
နေပြည်တော် စက်တင်ဘာ ၂၆
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းသုံးခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ၁၂ စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီး ဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း ၈၈ တန်တင်သွင်းခဲ့ သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင် သည့် တာဝန်ခံ(Contact Person)များကိုလည်း ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်