အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းရန် စီစဉ်နေ

 

ရန်ကုန် အောက်တိုဘာ ၇


ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့်  အာရှရုံတွင်း နှင့်  ကိုယ်ခံပညာပေါင်းစုံ  အား ကစားပြိုင်ပွဲကို  ၂၀၂၃  ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းရန်   စီစဉ်လျက် ရှိသည်။


အိမ်ရှင်အဖြစ်  လက်ခံကျင်းပ ခွင့်ရထားသည့်  ထိုင်းနိုင်ငံအနေ ဖြင့်  ယင်းပြိုင်ပွဲကို  ၂၀၂၂  ခုနှစ် မတ်လတွင်  ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း လာမည့် နှစ်တွင် အာရှနှင့် အရှေ့တောင် အာရှအဆင့်  အားကစားပြိုင်ပွဲ များစွာ  ကျင်းပရန်ရှိနေခြင်းနှင့် ရွှေ့ဆိုင်းထားသည့်    ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို    ၂၀၂၂  ခုနှစ် မေလတွင်ကျင်းပရန်   လျာထား ခြင်းတို့ကြောင့်   ၂၀၂၃  ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းရန်  စီစဉ်နေခြင်း ဖြစ်သည်။ အာရှအိုလံပစ်ကောင်စီ နှင့် အိမ်ရှင်ထိုင်းနိုင်ငံ အိုလံပစ် ကော်မတီတို့အနေဖြင့်   အာရှရုံ တွင်းနှင့်   ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ ထပ်မံရွှေ့ဆိုင်း ခြင်းရှိမရှိ ယခုလအတွင်း အတည် ပြု   ကြေညာဖွယ်  ရှိနေသည်။ အာရှရုံတွင်းနှင့်    ကိုယ်ခံပညာ ပေါင်းစုံ    အားကစားပြိုင်ပွဲကို ယခင်က အာရှရုံတွင်း အားကစား ပြိုင်ပွဲနှင့်    အာရှကိုယ်ခံပညာ ပေါင်းစုံ  အားကစားပြိုင်ပွဲဟူ၍ သီးခြားစီ  ကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ ပြိုင်ပွဲနှစ်ခု ကို တစ်ပေါင်းတည်းကျင်းပခဲ့ခြင်း ဖြစ်သည်။        အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစား ပြိုင်ပွဲအဖြစ် ၂၀၁၃၊ ၂၀၁၇ ခုနှစ် တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲ ကို ကပ်ရောဂါကြောင့် မကျင်းပ နိုင်သေးခြင်း  ဖြစ်သည်။  အာရှရုံ တွင်း   အားကစားပြိုင်ပွဲအဖြစ် ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉ ခုနှစ်တို့တွင် သုံးကြိမ်ကျင်းပခဲ့ပြီး အာရှကိုယ်ခံ ပညာပေါင်းစုံ အားကစားပြိုင်ပွဲ ကိုမူ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေ ဖြင့် ပြိုင်ပွဲတစ်လျှောက် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်လေးခု  ရရှိ ထားကြောင်း မှတ်တမ်းများအရ သိရသည်။


မြန်မာအားကစားအဖွဲ့အနေ ဖြင့်   လာမည့်    အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း    ယှဉ်ပြိုင်မည့် အားကစားနည်းများ   ရွေးချယ် ရခြင်း မရှိသေးပေ။  အာရှရုံတွင်း နှင့်       ကိုယ်ခံပညာပေါင်းစုံ  အားကစားပြိုင်ပွဲကို ၂၀၁၃  ခုနှစ်မှ စ၍ လေးနှစ်တစ်ကြိမ်  ကျင်းပ လျက်ရှိပြီး   ပုံမှန်အရ  ယခုနှစ်တွင် ကျင်းပရမည်   ဖြစ်သော်လည်း ကိုဗစ်-၁၉   ကပ်ရောဂါ အခြေ အနေကြောင့်         လာမည့်နှစ် သို့      ရွှေ့ဆိုင်းထားခြင်းဖြစ် သည်။


ရဲရင့်လွင်