ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type
1

 

ဆုဝေ

တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်း 


မွန်ဂိုလီးယားနိုင်ငံကို    ၁၃   ရာစုတွင်    Genghis Khan က  တည်ထောင်ခဲ့သည်။  မွန်ဂိုလီးယားနိုင်ငံ သည် ဘဲဥပုံမြေမျက်နှာသွင်ပြင်ရှိသော နိုင်ငံဖြစ်ပြီး အနောက်မှအရှေ့သို့ ၁၄၈၆ မိုင် (၂၃၉၂ ကီလိုမီတာ)၊ မြောက်မှတောင်သို့ ၇၈၂ မိုင် (၁၂၅၉ ကီလိုမီတာ) ကျယ်ဝန်းသည်။ မွန်ဂိုလီးယားသည် ကုန်းပြင်မြင့် တစ်ခုဖြစ်ပြီး ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် ၅၁၈၀ ပေ   (၁၅၈၀ မီတာ)  ခန့်  ရှိသည်။ လူဦးရေ နည်းပါး၍   နယ်မြေကျယ်ပြန့်ပြီး   ပြင်သစ်နိုင်ငံ၏ သုံးဆ၊ တက္ကဆက်ဒေသ၏ နှစ်ဆ ရှိသည်။ ရုရှားနှင့်  တရုတ်အကြား ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ သမိုင်း တွင်   မွန်ဂိုအင်ပါယာကို   တည်ထောင်ခဲ့သည်။  နောက်ပိုင်းတွင် တရုတ်လက်အောက်သို့  ကျရောက် ခဲ့ပြီး  ၁၉၂၁ ခုနှစ်တွင်   လွတ်လပ်ရေးရခဲ့သည်။   မွန်ဂိုလီးယားပြည်သူ့သမ္မတနိုင်ငံကို ထိုအချိန်က ဆိုဗီယက်နိုင်ငံ၏ လွှမ်းမိုးမှုအောက်တွင်  ဖွဲ့စည်းခဲ့ သည်။ ၁၉၆၁ ခုနှစ်တွင် UN အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ ပါဝင်သော အင်ပါယာကို တည်ထောင်ခဲ့သည်။  


မွန်ဂိုလီးယားနိုင်ငံတွင်   ဗုဒ္ဓဘာသာ ၉၀ ရာခိုင် နှုန်းရှိသည်။  အသက်  ၁၈   နှစ်မှ ၂  ၅  နှစ်ကြား မွန်ဂိုလီးယားနိုင်ငံသားတိုင်းသည် စစ်တပ်တွင် ၁၂ လ ကြာ    စစ်မှုထမ်းရသည်။   မွန်ဂို လီးယားနိုင်ငံတွင်       သတင်းထုတ်​ဖော်ခွင့်နှင့်   စပ်လျဉ်း၍   နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့်   သတင်းအချက်အလက် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကို  တားမြစ်ထားသည်။ အစိုးရနှင့်   ပါလီမန်ဆိုင်ရာ   ဆုံးဖြတ်ချက်များကို လူထုသို့ ထုတ်ဖော်ပြောကြားမှု နည်းပါးသည်။ မွန်ဂိုလီးယားနိုင်ငံတွင် ပြည်နယ်  ၂၁ ခု၊   ခရိုင်ခွဲ  ၃၃၁  ခု  ရှိသည်။ ခရိုင်များတွင် သက်ဆိုင်ရာဒေသ အာဏာပိုင်များ   ရှိကြသည်။ Ulaanbaatar (Ulan Bator)သည် မြို့တော်ဖြစ်ပြီး   မြို့ပြခရိုင်ကိုးခု ပါဝင် သော  မြူနီစီပယ်ဝိသေသရှိသည်။ မြို့တော်မှာ ၄၇၀၄ ကီလိုမီတာ ကျယ်ဝန်းသည်။   မြို့တော်တွင်   မွန်ဂိုလီးယားနိုင်ငံ၏   လူဦးရေထက်ဝက်ကျော်  နေထိုင်သည်။ စီးပွားရေး၊ လူမှုရေး၊    နိုင်ငံရေးများ တွင် ဗဟိုချုပ်ကိုင်မှု မြင့်မားသည်။ မျက်မှောက်ခေတ် နိုင်ငံရေးသုံးသပ်သူများက   မွန်ဂိုလီးယားနိုင်ငံသည်   ဒီမိုကရေစီတိုင်းပြည်ထက်   “ဒီမိုကရေစီမြို့တော်”   အသွင်ဆောင်ကြောင်း  သုံးသပ်ကြသည်။   သမ္မတ၊ ၂၁ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့တော်အုပ်ချုပ် ရေး မှူးကို   ဝန်ကြီးချုပ်မှ   အတည်ပြုခန့်အပ်သည်။ ပြည်နယ်များကို  ခရိုင်နှင့်   ခရိုင်ခွဲများအဖြစ်  ထပ်ခွဲ သည်။ ခရိုင်နှင့်   ခရိုင်ခွဲများကို   ဒေသအာဏာပိုင် များဖြင့် အုပ်ချုပ်သည်။


