မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ဘိန်းဖြူ ၂၃ ကီလိုကျော် သိမ်းဆည်းရမိ

 

နေပြည်တော်  စက်တင်ဘာ   ၂၄ 


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တွင် ငွေကျပ် ၁ ဒသမ ၃၈  ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ        တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ  ၂၃ ရက် ညနေ ၆  နာရီခန့်က ပုသိမ်ကြီးမြို့နယ်      ကျောက်ချောကျေးရွာ ၁၆ မိုင်   ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေး သို့ နိုင်ဇော်ထွန်း(၂၆နှစ်)   မောင်းနှင်လာသည့် Hino Truck  ၁၂ ဘီး  မော်တော်ယာဉ်ကို  သတင်းအရ   စစ်ဆေးရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ  ၂၃  ဒသမ   ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး         စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ  ဘိန်းဖြူများကို    ရှမ်း ပြည်နယ်မြောက်ပိုင်း    သီပေါမြို့နယ်မှ   စစ်ကိုင်းတိုင်းဒေသကြီး    ပင်လည်ဘူးမြို့နယ် သို့  သယ်ဆောင်ခြင်းဖြစ်ကြောင်း  သိရှိရ သဖြင့် ၎င်းအား  ဥပဒေအရ   အရေးယူထားရှိ ကာ   ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး       ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်