
ဗြိတိန်လက်ဝှေ့ကျော် အန်တိုနီ ဂျိုရှုဝါက တံခွန်စိုက်ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ပွဲတွင် ယူကရိန်း လက်ဝှေ့ကျော် အိုလက်ဆန်ဒါယူဆက်ကို ဘယ်နေရာမှာ အမှားလုပ်မိပြီး ရှုံးနိမ့်ခဲ့သလဲဆိုတာကို သဘောပေါက်နားလည်သွားပြီလို့ ဝန်ခံပြောကြားလိုက်သလို သူ့ရဲ့အမှားတွေကနေ သင်ခန်းစာယူခဲ့တယ် လို့လည်း ဆိုပါတယ်။
သူတို့နှစ်ဦးဟာ လန်ဒန်ရဲ့ တော့တင်ဟမ်ဟော့စပါးအားကစားရုံကြီးမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ယူကရိန်းလက်ဝှေ့ကျော်ဟာ ဗြိတိန်ရဲ့ WBA၊ WBO၊ IBF နဲ့ IBO တို့ရဲ့ ချန်ပီယံခါးပတ်တွေကို ရရှိခဲ့ပါ တယ်။ “ကျွန်တော်ယှဉ်ပြိုင်ထိုးသတ်ပွဲကို ပြန်ကြည့်ခဲ့ပါတယ်။ လိုအပ်ချက်တွေကို သုံးသပ်ပြီး အမှားတွေကို တွေ့ရှိခဲ့ပါတယ်။ အမှားတွေကနေ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်” ဟု ဂျိုရှုဝါက ပြောပါတယ်။ “ကျွန်တော့် အတွက် မစိုးရိမ်ကြပါနဲ့။ ကျွန်တော့်ရဲ့စိတ်ဓာတ်က သန်မာပါတယ်” ဟု သူက ထပ်ပြောခဲ့ပါတယ်။
မကျေပွဲကို လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လမှာ ဆင်နွှဲမယ်လို့ မျှော်လင့်ရပါတယ်။
လင်းခေတ်ဆန်