
ကာတာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အဖြစ် Formula One Grand Prix ပြိုင်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်သည်ဟု အောက်တိုဘာ ၁ ရက်တွင် ပွဲစီစဉ်ကျင်းပသူများက ပြောသည်။ အဆိုပါပြိုင်ပွဲကို ဒိုဟာမြို့ မြောက်ပိုင်း လူဆယ်အပြည်ပြည်ဆိုင်ရာပြိုင်ကားကွင်းအတွင်း နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ကာတာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှစတင်ကာ ဖော်မြူလာ ဝမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ၁၀ နှစ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည်။
ယခုနှစ်ရာသီအတွက် ကာတာနိုင်ငံနှင့် လက်တွဲလုပ်ဆာင်ရသည့်အတွက်ကျေနပ်ဝမ်းသာမိကြောင်း၊ ကာလရှည်ကြာ စာချုပ်အတွက်လည်း ဝမ်းသာမိကြောင်း ဖော်မြူလာဝမ်းပြိုင်ပွဲမှ စီအီးအို ဒိုမနစ်ကယ်လီကပြောသည်။ ကားပြိုင်ပွဲတွင် စိတ်ဝင် စားမှုများပြားလာပြီး နေရာအများအပြားတွင် ပြိုင်ပွဲများကျင်းပနိုင်ရေး မျှော်လင့်ထားကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အောင် - ရေးသားသည်