပစ်ဗုံး နှစ်လုံးကို ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ဦးဉာဏ်လှိုင်၊ ဦးနန်းဝင်း၊ ဦးသိန်းလွင်နှင့် မသီရိသော်တို့ တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ စက်တင်ဘာ ၁၁ ရက်တွင် ဟိန်းထက်အောင်၊ အောင်ကိုဦး၊ ခန့်သူရိန်နှင့် အောင်ကိုထွေးတို့က မရမ်းကုန်း မြို့နယ်၊ (၁)ရပ်ကွက်၊ ပန်းတစ်ရာ လက်ဖက်ရည်ဆိုင်သို့ သွား ရောက်ခဲ့ပြီး အောင်ကိုဦးက လက်ဖက်ရည် သောက်နေသော အပြစ်မဲ့ ပြည်သူ ဦးစိန်သောင်းကို သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ သဖြင့် ဦးစိန်သောင်းတွင် (စိုးရိမ် ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊ စက်တင် ဘာ ၁၃ ရက်တွင် ဟိန်းထက် အောင်၊ အောင်ကိုဦး၊ အာကာ (ဖမ်းဆီးရန်ကျန်)နှင့် သန့်ဇင် တို့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၉)ရပ်ကွက်သို့ သွား ရောက်ခဲ့ပြီး သန့်ဇင်က အပြစ်မဲ့ ပြည်သူ ဦးနိုင်လင်းကို သေနတ် ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ အနေဖြင့် ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ်၊ အကြမ်းဖက်သတ်ဖြတ် မှု (၃)ကြိမ်တို့ ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ သည် လှိုင်တက္ကသိုလ်နယ်မြေ၊ အုန်းတောဆောင် အနီးတွင် အကြမ်းဖက်နှင့် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများသည် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံး ပြုသည့် သေနတ်နှင့် လက်ပစ်ဗုံး များအား NUG နှင့် ချိတ်ဆက် ဆောင်ရွက်သည့် အာကာ (ဖမ်းဆီးရန်ကျန်)ထံမှ ရယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ် သည့် NUG မှ ရည်မွန်နှင့် ဇော်ဝေစိုးတို့အနေဖြင့် အသက်မပြည့်သေး သည့် လူငယ်များကို ဝါဒမှိုင်းတိုက်၍ ခိုင်းစေခဲ့သောကြောင့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲကာ အကြမ်းဖက်ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်မှု ဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်