ရွေးကောက်ပွဲသမိုင်း


မွန်ဂိုလီးယားနိုင်ငံသည်  ၁၉၇၃  ခုနှစ်မှစတင်၍ ရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည်။ ၁၉၇၇၊ ၁၉၈၁၊ ၁၉၈၆၊ ၁၉၉၀   ရွေးကောက်ပွဲများကို   လေးနှစ် တစ်ကြိမ်ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို    ရေးဆွဲခဲ့ပြီး လွှတ်တော်တစ်ရပ်စနစ်ကို  စတင်ကျင့်သုံးခဲ့သည်။ ၁၉၉၃  ခုနှစ်တွင်   ပထမဆုံးသမ္မတကို   တိုက်ရိုက် ရွေးကောက်တင်မြှောက်သည့်စနစ်အား ကျင့်သုံးခဲ့ သည်။  မွန်ဂိုလီးယားနိုင်ငံတွင်   လေးနှစ်တစ်ကြိမ် ပါလီမန်ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲများကို အောက်ပါ ခုနှစ်များအလိုက်ကျင်းပသည်−


ပါလီမန်ရွေးကောက်ပွဲများ  −  ၁၉၉၂၊ ၁၉၉၆၊     ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆
သမ္မတရွေးကောက်ပွဲများ   −  ၁၉၉၃၊၁၉၉၇၊ ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၉၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် (First Round/ Second Round) နှစ်ကြိမ်ရွေးချယ်ခဲ့သည်။ ယခုနောက်ဆုံးကျင်းပခဲ့ သော    ရွေးကောက်ပွဲမှာ ၂၀၂၀  ပါလီမန်ရွေးကောက်ပွဲ၊   ၂၀၂၁   သမ္မတရွေးကောက်ပွဲ ဖြစ်ပါသည်။ 
ရွေးကောက်ပွဲ တစ်ခုစီတိုင်းကို မတူညီသော ရွေးကောက်ပွဲစည်းမျဉ်းများဖြင့် ကျင်းပခဲ့ကြသည်။    

 
၁၉၉၂ ခုနှစ်တွင်    −     Block Vote System 
၁၉၉၆ ခုနှစ်တွင်    −     Party   List   and 
        Candidate System
၂၀၀၀ ပြည့်နှစ်တွင်  −     First Past the Post 
        System


၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီကိုယ်စား ပြု (Party list−PR) စနစ်နှင့်  အနိုင်ရသူ  အကုန်ယူ (FPTP)စနစ်  နှစ်ခုကို  ပေါင်းစပ်ကျင့်သုံးခဲ့သည်။ ၂၁-၄-၂၀၁၆ တွင် မွန်ဂိုလီးယား ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ (Party list−PR) စနစ်ကျင့်သုံးမှု ကို ပယ်ချခဲ့သည်။  (Party  list−PR)  စနစ်သည် နိုင်ငံသားများက မိမိတို့ ကိုယ်စားလှယ်ကို တိုက်ရိုက် ရွေးကောက်ခွင့်မရှိဟု ငြင်းချက်ထုတ်ခဲ့ကြသည်။ ရွေးကောက်ပွဲမတိုင်မီ နှစ်လအလို ၅−၅−၂၀၁၆ တွင် ပါလီမန်သည် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ခဲ့ပြီး  (Party list−PR) စနစ်ကို    ပယ်ဖျက်ကာ   Full Majority စနစ်ကို   ကျင့်သုံးရန်  ချမှတ်ခဲ့ကြသည်။ ဤအပြောင်းအလဲသည်  မဲဆွယ်စည်းရုံးရေးပြုလုပ် ရမည့်ကာလနှင့်   အလွန်နီးကပ်နေပြီး   လက်ရှိ နိုင်ငံရေးပါတီများကို အခွင့်ပိုသာစေကာ မဲဆန္ဒရှင် များကို  အသိပညာပေးချိန်နည်းသည်ဟု  ဝေဖန်ခဲ့ သည်။ ရွေးကောက်ပွဲကို တာဝန်ယူသော အထွေထွေ ရွေးကောက်ပွဲကော်မရှင်(GEC) အနေဖြင့်လည်း ယခုလို   အနီးကပ်ပြောင်းလဲခြင်းအားဖြင့်   စီစဉ် လျာထားသော ရွေးကောက်ပွဲအသုံးစရိတ်ပမာဏ ထက် ပိုမိုကုန်ကျခဲ့သည်။ ရွေးကောက်ပွဲဥပဒေကို ၂၂−၁၂−၂၀၁၉ ရက်နေ့တွင် နောက်ဆုံး ပြင်ဆင်ခဲ့ သည်။


