
နေပြည်တော် အောက်တိုဘာ ၇
ပူတာအိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက် မွန်းတည့် ၁၂ နာရီတွင် ပူတာအိုမြို့ နယ် ပူတောင်းကျေးရွာအုပ်စု ပူတောင်း ကျေးရွာနေ အောင်မိုး၏ နေအိမ်သို့ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ စောသိုက် (ခ)အောင်မင်းထွန်း၊ အောင်လှိုင်ဝင်း တို့ကို တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့ အောင်ဇေယျရပ်ကွက်အနီးတွင် မမေသန်း (ခ) ထွေးခင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ကျေးရွာအနီးတွင် လော်ကော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့အတူ အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ညောင်ရွှေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာအုပ်စု တောင်ပို့ကြီး ကျေးရွာအနီးတွင် ကျော်စွာဟိန်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား