မကောင်းမှုမှ အထူးသဖြင့် ကိုယ်နှင့်နှုတ် နှစ်ပါးစလုံးရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏။

Type

 

ကျော်ကျော်လှိုင်

 

ဗုဒ္ဓဘုရားရှင်က  အာရတီပါပါကို  ဟောပြီးနောက်  ဝိရတီပါပါကို  ဟောကြားတော်မူပါသည်။ စိတ်နှင့် မကောင်းမှုကို ရှောင်ကြဉ်ရန် ဟောကြားပြီး ကိုယ်ရောနှုတ်ပါ မကောင်းမှုကို  ရှောင်ကြဉ်ရန် ဆက်လက်ဟောပါသည်။ ပုထုဇဉ်လူသားများသည် စိတ်ဆိုးသည့်အခါ၊ ဒေါသဖြစ်သည့်အခါ၊ လောဘတက်လာသည့်အခါ၊ တစ်ဖက်သားကို မနာလိုဝန်တိုဖြစ်သည့် အခါ မကောင်းကြံရာမှ၊ ပြောမိ ဆိုမိ၊ တစ်ဖက်သား ပျက်စီးရာပျက်စီးကြောင်းတွေ လုပ်မိကြပါသည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုကြသော်လည်း မနောကံနှင့် စပါသည်။ စိတ်နှင့်စ၍ မကောင်းမှုကို ကြံစည်ပါသည်။ စိတ်နှင့်ကြံစည်ပြီးမှ နှုတ်နှင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း မကောင်းမှု ကို ပြုလုပ်လေ့ရှိပါသည်။ 


ကာတွန်းတစ်ခုတွင်        ကလေး တစ်ယောက်သည် မုန့်ဖုတ်ပြီး ရောင်းနေ သည့် ဆိုင်ဘေးတွင် ရပ်၍ မုန့်လုပ်သည် ကို ကြည့်နေပါသည်။ မုန့်ဖုတ်နေသူက “ဟေ့  ကလေး။   မင်းက   မုန့်ဝယ်တာ လည်း   မဟုတ်ဘူး။     ငါ့မုန့်တွေကို ငေးကြည့်နေတာ၊ ဘာလဲ မင်းက ငါလစ် ရင် ခိုးမလို့လား” ဟု မေးပါသည်။ ကလေး က “ကျွန်တော် ခိုးချင်တဲ့စိတ်ကို  မောင်း ထုတ်နေပါတယ်”ဟု ပြန်ပြောပါသည်။ ကာတွန်းဖြစ်သော်လည်း   အတွေးကို ရစေပါသည်။ ကလေးက “ခိုးချင်သည့် စိတ်ကို   မောင်းထုတ်နေပါသည်” ဟု ဆိုခြင်းသည်  မကောင်းမှုကို ဖြစ်စေသည့် စိတ်ကို မောင်းထုတ်ရန် ကြိုးစားနေခြင်း ကို ပြပါသည်။ စိတ်နှင့် အရင်မကောင်းမှု ကို ကြံစည်ပြီးမှ ကာယကံက လိုက်သည် ကို   ထင်ရှားစေပါသည်။    စိတ်နှင့် မကောင်းမှုကို   ကြံစည်မိသော်လည်း သတိနှင့်    ထိန်းလိုက်နိုင်လျှင်  ဝစီကံနှင့် ကာယကံကို ကျူးလွန်ခြင်းမှ ရှောင်နိုင်ပါ သည်။


သတိနှင့်ထိန်းနိုင်ရန်    ဟီရိဩတပ္ပ တရားနှစ်ပါးဖြစ်သည့်     မကောင်းမှု လုပ်ရန် ရှက်ခြင်းနှင့် ကြောက်ခြင်းစိတ်ကို မွေးမြူရပါမည်။


သံပတ္တဝိရတီ


မကောင်းမှုပြုလုပ်ခြင်းမှ  ရှောင်ရှား နိုင်ရန် စောင့်ထိန်းရသည့် ဝိရတီ  သုံးမျိုး ကို ကျမ်းများတွင် တွေ့ရှိရပါသည်။
နံပါတ် ၁  သည်  သံပတ္တဝိရတီ ဖြစ်ပါ သည်။ ဆိတ်ကွယ်ရာ   ဖြစ်သော်လည်း မကောင်းမှုကိုလုပ်ရန်    အခွင့်အလမ်း ရသော်လည်း မကောင်းမှုကို ရှောင်ကြဉ် ခြင်းကို သံပတ္တဝိရတီဟု  ဆိုပါသည်။


