ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး

Type

 

ခင်မောင် (ဟိုတယ်/ခရီး)

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ 


ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ  ခရီးသွားလုပ်ငန်း ဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းဖြစ်သည့်   ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်   (United Nations World Tourism Organization-UNWTO) သည်    အဖွဲ့ဝင် ၁၅၆  နိုင်ငံနှင့်    နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ   ပါဝင်မှုဖြင့်    ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံသည်လည်း   ၁-၆-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ်         သတ်မှတ်ထားသည့်  စက်တင်ဘာလ ၂၇ ရက်နေ့တွင်   အဖွဲ့ဝင်နိုင်ငံများ နည်းတူ          ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့်      ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို        နှစ်စဉ်ကျင်းပခဲ့ပါ သည်။ 


ကမ္ဘာတစ်ဝန်းခံစားနေရသည့်      ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့နှံ့မှုကြောင့်   ၂၀၂၀ ပြည့်နှစ်မှစ၍ အခမ်းအနားကို  Video Conferencing  စနစ်ဖြင့် ကျင်းပခဲ့ပြီး ယခု  ၂၀၂၁ ခုနှစ်တွင်လည်း ကမ္ဘာ့ခရီး သွားလုပ်ငန်းနေ့     အထိမ်းအမှတ်အခမ်းအနားကို “ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး   ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” (Tourism for Inclusive Growth) ဆောင်ပုဒ်ဖြင့်    ကိုဗစ်-၁၉ ရောဂါ     ကာကွယ် ထိန်းချုပ်ရေး    စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conferencing စနစ်ဖြင့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး       ဗဟိုကော်မတီ၏ ဦးဆောင်မှု၊     မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊    ခရီးသွားလုပ်ငန်းဆိုင်ရာ  အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှ မိတ်ဖက်အဖွဲ့ အစည်းများ၏    ပူးပေါင်းပါဝင်မှုဖြင့်    ကျင်းပသွား နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 


ရည်ရွယ်ချက်ဖြင့်ကျင်းပ


ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့     အထိမ်းအမှတ် အခမ်းအနားကို  စီးပွားရေးဆိုင်ရာအကျိုးရှိစေရေး၊ ဒေသခံပြည်သူများအတွက်   အလုပ်အကိုင်အခွင့် အလမ်းများ   ဖန်တီးပေးနိုင်ရေး၊   သဘာဝအရင်း အမြစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း နိုင်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုအချင်းချင်း     ရင်းနှီးကျွမ်းဝင်မှုနှင့် အပြန်အလှန်     နားလည်မှု   တည်ဆောက်နိုင်ရေး၊ ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများရှိ   ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ် နေသည့်    ကဏ္ဍများအားလုံး   တစ်ပြေးညီ   ဖွံ့ဖြိုး တိုးတက်လာမည်ကို  ပိုမိုသိရှိလာစေရေးနှင့် ခရီး သွားလုပ်ငန်း၏     အရေးပါမှု၊  ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်    စီးပွားရေး၊   လူမှုရေးကဏ္ဍ အသီးသီးသို့ အကျိုးသက်ရောက်မှုများအား ဒေသ နေပြည်သူများ    နားလည်သိရှိစေရေး၊   ခရီးသွား လုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို သတိပြုမိ စေရေးတို့အတွက် ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင် နိုင်ငံအသီးသီးတွင် ကျင်းပခြင်းဖြစ်ပါသည်။ 


ဖွံ့ဖြိုးတည်ငြိမ်အကျိုးရှိစေမှု


ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးခြင်းဖြင့်     ဆက်စပ် နယ်ပယ်အတွင်း  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဖန်တီးပေးနိုင်ကာ ဒေသတွင်း စီးပွားရေး ဆိုင်ရာ   မညီမျှမှုများကို    လျော့ကျစေနိုင်ပြီး စားသောက်ကုန်နှင့်  ကုန်စည်ထုတ်လုပ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊   ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ၊  လမ်း၊  တံတား၊ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်လာစေပါသည်။ ထို့အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ  အပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အခြေခံအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို     ဖြစ်ပေါ်စေပြီး   သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေကာ   ဒေသနေပြည်သူများ  အကျိုး ခံစားခွင့်ရရှိစေပြီး   ဒေသဖွံ့ဖြိုးရေး၊   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို  ဘက်ပေါင်းစုံမှ အထောက်အကူပြု သည့်အပြင်    ဒေသတွင်း   နိုင်ငံများအတွင်း   ခရီး လှည့်လည်    ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးကာ   ဒေသ၏ တည်ငြိမ်အေးချမ်းရေးကိုလည်း တိုးတက်ရရှိစေနိုင် မည်ဖြစ်ပါသည်။

 
နိုင်ငံတကာနှင့်ဒေသတွင်း
ခရီးသွားလုပ်ငန်းအခြေအနေ


ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် ခံစားနေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏  ရိုက်ခတ်မှုဒဏ်ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မေလအထိ  ကမ္ဘာတစ်ဝန်း နိုင်ငံတကာခရီးသည်   ရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် ကာလများနှင့် နှိုင်းယှဉ်ပါက  အရေအတွက်အားဖြင့် သန်း ၄၆၀ (၈၅ ရာခိုင်နှုန်း) ခန့် ကျဆင်းသွားကြောင်း နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းသမိုင်းတွင်   အဆိုးရွား ဆုံးကျဆင်းမှုဟု   သတ်မှတ်ကြပါသည်။   အလားတူ အာရှ- ပစိဖိတ်ဒေသသည်လည်း     ၂၀၁၉ ခုနှစ် ခရီးသည်ရောက်ရှိမှုထက် ၉၅ ရာခိုင်နှုန်း၊ ဥရောပ ဒေသတွင် ၈၅ ရာခိုင်နှုန်းနှင့် အမေရိကဒေသတွင် ၇၂ ရာခိုင်နှုန်း အသီးသီး လျော့နည်းကျဆင်းသွား ကြောင်း      ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရှိရပါသည်။ 


မြန်မာ့ခရီးသွားလုပ်ငန်း


ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအကြောင်းအရာများဖြစ်သည့်  နိုင်ငံတကာ နှင့်ဒေသတွင်း နိုင်ငံများအကြား   ခရီးသည်ပို့ဆောင် ရေးလုပ်ငန်းများ           အဆင်ပြေချောမွေ့စေရန်၊ အပြည်ပြည်ဆိုင်ရာ  နယ်စပ် ဝင်/ ထွက်ပေါက်များ တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး၊  အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ     ပိုမိုချိတ်ဆက်ပျံသန်းခွင့် ရရှိစေရေး၊ ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ဖြေလျှော့မှုများ
ညှိနှိုင်းခွင့်ပြုပေးနိုင်ရေး၊ နိုင်ငံဖြတ်ကျော်မော်တော် ယာဉ်တန်းခရီးစဉ်များ၊     စက်တပ်ရွက်လှေနှင့် ခရီးသည်တင်     ဇိမ်ခံသင်္ဘောခရီးစဉ်များ   အလွယ် တကူ    ပိုမိုတိုးတက်ဝင်ရောက်ခွင့်ရရှိစေရေးတို့ အတွက်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  သည်  သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊   လိုအပ်သည်များ  တင်ပြ ဆောင်ရွက်ပေးခြင်းတို့ကို    ကြိုးပမ်းဆောင်ရွက် ခဲ့မှုများကြောင့်      အရှိန်အဟုန်ဖြင့်တိုးတက်ရန် အလားအလာကောင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာ တွင် ၂၀၁၉ ခုနှစ်  ဒီဇင်ဘာလမှစ၍  ကမ္ဘာတစ်ဝန်း ဖြစ်ပွားခံစားခဲ့ရသည့်      ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအပေါ်  ပြည်တွင်း/ ပြည်ပခရီးသည် များ၏ စိုးရိမ်ကြောင့်ကြမှု၊ ရောဂါထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းစဉ်များနှင့်     ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်း များ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံများ ကဲ့သို့ပင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည်လည်း ယနေ့အချိန်ထိ မူလအခြေအနေသို့ ပြန်လည်ရောက် ရှိရန် ခက်ခဲနေဆဲဖြစ်ပါသည်။  
ခရီးစဉ်ဒေသအပေါ်အာမခံနိုင်မှုနှင့် 
လုံခြုံစိတ်ချရသော ခရီးစဉ်ဖြစ်စေရေး


