ထားဝယ်မြို့ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၆


အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများ ကို  အဓိကပစ်မှတ်ထား၍  သတ်ဖြတ်ခြင်း ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများ  ဆောင်ရွက်လျက်ရှိရာ   ထားဝယ်မြို့ တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့်   ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   စာရေး (အမျိုးသမီးဝန်ထမ်း)တို့ကို လုပ်ကြံသတ်ဖြတ် ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင်     ပူးပေါင်းပါဝင် ကျူးလွန်သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊  

   သက်ပိုင်ဦး၊     စိုင်းမင်းသူ၊ မင်းဆက်မှူးတို့အပါအဝင် ဆက်စပ်တရားခံ အမျိုးသား၂၀၊    အမျိုးသမီး သုံးဦး     စုစုပေါင်း ၂၃ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏        ထွက်ဆိုချက်အရ အောက်တိုဘာ ၄ ရက်တွင်    ထားဝယ်မြို့ ဆန်းချီရပ်ကွက်  ကမြောကင်းလမ်းရှိ  Gold Sticker ဆိုင်ရှေ့၌      ဆက်စပ်တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး (၂၀)နှစ်အား ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည် လေးတောင့်၊    ကျည်အိမ်  တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး၏ ထွက်ဆိုချက်အရ ၎င်းသည် မေ ၁၄ ရက်တွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ဆိပ်ကမ်းသာလမ်း မော်လမြိုင်ဗောတံတား အနီးတွင်  အပြစ်မဲ့ပြည်သူ   ဦးဖေသန်းကို ဒလန်ဟုစွပ်စွဲကာ လက်လုပ်မိုင်းဖြင့် ပစ်ခတ် ခဲ့ပြီး  ဖမ်းဆီးရန်ကျန် တရားခံ  အောင်ခိုင်မှ သေနတ်ဖြင့်   ပစ်ခတ်ခဲ့သည့်    ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ)ကိုမှူး၊    ထွန်းထွန်းဦးနှင့် ဖမ်းဆီးရန်ကျန်        တရားခံများဖြစ်သော ဌေးလွင်ဖြိုး(ခ)အာလူး၊ ဆက်ပိုင်၊ ဆံရှည်၊ သားကြီး(ခ)ဆူကီ၊ သားကြီး၊ စိုးမိုးထိုက်(ခ)ထိုက်ထိုက်၊  သက်ဦး၊  မောင်သက်(ခ)ဂျပု၊ ကိုပိုင်၊ နောင်အောင်တို့နှင့်အတူ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ  မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး၏ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ် ၂၉ ရက်တွင် တိုင်းဒေသကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊    ပညာရေးနှင့် လေ့ကျင့်ရေးဌာန၊   ဦးစီးမှူးရုံးမှ   ဒုတိယ ညွှန်ကြားရေးမှူး        ဦးသောင်းဒန်နှင့် ယာဉ်မောင်း  ဝေလင်းအောင်တို့    နှစ်ဦးကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ဆိပ်ကမ်း လမ်းရှိ တိုင်းဒေသကြီးတိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း  အနောက်ဘက်တွင် သက်ဦး၊ မင်းဆက်မှူးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ အောင်ပိုင်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ရာတွင်      ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အလားတူ       စက်တင်ဘာ ၂၀ ရက်တွင် ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ရွှေတောင်စား ဘုရားလမ်း      “မလိငပိ”ဈေးဆိုင်ရှေ့တွင် ဘုမ္မော်ရပ်ကွက် စာရေးတာဝန်ထမ်းဆောင်သူ ဒေါ်စန်းစန်းဝေ (၅၇) နှစ်ကို   ရာဇာထွန်းမှ ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ)ကိုမှူး၊     ထွန်းထွန်းဦး၊ ကောင်းကောင်း (ဖမ်းဆီးရန်ကျန်)တို့နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း  ဖော်ထုတ် သိရှိရသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို     လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသတွင်း       ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်  အဓိကစီစဉ်ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ်  မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ မိုးမိုးသူ(ဖမ်းဆီးရန်ကျန်)နှင့် NLD ပါတီမှ   ထားဝယ်မြို့နယ်    အလုပ် အမှုဆောင်အဖွဲ့ဝင် ဇော်လေး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။    


အထက်ပါဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး    ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား   အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ     ရရှိပါက သက်ဆိုင်ရာသို့      လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့်        မြို့ရွာများ အမြန်ဆုံး       အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး   ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအသိပေးထား ကြောင်း သိရသည်။                              

 သတင်းစဉ်