နိုင်ငံရေးပါတီများ


မွန်ဂိုလီးယားနိုင်ငံတွင်     ပါတီများစွာရှိသည်။ မွန်ဂိုလီးယားနိုင်ငံသည်    ပါတီစုံယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးစနစ်ကို တည်ထောင်ခဲ့သည်။ မွန်ဂိုလီးယား နိုင်ငံတွင်   ယခင်ကအဓိကအားဖြင့်   ပါတီကြီးနှစ်ခု ရှိခဲ့သည်။ The   Mongolian  People's  Revol-utionary Party (MPRP) နှင့် The Democratic Party(DP)  တို့ ဖြစ်ပါသည်။   The  Mongolian People's Revolutionary Party (MPRP) သည် ၁၉၉၂ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ် ပါလီမန်ရွေး​ကောက်ပွဲ၊ ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၅ သမ္မတရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ The Mongolian People's Revolutionary Party (MPRP) ပါတီသည်   ပါလီမန်တွင်   လွှတ်တော် ကိုယ်စားလှယ်ဦးရေအများဆုံးဖြင့်     ပါလီမန်ကို အုပ်ချုပ်ခဲ့ပြီး ဆန့်ကျင်ဘက် ပါတီက သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၇−၂၀၀၀ ပြည့်နှစ်တွင် The Mongolian People's Revolutionary Party (MPRP) ပါတီသည် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆန့်ကျင်ဘက်ပါတီက   ပါလီမန်တွင်   လွှတ်တော် ကိုယ်စားလှယ်ဦးရေအများဆုံးဖြင့်    ပါလီမန်ကို တာဝန်ယူခဲ့သည်။ ထိုစနစ်ကို Semi-Presidential System အတူတကွပေါင်းစပ် အုပ်ချုပ်သောကာလ ဟု ခေါ်သည်။ The Mongolian People's Revolut-ionary Party (MPRP) ပါတီသည် ခုနစ်နှစ်နီးပါး နိုင်ငံကို အုပ်ချုပ်ခဲ့သည်။   ဆိုဗီယက်နှင့်  တရုတ်နိုင်ငံ အကြား  အခြေအနေကို   ထိန်းညှိအုပ်ချုပ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင်  ပြည်သူများက The Mongolian People's Revolutionary Party (MPRP) အစိုးရကို နုတ်ထွက်ရန်   တောင်းဆိုခဲ့ပြီးနောက်  One Party Communist  State   စနစ်  အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ မွန်ဂိုလီးယားနိုင်ငံ ၏ နိုင်ငံရေးနှင့်စီးပွားရေးစနစ်သည် ၁၉၉၂ ခုနှစ်တွင် ချမှတ်ခဲ့သော     ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းအသစ်များအရ  ပါလီမန်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခဲ့သည်။ ဆိုဗီယက်ယူနီယံ အကူ အညီမပါသော ဆယ်စုနှစ်လွန်ခဲ့ပြီးနောက် မွန်ဂို လီးယားနိုင်ငံသည် နိုင်ငံခြားပဋိညာဉ်ဖြင့် ကုန်သွယ် မှုများကို     ချဲ့ထွင်ခဲ့သည်။  မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည်   နိုင်ငံ့အမြင့်ဆုံးဥပဒေ ဖြစ်သည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည်။   အာရှတွင်    ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ အာဏာကို  သမ္မတနှင့်  ပါလီမန် (The State Great Hural – Uisyn Ikh Khural ) အကြား ခွဲဝေထားသည်။ The Mongolian People's Revolutionary Party (MPRP) သည် ၁၉၉၂၊ ၂၀၀၀ ပြည့်နှစ် ပါလီမန် ရွေး​ကောက်ပွဲ၊ ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၅ သမ္မတရွေးကောက်ပွဲ များတွင်   အနိုင်ရခဲ့သည်။   ၁၉၉၀  ပြည့်နှစ်တွင် ကိုယ်စားလှယ်လောင်းဦးရေ  ၅၀ နေရာသာရှိခဲ့သည်။