တိုင်းဒေသကြီး/    ပြည်နယ်အသီးသီးတွင် လုပ်ငန်းလိုင်စင်ရယူကာ     လုပ်ကိုင်ဆောင်ရွက် နေကြသည့်   ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှ လုပ်ငန်းရှင်များ၊ လုပ်သားများ၏ ၎င်းတို့ကျွမ်းကျင် ရာ အလုပ်အကိုင်များဖြင့် ဆက်လက်အသက်မွေးရပ်တည်နိုင်ရေးအတွက်    ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာကာ ပြည်တွင်း/ ပြည်ပခရီးသွား များ     ပုံမှန်ဝင်ရောက်လှည့်လည်သွားလာမှုက အရေးကြီးပါသည်။     ခရီးစဉ်ဒေသအသီးသီးသို့ ခရီးသွားဧည့်သည်များ   လည်ပတ်ဝင်ရောက်ရန် အတွက်    အဆိုပါ ခရီးစဉ်ဒေသများသို့ လွယ်ကူ ချောမွေ့စွာ    ဝင်ရောက်လည်ပတ်နိုင်ခွင့်ရရှိရေး သည်လည်း  အရေးပါသကဲ့သို့ လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသများသို့     သွားလာလည်ပတ်ခြင်းနှင့် နေထိုင်စားသောက်ရာ   နေရာပတ်ဝန်းကျင်သည် ကျန်းမာသန့်ရှင်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း တို့ အထူးပင်လိုအပ်ပါသည်။ 


သို့ဖြစ်ရာ ခရီးသွားဧည့်သည်များအတွက် လုံခြုံ စိတ်ချရသည့်   ခရီးစဉ်ဒေသဖြစ်စေရေး   ကြိုတင် ပြင်ဆင် ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအပေါ်   အခြားနိုင်ငံများနည်းတူ မိမိတို့ခရီးစဉ်ဒေသအား ထိုက်သင့်သည့် အာမခံမှု၊ ဝန်ဆောင်မှုပေးနိုင်သည့်      ခရီးစဉ်တစ်ခုအဖြစ် ခရီးသွားဧည့်သည်များက       လက်ခံလာအောင် ကောင်းမွန်သည့် အစီအမံများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်နေသည်ဖြစ်ရာ ဦးစား ပေးဆောင်ရွက်လိုသည့်   ခရီးစဉ်ဒေသအသီးသီးရှိ ခရီးသွားဝန်ဆောင်မှုပေးနေသည့်     လုပ်ငန်းရှင်၊ လုပ်သားများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုသည်  အရေးကြီးသဖြင့် တိုင်းဒေသကြီး/  ပြည်နယ်များအလိုက်   ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းထိုးနှံပြီးစီးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ    သက်ဆိုင်ရာ   ဌာန များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင် များနှင့် အလေးထားကာ  လိုအပ်သည့်   ဆွေးနွေး ညှိနှိုင်းမှုများဖြင့်   ကူညီကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိပါသည်။   ထို့အပြင်   ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအနေဖြင့်  ခရီးသည်များကို     ကျန်းမာ ရေး စောင့်ရှောက်မှုအပါအဝင်   ဝန်ဆောင်မှုများပေးရန်   လိုအပ်သော အစီအမံများ ကြိုတင်ပြင်ဆင်ထားခြင်း၊ သင်တန်း များပေးခြင်း၊   စစ်ဆေးကြပ်မတ်ပေးခြင်းတို့ဖြင့် ယုံကြည်စိတ်ချပြီး    ဘေးအန္တရာယ်ကင်းသော ခရီးစဉ်များဖြစ်စေရန်   အလေးထားဆောင်ရွက်နေ ပါသည်။   ပြည်တွင်း/ ပြည်ပခရီးသွားများအတွက် ကိုဗစ်-၁၉ လုံခြုံစိတ်ချရမှုနှင့်အတူ ဝန်ဆောင်မှုများ ပေးနိုင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ   ပြန်လည် ဖွံ့ဖြိုးလာကာ   ခရီးစဉ်ဒေသအတွင်းရှိ   ခရီးသွား လုပ်ငန်းကို     မှီခိုအားထားရပ်တည်နေကြသည့် ဒေသနေပြည်သူ၊ လုပ်သားများ၏  ဘဝရပ်တည်မှု အတွက်   များစွာအထောက်အကူပြုနိုင်မည်ဖြစ် ပါသည်။ 