သံပတ္တဝိရတီကို      ထင်ရှားစေသည့် ပုံပြင်တစ်ခုမှာ-


ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံလွန် တော်မူပြီးနောက်   သီဟိုဠ်ကျွန်းနိုင်ငံ ရောမဇနပုဒ် မဟာဂမရွာကြီးတစ်ရွာတွင် စက္ကန အမည်ရှိ လုလင်သည် အစ်ကိုဖြစ် သူ၊ မိခင်ဖြစ်သူတို့နှင့်အတူ   နေထိုင်ပါ သည်။ မောင်ဝဏ္ဏ၏    မိခင်   အလွန် မကျန်းမမာဖြစ်သည့်အခါ ဆေးဆရာက ယုန်သားအစိုကို စားရမည်ဟု ဓာတ်စာ ပေးပါသည်။ မောင်ဝဏ္ဏ၏ အစ်ကိုကြီးက ခိုင်း၍ မောင်ဝဏ္ဏသည် ယုန်ထောင်ရန် တောထဲသို့     သွားပါသည်။     တောထဲ ရောက်ပြီး     မကြာခင်    ယုန်တွေ့၍ ယုန်နောက်သို့   လိုက်ပါသည်။ ယုန်က လည်း ကြောက်ပြီးပြေးရင်း နွယ်မှာငြိပြီး မပြေးနိုင်၍ မောင်ဝဏ္ဏက ဖမ်းမိပါသည်။ ယုန်သည်  ကြောက်လွန်း၍  မောင်ဝဏ္ဏ လက်ထဲတွင်     တဆတ်ဆတ်   တုန်နေပါ သည်။ မောင်ဝဏ္ဏလည်း   ယုန်ကို ကြည့် ပြီး “ယုန်လေးက  သေမှာ   ကြောက်လို့ တဆတ်ဆတ်တုန်နေတယ်။     ငါ့မိခင် ရောဂါသက်သာ အသက်ချမ်းသာရာရဖို့ ဒီယုန်က    အသက်ပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။    သတ္တဝါတိုင်း   သေရမှာ ကြောက်ကြတာပဲ” ဆိုသည့် ကိုယ်ချင်း စာစိတ် ဖြစ်ပေါ်လာပြီး  ယုန်ကို လွှတ်ပေး လိုက်ပါသည်။    အိမ်ပြန်လာသည့်အခါ ယုန်ပါမလာ၍ အစ်ကိုကြီးက ဆူပူကြိမ်း မောင်းသည့်အခါ  မောင်ဝဏ္ဏက   အဖြစ် အပျက်ကို ပြောပြပါသည်။ သည်အဖြစ် ကိုကြားသည့်   မိခင်ကြီးက  မောင်ဝဏ္ဏ ပြုခဲ့သည့်ကုသိုလ်ကို  အလွန်ကျေနပ်ပြီး ဝမ်းသာအားရ       သာဓုခေါ်ပါသည်။ ကိုယ်ချင်းစာတတ်သည့်သား၊ မကောင်း မှုကို ရှောင်ကြဉ်သည့်သားကို  ကျေနပ် ပီတိဖြစ်ရသည့်စိတ်ကြောင့်   မိခင်ကြီး လည်း    တဖြည်းဖြည်း   ကျန်းမာလာပါ သည်။   မကောင်းမှုကို     လုပ်ခွင့်ရသော် လည်း ရှောင်ကြဉ်ခဲ့သည့်  မောင်ဝဏ္ဏ၏ ရှောင်ကြဉ်ခြင်းသည်   သံပတ္တဝိရတီ ဖြစ်ပါသည်။


သမ္မာဒါနဝိရတီ


နံပါတ် ၂ က   သမ္မာဒါနဝိရတီ ဖြစ်ပါ သည်။   အခွင့်ရသည်ဖြစ်စေ၊  မရသည် ဖြစ်စေ    မကောင်းမှုကို    ရှောင်ကြဉ်ရန် သန္နိဋ္ဌာန်ချထားခြင်းကို   သမ္မာဒါနဝိရတီ ဟု ဆိုပါသည်။ သူတော်ကောင်းများသည် သမ္မာဒါနဝိရတီကို        စောင့်ထိန်းကြပါသည်။


သမုစ္ဆေဒဝိရတီ


နံပါတ် ၃ သည် သမုစ္ဆေဒဝိရတီ ဖြစ် ပါသည်။ အရိယာ သူတော်ကောင်းများ သာ စောင့်ထိန်းနိုင်ပါသည်။ အရိယာများ သည် တရားနှင့်ယှဉ်ပြီး အမြဲနေထိုင်သည့် အတွက် မကောင်းမှု ပြုရန် စိတ်ထဲတွင် မဖြစ်ပါ။ မကောင်းမှုကို ပယ်နိုင်၊ ဖြတ်နိုင် သူများဖြစ်၍ မကောင်းမှုကို  ရှောင်ကြဉ် စရာပင်    မလိုသည့်   ရှောင်ကြဉ်ခြင်းကို သမုစ္ဆေဒဝိရတီဟု ဆိုပါသည်။ 


ပုထုဇဉ်       လူသားများအနေဖြင့် သံပတ္တဝိရတီကိုပင်    စောင့်ထိန်းနိုင်ရန် ခက်ခဲနေကြပါသည်။     ရာထူးအာဏာ မရစဉ်က ကိုယ်ကျင့်တရားကောင်းသော် လည်း ရာထူးအာဏာရပြီး  အခွင့်အရေး ရလာသည့်အခါ         ကိုယ်ကျင့်တရား ဖောက်ဖျက်သူများကို တွေ့နေရပါသည်။ တချို့လည်း   အဆင်ပြေနေသည့်အချိန် မကောင်းမှုကို    ရှောင်နိုင်သော်လည်း ကျဉ်းထဲကျပ်ထဲ   အခက်နှင့်     ရင်ဆိုင်ရ သည့်အခါ လိမ်ညာခြင်း၊ ကောက်ကျစ် ခြင်း၊ အဂတိတရားလိုက်စားခြင်း၊ ကတိ မတည်ခြင်း၊   ကျေးဇူးတရားကို   ချိုး ဖောက်ခြင်း ... စသည့် မကောင်းမှုများကို ကျူးလွန်သည်ကို      တွေ့နေရပါသည်။ မကောင်းမှုကို    ကာယကံ၊    ဝစီကံ၊ မနောကံ   သုံးပါးလုံးဖြင့်   ရှောင်နိုင်မှ မင်္ဂလာတရားတော်နှင့် ညီပါမည်။


အာရတီပါပါနှင့် ဝိရတီပါပါ နှစ်ပါးကို စောင့်ထိန်းရန် မကောင်းမှုကို ရှောင်ကြဉ် မည်ဆိုသည့်စိတ်သည်    ကိုယ်ခံဓာတ် အဖြစ်    ရှိနေရပါမည်။   မကောင်းမှုကို ကျူးလွန်သည့်အခါ ရရှိမည့် အကျိုးဆက် ကို သိသည့် အသိဉာဏ်ရှိရန် လိုပါသည်။ အသိဉာဏ်ရရန်     စာများများဖတ်ရပါ မည်။ ဟောပြောပွဲများ နားထောင်ရပါ မည်။ တရားနာရပါမည်။ ပညာရှိများ၏ ဆိုဆုံးမမှုကို  နာခံရပါမည်။  အသိဉာဏ် ရရှိပြီးလျှင်   တွေးရပါမည်၊   စဉ်းစားရပါ မည်၊    ဆင်ခြင်ရပါမည်။   တွေးတော၊ ဆင်ခြင်သည့်အခါ အမှားအမှန်ကို ခွဲခြား သိနိုင်ပြီး မကောင်းမှုများကို ရှောင်ကြဉ် နိုင်ပါမည်။       မကောင်းမှုလုပ်ရန်ကို အားပေးသည့်  ပတ်ဝန်းကျင်တွင်လည်း မနေရန်   အရေးကြီးပါသည်။     မိမိ အလုပ်လုပ်နေသည့် ကုမ္ပဏီသည် ဥပဒေ ကို ချိုးဖောက်ခြင်း၊ အများကို ထိခိုက်စေ မည့် အလုပ်များကို လုပ်ခြင်းတို့လုပ်နေ လျှင် မည်မျှပင် လခကောင်းစေမူ  မလုပ် သင့်ပါ။   ဤကဲ့သို့   ကုမ္ပဏီများတွင် အလုပ်လုပ်ခဲ့လျှင်   တစ်နည်းမဟုတ် တစ်နည်း   မကောင်းမှုကို လုပ်ခြင်းဖြစ် မည်ကို သတိပြုသင့်ပါသည်။


