နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၅၇ / ၂၀၂၁


၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း   ၁    ရက်
 (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ   ၆   ရက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။    ဤဥပဒေကို “နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင် သည့် ဥပဒေ” ဟု ခေါ်တွင်စေရမည်။


၂။    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ ကို အောက်ပါအတိုင်း  အစားထိုးရမည်-
    “၄၁။    မည်သူမဆို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ 
        ဤဥပဒေအရ      ထုတ်ပြန်သည့်     နည်းဥပဒေများ၊ 
        စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ 
        ညွှန်ကြားချက်နှင့်          လုပ်ထုံးလုပ်နည်းများတို့ပါ 
        တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုရ။”

၃။    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ  ပုဒ်မ  ၄၄  တွင်  ပါရှိသော “သို့မဟုတ် ၄၁” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၄။    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၄ ၏ နောက်တွင်  ပုဒ်မ ၄၄-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၄၄-က။    မည်သူမဆို ပုဒ်မ ၄၁ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို 
        ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် 
        ခြင်းခံရလျှင်  ထိုသူအား  တစ်နှစ်ထက်မပိုသည့် 
        ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး 
        ဖြစ်စေ ချမှတ်ရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်-

                    (ပုံ) မင်းအောင်လှိုင်
                       ဗိုလ်ချုပ်မှူးကြီး
                   ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