နေးရှင်းလိဂ်ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နာမည်ကြီး ဘယ်လ်ဂျီယံနှင့် ပြင်သစ်တို့ယှဉ်ပြိုင်ကစားမည်

 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် နာမည်ကြီး    ဘယ်လ်ဂျီယံအသင်းနှင့် ပြင်သစ်အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၈ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် အီတလီရှိ Allianz အားကစားကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။ 


ဘယ်လ်ဂျီယံအသင်းသည်   နေးရှင်းလိဂ်ပြိုင်ပွဲ လိဂ် (A) ၏ အုပ်စု(၂)တွင် ဒိန်းမတ်၊ အင်္ဂလန်၊ အိုက်စ လန်အသင်းတို့နှင့်ကျရောက်ခဲ့ပြီး ခြောက်ပွဲကစား ငါးပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ၁၅ မှတ်ဖြင့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်။  ပြိုင်ဘက် ပြင်သစ်အသင်းက လိဂ် (A) ၏ အုပ်စု(၃)တွင် လက်ရှိ ချန်ပီယံပေါ်တူဂီ၊ ခရိုအေးရှား၊ ဆွီဒင်အသင်းတို့နှင့် အတူ  ကျရောက်ခဲ့ပြီး   ခြောက်ပွဲကစား ငါးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၆ မှတ်ဖြင့် နေးရှင်းလိဂ် ဆီမီး ဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။  


ဘယ်လ်ဂျီယံအသင်းသည်    ယနေ့ပွဲစဉ်တွင် အီဒင် ဟာဇက်၊ ဒီဘရိုင်း၊ လူကာကူတို့ ဦးဆောင် ပွဲထွက်လာဖွယ်ရှိသလို ပြိုင်ဘက် ပြင်သစ်အသင်းက လည်း ဂရစ်ဇ်မန်း၊ အမ်ဘတ်ပီ၊ ဘင်ဇီမာတို့ ဦးဆောင် ကာ ပွဲထွက်လာဖွယ်ရှိသည်။ ဘယ်လ်ဂျီယံအသင်း သည် ယနေ့ပွဲစဉ်ပြီးလျှင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ ရက်တွင် အက်စ် တိုးနီးယား၊ ၁၇ ရက်တွင်   ဝေးလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ပြိုင်ဘက် ပြင်သစ် အသင်းက ယနေ့ပွဲစဉ်ပြီးလျှင် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် အောက်တိုဘာ  ၁၄  ရက်တွင် ကာဇက်စတန်၊ ၁၇ ရက်တွင် ဖင်လန်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 


အောင်ဇော်