ခရီးသွားလုပ်ငန်းမှအလုပ်အကိုင်အခွင့်အလမ်း
ဖန်တီးပေးနိုင်မှု


ကမ္ဘာ့စီးပွားရေးတွင်   ခရီးသွားလုပ်ငန်းသည် သိသာ ထင်ရှားဆုံးနှင့်   တိုးတက်မှုအရှိဆုံး  ကဏ္ဍ တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ကို မြှင့်တင်ရာတွင်    အရေးပါသော   အခန်းကဏ္ဍ တွင်လည်း   ပါဝင်သည်။   ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံများ၏ ပြည်တွင်း ထုတ်ကုန်  (GDP)   တိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို    ဆောင်ကြဉ်းပေးနိုင်ပါ သည်။ 


ကမ္ဘာ့နိုင်ငံအသီးသီးရှိ   ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ဝန်ဆောင်မှုများ  ဆောင် ရွက်ပေးနေသည့် လုပ်သားအင်အား ၂၉၂ ဒသမ၂၂ သန်းခန့်ရှိရာ ကမ္ဘာ့လုပ်သားအင်အား၏ ၉ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာ အရ ခရီးသွားနှင့်ခရီးသွားလုပ်ငန်း၏  ဂျီဒီပီသည် တိုက်ရိုက်ခန့်မှန်းခြေအားဖြင့်     ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၉ ထရီလီယံဒေါ်လာရှိသည်။   ကမ္ဘာလုံး ဆိုင်ရာ ဂျီဒီပီကို တိုက်ရိုက်အများဆုံး   အထောက် အပံ့ပြုသော    နိုင်ငံတွင်   အမေရိကန်ခရီးသွား လုပ်ငန်းသည် ဒေါ်လာ   ၅၈၀ ဒသမ ၇ ဘီလီယံအထိ   အများဆုံး  ထောက်ပံ့ခဲ့သည်ကို  ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က  ထုတ်ပြန်ထားသည့်    စာရင်း များအရ သိရှိရပါသည်။ 


ခရီးသွားလုပ်ငန်းဖြင့်
ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး


ခရီးသွားလုပ်ငန်းကဏ္ဍသည်   နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို     အထောက်အကူပြု နိုင်ခြင်း၊    ဒေသဖွံ့ဖြိုးတိုးတက်ရေး   ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ   ရရှိနိုင်ခြင်း၊ ခရီး သွားလာခြင်းဖြင့်   အချင်းချင်းယုံကြည်မှု၊   ချစ်ခင် ရင်းနှီးမှုများကို    တည်ဆောက်နိုင်ခြင်း၊ တည်ငြိမ် အေးချမ်းမှုကိုဖြစ်ပေါ်စေခြင်း၊    ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို   မပျောက်ပျက်အောင်  ထိန်း သိမ်းတတ်စေခြင်း၊ ဒေသနေပြည်သူများ၏ ရိုးရာ ဓလေ့နှင့်    ကိုးကွယ်ယုံကြည်မှု၊      အယူအဆများကို မပျောက်ကွယ်စေရန်     ထိန်းသိမ်းနိုင်ခြင်းနှင့် ဖော်ထုတ်ပြသနိုင်ခြင်း၊     ထုတ်ကုန်များတွင် ကျယ်ပြန့်စွာ   အဆင့်မြှင့်တင်ထုတ်လုပ်ရောင်းချလာနိုင်ခြင်းတို့ကြောင့်    ဖွံ့ဖြိုးတိုးတက်မှုကို    ရရှိ နိုင်သည်ဖြစ်ရာ   ခရီးစဉ်ဒေသအသစ်များ တိုးမြှင့် ဖော်ဆောင်ခြင်း၊ ခရီးစဉ်ဒေသများသို့   လွယ်ကူစွာ ဝင်ရောက်လည်ပတ်ခွင့်ရရှိစေခြင်း၊   ပြည်တွင်း/ ပြည်ပခရီးသွားများအတွက်   ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေခြင်း၊ ဒေသအလိုက် ခရီးသွား လုပ်ငန်းများ   ပြန်လည်အသက်ဝင်တိုးတက်လာ စေခြင်းကြောင့်      နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်    ခရီးသွားလုပ်ငန်းအား ဦးစားပေးကဏ္ဍအဖြစ်           ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား ဂုဏ်ပြုတင်ပြအပ်ပါသည်။        ။