ရွေးကောက်တင်မြှောက်ခြင်း


၁၉၉၀ ပြည့်နှစ်တွင်   ပထမဆုံးလွတ်လပ်ပြီး ပါတီစုံပါဝင်သောရွေးကောက်ပွဲ ( လွှတ်တော်နှစ်ရပ် ပါဝင်သော) ရွေးကောက်ပွဲကို ၂၉−၇−၁၉၉၀ ပြည့်နှစ် တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ် အရေအတွက်ကို    ခရိုင်လူဦးရေအပေါ်မူတည်ပြီး ရွေးချယ်သည်။   ဆန္ဒမဲလက်မှတ်ပေါ်တွင်ရှိသော ပါတီအရေအတွက်၊  ကိုယ်စားလှယ်အရေအတွက် သည် ခရိုင်အတွင်း မှတ်ပုံတင်ထားသော ပါတီအရေ အတွက်၊ ကိုယ်စားလှယ်အရေအတွက်အတိုင်းသာ ဖြစ်သည်။   လူတစ်ဦးသည်    ခရိုင်တစ်ခုထဲ၌သာ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်  မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ကိုယ်စားလှယ်လောင်း တစ်ဦးသည်   မိမိဝင်ရောက်ယှဉ်ပြိုင်သောခရိုင် အတွင်း အနည်းဆုံးထောက်ခံမဲ ၂၅  ရာခိုင်နှုန်းရရှိ ရမည်။ မဲပေးသည့်အခါ  အမှတ်ခြစ်၍ ဆန္ဒပြုခြင်းစနစ် ကို ကျင့်သုံးသည်။ မဲပေးသူ ၅၀ ရာခိုင်နှုန်းရှိမှသာ မဲပေးခြင်း အထမြောက်မည်ဖြစ်သည်။ မွန်ဂိုလီးယား နိုင်ငံတွင်  သမ္မတရွေးကောက်ပွဲကို   နှစ်ကျော့ပြန် ရွေးကောက်တင်မြှောက်ခြင်းစနစ်   (Two   Round System) ကျင့်သုံးပြီး လေးနှစ်တစ်ကြိမ် သမ္မတကို ရွေးကောက်တင်မြှောက်သည်။    နှစ်ကျော့ပြန် ရွေးကောက်တင်မြှောက်ခြင်းစနစ်   (Two   Round System) ဆိုသည်မှာ အနိုင်ရသော ကိုယ်စားလှယ် လောင်းသည်  ဆန္ဒမဲအများစုကို  အပြတ်အသတ် ရရှိမှသာ   (တစ်နည်းအားဖြင့်   ထောက်ခံမဲပေးသူ ၅၀ ရာခိုင်နှုန်း ကျော်မှသာ) အရွေးခံရမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲစနစ်များတွင်   ပထမအကြိမ်  မဲပေးရုံဖြင့် လွှတ်တော်ကိုယ်စားလှယ် မပေါ်ထွက် လာပါက  မဲအများစုအနိုင်ရသူကို   တင်မြှောက်နိုင်ရန် မဲဆန္ဒရှင်တို့၏   ဒုတိယဦးစားပေးရွေးချယ်မှုကို အသုံးပြုကြသည်။


