
ကျိုက်ထို အောက်တိုဘာ ၈
ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၉၆/၁) နှင့် (၉၆/၂)အကြား၌ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က ရထားနှင့်ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကော့ထင်းကျေးရွာအတွင်းမှ ကမ်းနီပိုင်းသို့ ယာဉ်မောင်း မမြသက်ငယ်(၄၁ နှစ်) ဘူတာလမ်း တောင်သူစုရပ်ကွက် ကျိုက်ထို မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MON 7F / - - - - သည် ရထားလမ်းအား ဖြတ်မောင်းစဉ် မိုးသည်းထန်စွာရွာသွန်းပြီး ရထား လမ်းဘေးတွင် ချုံနွယ်ပင်များ ပိတ်ဆို့ပေါက်ရောက်နေသဖြင့် ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ထွက်ခွာလာသော စက်ခေါင်း အမှတ် DF/1359 စက်ခေါင်းမောင်း ဦးဝင်းထွန်း မောင်းနှင်လာသည့် အမှတ်(၈၉) အဆန် ရန်ကုန်-မော်လမြိုင် အမြန်ရထားကို တွေ့မြင်ရခြင်းမရှိဘဲ ရထား မိုင်းခံတွဲနှင့်တိုက်မိ၍ မမြသက်ငယ်တွင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ သည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မမြသက်ငယ်အား ကျိုက်ထိုမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)