ဝန်ကြီးချုပ်ကို     ပါလီမန်မှ     ရွေးချယ်သည်။  လက်ရှိကျင့်သုံးနေ​သော အစိုးရစနစ်သည် Unitary Semi-Presidential Republic ဖြစ်သည်။  ပါလီမန် တစ်ရပ်သာရှိပြီး   ပါလီမန်ကို  ၇၆ နေရာဖြင့် ဖွဲ့စည်း ထားသည်။ ပါလီမန်ကို (State Great Hural− Uisyn Ikh Khural ) ဟုလည်းခေါ်သည်။  ၇၆  နေရာရှိသည့် အနက်  ၄၈  နေရာကို ကိုယ်စားလှယ်အများစုပါသော  မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်အများစု၏ဆန္ဒမဲဖြင့် ရွေးချယ်သောစနစ်  (plurality vote in multi-member constituencies)  ဖြင့် ရွေးချယ်သည်။ ၂၈ နေရာကို စာရင်းပိတ်   အချိုးကျကိုယ်စားပြုစနစ် (closed-list   proportional   representation system) ဖြင့် ရွေးချယ်သည်။  မဲဆန္ဒနယ်တစ်ခုစီ၌ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် အနည်းဆုံး  ၅၀  ရာခိုင်နှုန်း   မဲလာပေးလျှင်    အထမြောက်သည်။ ပါလီမန် (The State Great Hural− Uisyn Ikh Khural ) ၏     ကိုယ်စားလှယ်များ    သေဆုံးခြင်း၊ နုတ်ထွက်ခြင်း၊    ပြစ်ဒဏ်ကျခံခြင်းများရှိပါက  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည်။ မဖြစ်မနေ မဲပေးရသောစနစ်ဖြစ်ပြီး လျှို့ဝှက်မဲပေးသောစနစ်ကို ကျင့်သုံးသည်။ ပါလီမန် (The State Great Hural− Uisyn Ikh Khural ) ကို လေးနှစ်တစ်ကြိမ်ရွေးချယ် သည်။ မဲဆန္ဒရှင်  သုံးပုံ နှစ်ပုံ မဲပေးရန်လိုအပ်သည်။ ပါလီမန် (The State Great Hural− Uisyn Ikh Khural) ၏ တာဝန်မှာ အစည်းအဝေးကျင်းပခြင်း၊ ဆွေးနွေးပွဲများ၊  ဥပဒေမူကြမ်းစိစစ်ခြင်း၊    နှစ်စဉ် ဘတ်ဂျက်ရေးဆွဲခြင်း၊   ပြည်တွင်းရေး၊   နိုင်ငံခြားရေး မူဝါဒချမှတ်ခြင်း၊ အရေးပေါ်အခြေအနေကြေညာ ခြင်း၊ စစ်ကြေညာခြင်း၊  နိုင်ငံတကာနှင့် စာချုပ်ချုပ် ဆိုခြင်းတို့ကို   ဆောင်ရွက်သည်။   သမ္မတသည် ပါလီမန်နှင့်အတူ     တာဝန်ရှိသည်။ သမ္မတသည် ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ပြီး    အမျိုးသား လုံခြုံရေးကောင်စီ၏ အကြီးအကဲလည်း   ဖြစ်သည်။   ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သမ္မတကို ဥပဒေပြုရေး ဆွဲနိုင်ခွင့်ပေးအပ်ထားသည်။ ပါလီမန်မှထုတ်ပြန် သော ဥပဒေအားလုံးကိုဖြစ်စေ၊   တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ   ဗီတိုဖြင့် ပယ်ခွင့်ရှိသည်။  ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ   ဥပဒေကို   ပြင်ဆင်ခဲ့သည်။ ဝန်ကြီးချုပ်ရွေးချယ်ရန် လုပ်ထုံးလုပ်နည်း ပြင်ဆင် ခြင်းနှင့် ပါလီမန်အစည်း အဝေးကာလ  လျှော့ချခြင်း တို့ကို    ပြင်ဆင်ခဲ့သည်။   သမ္မတရာထူးအပ်နှင်းပွဲ အခမ်းအနားသည် အကြီးဆုံး အခမ်းအနားဖြစ်သည်။


အထွေထွေရွေးကောက်ပွဲကော်မရှင်(GEC) 


အထွေထွေရွေးကောက်ပွဲကော်မရှင်  (GEC)သည်  ပါတီများ၊  လွှတ်တော်ကိုယ်စားလှယ်လောင်း များရရှိသည့်  မဲအရေအတွက် အချိုးအစားနှင့်အညီ နေရာများခွဲပေးရန်    တာဝန်ရှိသည်။   အထွေထွေ ရွေးကောက်ပွဲကော်မရှင်(GEC) တွင်  ဗဟိုကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာနခွဲ ဟူ၍ ရှိသည်။ ဗဟိုကော်မရှင်ကို   အဖွဲ့ဝင်ငါးဦးမှ ခုနစ်ဦးအထိ ဖွဲ့စည်းထားသည်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို အဖွဲ့ဝင် ခုနစ်ဦးမှ ၁၃ ဦးထိ ဖွဲ့စည်း ထားပြီး ခရိုင်များ၊  ခရိုင်ခွဲများ၊  မြို့တော်၏  မြို့ပြ ခရိုင်ကိုးခုပါဝင်သည်။     ရွေးကောက်ပွဲဌာနခွဲကို သက်ဆိုင်ရာနယ်မြေ   အုပ်ချုပ်ရေးမှူးများက မိမိ ဒေသရှိ  မဲဆန္ဒရှင် အရေအတွက်အပေါ်မူတည်၍  ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊  အဖွဲ့ဝင်များဖြင့်  ဖွဲ့စည်း ထားသည်။ မဲဆန္ဒရှင်များကို ရွေးကောက်ပွဲဌာနခွဲများ ၏ တည်နေရာ၊ ရုံးချိန်၊ ရွေးကောက်ပွဲအချိန်ဇယား များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေး သည်။ ရွေးကောက်ပွဲဌာနခွဲများတွင်  မဲဆန္ဒရှင် မှတ်ပုံတင်ခြင်း၊ မဲဆန္ဒနယ် ပြောင်းရွှေ့မှတ်ပုံတင်ခြင်း၊ ဥပဒေအရမဲပေးခွင့်မရှိသူစာရင်းကို         မှတ်ပုံတင်ရုံး သို့ အကြောင်းကြားခြင်း၊ မဲရုံပြင်ဆင်ခြင်း၊ ရွေ့လျား မဲရုံ ပြင်ဆင်ခြင်း၊  မဲရေတွက်ရန်ပြင်ဆင်ခြင်းနှင့် အခြား မြေပြင်လိုအပ်ချက်များကို ဆောင်ရွက်သည်။ ဗဟို ကော်မရှင်၊       ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာနခွဲများတွင်  မိမိစီရင်ပိုင်ခွင့်အတွင်း ပေါ်ပေါက်လာသော  အငြင်းပွားမှုများကို ကော်မတီ အစည်းအဝေးပြုလုပ်ပြီး တက်ရောက်သောအဖွဲ့ဝင် များဖြင့် မဲခွဲဆုံးဖြတ်သည်။ 


အထွေထွေရွေးကောက်ပွဲ   ကော်မရှင်(GEC)သည် မှတ်ပုံတင်ခြင်း၊ ပါတီငွေစာရင်းများကို   နိုင်ငံ ၏   စာရင်းစစ်ဌာနနှင့် ပူးပေါင်း၍   စစ်ဆေးနိုင်သည်။   မဲစာရင်းများကို     နိုင်ငံသားမှတ်ပုံတင်ခြင်းနှင့် သတင်းအချက်အလက်များအပေါ် မူတည်၍ စာရင်း ပြုစုသည်။ နိုင်ငံရှိ မှတ်ပုံတင်ဌာနမှ မဲစာရင်းစစ်ဆေး ခြင်း၊  နှစ်ကြိမ်ထပ်များပယ်ခြင်း၊    စာရင်းမပါသော   မဲဆန္ဒရှင်များ ဖြည့်စွက်ခြင်းကို ဆောင်ရွက်သည်။ မဲစာရင်းတွင်   အမည်၊  လိင်၊  လိပ်စာများအတိုင်း မဲစာရင်းပြုစုသည်။     သက်ဆိုင်ရာဌာနခွဲများမှ  ပြုစုထားသောမဲစာရင်းများကို ပြည်နယ်မှတ်ပုံတင် ရုံးခွဲများမှစစ်ဆေးပြီး မှတ်ပုံတင်ဌာနချုပ်သို့   ပေးပို့ ကာ  ထိုမှတစ်ဆင့် Website တင်သည်။   မဲစာရင်း ပြင်မည်ဆိုပါက ဗဟိုတရားရုံး၏    ခွင့်ပြုချက်ယူ၍    ပြင်ရမည်။ ရွေးကောက်ပွဲဌာနခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက မဲစာရင်းကို စစ်ဆေးပြီး လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာသည်။ မဲဆန္ဒရှင်ကလည်း မဲမပေးမီ မဲစာရင်း စစ်ဆေးရမည်။  မှတ်ပုံမတင်ရသေးသော မဲဆန္ဒရှင် များ၊     မဲဆန္ဒနယ်လွဲ၍      မှတ်ပုံတင်ထားသူများကို ရွေးကောက်ပွဲနေ့မတိုင်မီ     ၁၀    ရက်   ကြိုတင်၍ အကြောင်းကြားရပါသည်။      မွန်ဂိုလီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက် ပွဲကော်မရှင်တို့သည် ရွေးကောက်ပွဲဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရန်   နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားသည်။


ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခြင်း


နိုင်ငံရေးပါတီများ၊  ညွန့်ပေါင်းအဖွဲ့များအနေဖြင့် ရွေးကောက်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ထားရသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့်  ပါတီ၊  ညွန့်ပေါင်းအဖွဲ့များမှ ကိုယ်စားလှယ်လောင်းများသည်   သတ်မှတ်ထား သော ရွေးကောက်ပွဲအာမခံငွေတင်သွင်းပြီး ဥပဒေ နှင့်အညီ မှတ်ပုံတင်ရသည်။ အသက် ၂၅ နှစ်ပြည့်ပြီး မဲပေးနိုင်သည့်  အရည်အချင်း  သတ်မှတ်ချက်နှင့် ကိုက်ညီသူဖြစ်ရမည်။  ကိုယ်စားလှယ်လောင်းများ အနေဖြင့် အကြွေးမရှိသူဖြစ်ရမည်။ ပါတီတစ်ခုမှ အမည်စာရင်းတင်သွင်းထားသော  ကိုယ်စားလှယ် လောင်းတစ်ဦးသည် အခြားပါတီတွင် အမည်စာရင်း တင်သွင်းခြင်းမပြုနိုင်ပေ။ ခရိုင်တစ်ခုတွင် တစ်ကြိမ် သာ အမည်စာရင်းတင်သွင်းနိုင်ပြီး ခရိုင်တစ်ခုထက် ပို၍ အမည်စာရင်းတင်သွင်းခြင်း မပြုနိုင်ပေ။  ပါတီ တစ်ခုစီသည် တစ်ကြိမ်လျှင် ကိုယ်စားလှယ်လောင်း ဦးရေ ၇၆ ဦးသာ အမည်စာရင်း တင်သွင်းနိုင်သည်။  အမျိုးသမီး ၂၀ ရာခိုင်နှုန်းပါဝင်ရမည်။   တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့်   ထောက်ခံ တင်ပြသည့်    မဲဆန္ဒရှင်များ၏   လက်မှတ်ကို သတ်မှတ်အရေအတွက်အတိုင်း ပူးတွဲတင်ပြရမည်။ မဲရလဒ်သည် ပျမ်းမျှသတ်မှတ်ချက်ထက် ကျော်လွန် ရရှိပါက  ရွေးကောက်ပွဲအာမခံငွေကို  တစ်ဝက်ပြန် ပေးသည်။ ဝန်ထမ်းများ ဝင်ရောက်ယှဉ်ပြိုင်လိုပါက ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ရမည်ဖြစ်သည်။ ခရိုင် ကော်မတီက ခရိုင်တစ်ခုစီအတွက် အမည်စာရင်း တင်သွင်းထားသော  ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်ရမည်။  ပါတီများ၊  ညွန့်ပေါင်းအဖွဲ့များမှ အမည်စာရင်းတင်သွင်းထားသော    ကိုယ်စားလှယ် များကို အစားထိုးလဲလှယ်မည်ဆိုပါက အစားထိုး အမည်စာရင်းကို ရက် ၂၀ အတွင်း တင်သွင်းနိုင်သည်။ 


ရွေးကောက်ပွဲလုပ်ငန်းစဉ်များ


ရွေးကောက်ပွဲကို  မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်တွင်းဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ   ကျင်းပသည်။ ရွေးကောက်ပွဲ လေးမျိုးရှိသည်။ ပုံမှန်ရွေးကောက်ပွဲ၊ ပုံမှန်မဟုတ်သော    ရွေးကောက်ပွဲ၊    ကြားဖြတ် ရွေးကောက်ပွဲ၊ ပြန်လည်ကျင်းပသောရွေးကောက်ပွဲ တို့ ဖြစ်သည်။ ပုံမှန်ရွေးကောက်ပွဲဆိုသည်မှာ လေးနှစ် တစ်ကြိမ် (အရေးပေါ်အခြေအနေမှတစ်ပါး) ပုံမှန် ကျင်းပသည်။ ပုံမှန်မဟုတ်သောရွေးကောက်ပွဲဆိုသည်မှာ ပါလီမန်(The State Great Hural− Uisyn Ikh Khural )  မှ  ယခုကျင်းပသော  ရွေးကောက်ပွဲကို ဖျက်သိမ်းရန်  ဆုံးဖြတ်ခြင်း  (သို့မဟုတ်)  သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် (The State Great Hural− Uisyn Ikh Khural )  ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ကျင်းပခြင်းဖြစ်သည်။   ကြားဖြတ် ရွေးကောက်ပွဲဆိုသည်မှာ   ပါလီမန်   (The State Great Hural− Uisyn Ikh Khural )  အဖွဲ့ဝင်လစ်လပ် နေရာ (ကိုယ်စားလှယ်လောင်း    သေဆုံးခြင်း၊ ကျန်းမာရေး   မကောင်းခြင်း၊   ဆန္ဒအလျောက်နုတ် ထွက်ခြင်း)ကို ဖြည့်ရန်ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။  ပြန်လည်ကျင်းပသော    ရွေးကောက်ပွဲ ဆိုသည်မှာ ပုံမှန်  (သို့မဟုတ်)  ပုံမှန်မဟုတ်သော ရွေးကောက်ပွဲပြီးသည့်နောက်တွင်   တရားမဝင်ဟု ယူဆ၍ နိုင်ငံတစ်ဝန်းလုံးတွင် ပြန်လည်ကျင်းပသော ရွေးကောက်ပွဲ  (သို့မဟုတ်)  ခရိုင်များတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်စေ   ပြန်လည်ကျင်းပသော ရွေးကောက်ပွဲ   ဖြစ်သည်။   သတ်မှတ်ထားသည့် ခိုင်လုံမဲ   ၂၈  ရာခိုင်နှုန်းရရှိသော  ကိုယ်စားလှယ် လောင်း  မရှိလျှင်ဖြစ်စေ၊  မဲပေးသူ   ၅၀   ရာခိုင်နှုန်း မကျော်လျှင်ဖြစ်စေ   ရွေးကောက်ပွဲကို   ပြန်လည် ကျင်းပရသည်။ 


မဲပေးပိုင်ခွင့်ရှိသူ


အသက် ၁၈ နှစ်ပြည့်ပြီးသူ မွန်ဂိုလီးယားလူမျိုး၊ မွန်ဂိုလီးယားနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး စိတ်ပေါ့ သွပ်နေသူ၊ ထောင်ဒဏ်ကျခံနေရသူ  မဟုတ်ပါက ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံခြား တိုင်းပြည်များတွင် နေထိုင်သော မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲတွင် မဲပေးရန် အတွက် သံရုံးများတွင် ဥပဒေနှင့်အညီ မှတ်ပုံတင် ထားရမည်။ ပါတီ   (သို့မဟုတ်)   ညွန့်ပေါင်းအဖွဲ့ အစည်းအတွက်သာ မဲပေးနိုင်သည်။


နိုင်ငံခြားမဲပေးခြင်း


ကော်မရှင်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံခြားမဲပေးခြင်းကို  ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ရွေးကောက်ပွဲနေ့မတိုင်မီ  ၁၅  ရက်အတွင်း ဆန္ဒပြုပြီးသည့်  မဲလက်မှတ်များကို   ချိပ်ပိတ်၍ ပေးပို့ရမည်။ ရွေးကောက်ပွဲနေ့မတိုင်မီ  ရက်  ၆၀ ကြိုတင်၍ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာရမည်။ 


ရွေးကောက်ပွဲအသုံးစရိတ်


ရွေးကောက်ပွဲအသုံးစရိတ်နှင့်   စပ်လျဉ်း၍ ပါတီများ၊   ညွန့်ပေါင်းအဖွဲ့များ၊   တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲပြီး နောက်တစ်လအတွင်း ကော်မရှင်သို့ ရွေးကောက်ပွဲ အသုံးစရိတ်တင်ရမည်ဖြစ်သည်။  ကော်မရှင်သည် အသုံးစရိတ်များကို   စစ်ဆေးပြီး   သုံးလအတွင်း တရားဝင်     ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကော်မရှင်(GEC)သည် ခရိုင်တစ်ခုစီ၏   နယ်မြေ၊   လူဦးရေအနေအထား ပေါ်မူတည်၍ ရွေးကောက်ပွဲအသုံးစရိတ် ပမာဏကို သတ်မှတ်ပေးရမည်။ မိမိကိုယ်ပိုင်ငွေ၊ အလှူငွေများ ကို သက်ဆိုင်ရာအထောက်အထားခိုင်မာစွာတင်ပြ ရမည်။ အထွေထွေရွေးကောက်ပွဲကော်မရှင်(GEC)သည် စာရင်းစစ်ဌာနနှင့်     ပူးပေါင်းပြီး   အဆိုပါ ငွေစာရင်းများကို စစ်ဆေးသည်။ 


(ဆက်လက်ဖော်ပြပါမည်)