ဘုရားရှင်၏ သည်းခံခြင်း


“စိတ်သာရှင်စော    ဘုရားဟော” ဆိုသည့်စကားသည် အလွန်မှန်ပါသည်။ မိမိအကြောင်း   မကောင်းပြောသည်ကို ကြားရခြင်း၊   မိမိအကျိုးစီးပွားပျက်စီးအောင်ကြံသည်၊     အားထုတ်သည်ကို ကြားရခြင်း၊   မိမိ၏  အရှက်ဂုဏ်သိက္ခာ ထိခိုက်အောင်   ပြောဆိုသည်ကို  ကြားရ ခြင်း၊ မိမိအား  လေသံမာမာဖြင့်  ပြော သည်ကို ကြားရခြင်း ... စသည်တို့ ကြုံရ တိုင်း ပြန်လည်တုံ့ပြန်ရန် စိတ်ဖြင့် ဦးစွာ မကောင်းမှုပြုရန် ကြံစည်ပါသည်။ စိတ် နောက်သို့   နှုတ်နှင့်ကိုယ်က  လိုက်ပါ သည်။ စိတ်ဖြင့် မကောင်းမှုကို မကြံမိစေ ရန် သည်းခံခြင်းတရားကို မွေးမြူရမည် ဟု     ဗုဒ္ဓဘုရားရှင်က     ရှင်အာနန္ဒာကို မာဂဏ္ဍီမိဖုရား         ရန်ငြိုးဖွဲ့သည်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ဆိုဆုံးမ ခဲ့ပါသည်။


မာဂဏ္ဍီမိဖုရားသည်   သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ  ၅၀၀ တို့ အား တစ်စုံတစ်ရာကိုပြုခြင်းငှာ  မစွမ်း နိုင်ရကား “ရဟန်းဂေါတမအားသာလျှင် ပြုသင့်ပြုထိုက်သော အမှုကို ပြုလုပ်ရပေ တော့အံ့” ဟု မြို့သူမြို့သားတို့အား တံစိုး လက်ဆောင်ထိုးပြီးလျှင်   “မြို့တွင်းသို့ ကြွဝင်လှည့်လည်သော ရဟန်းဂေါတမ ကို ကျွန်အလုပ်သမား  ယောက်ျားတို့နှင့် တကွ ဆဲရေးရေရွတ် ကြိမ်းမောင်းစေ၍ ထွက်ပြေးစေကြကုန်လော့” ဟု စေခိုင်း လေ၏။ ရတနာသုံးပါးတို့၌ မကြည်ညို ကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည်  မြို့တွင်းသို့ ကြွဝင်တော်မူလာသော       ဘုရားရှင်ကို နောက်မှ  အစဉ်တစိုက်လိုက်၍   “သင် သည် ခိုးသူတည်း၊ လူမိုက်တည်း၊ တွေဝေ သော   သူတည်း၊  ကုလားအုတ်တည်း၊ နွားတည်း၊   မြင်းတည်း၊  ငရဲသားတည်း၊ တိရစ္ဆာန်တည်း။ အသင့်အား ကောင်း သော လားရာသုဂတိမရှိ၊ သင်၏ အလို့ငှာ မကောင်းသော လားရာ ဒုဂ္ဂတိဘဝကို သာ အလိုရှိအပ်၏” ဟူ၍ ဤသို့ ဆဲရေး ကြောင်း စကား ၁၀ ပါးတို့ဖြင့် ဆဲရေး ရေရွတ် ကြိမ်းမောင်းကြကုန်၏။


ထိုသို့ ဆဲရေးရေရွတ်သည်ကို ကြား ၍  အရှင်အာနန္ဒာသည်  ဗုဒ္ဓဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရား၊ ဤကောသမ္ဗီ ပြည်သူပြည်သားတို့ သည် တပည့်တော်တို့ကို  ဆဲရေးရေရွတ် ကြိမ်းမောင်းကြပါကုန်၏။    ဤမြို့မှ တစ်ပါး အခြားမြို့သို့ ဖယ်သွားကြပါကုန် စို့ ဘုရား” ဟု လျှောက်ကြားလေ၏။


ထိုအခါ   ဘုရားရှင်က  “ချစ်သား အာနန္ဒာ၊   အဘယ်အရပ်သို့   သွားလို သနည်း” ဟု  မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား၊ အခြား တစ်ပါးသောမြို့ သို့ သွားလိုပါ၏ဘုရား” ဟု လျှောက်ကြား လေ၏။ “ချစ်သားအာနန္ဒာ၊ ရွှေ့ပြောင်း သွားရောက်ရာဖြစ်သည့်   ထိုအခြား တစ်ပါးသောမြို့၌  လူတို့သည် ဆဲရေး ပြန်သည်ရှိသော် တစ်ဖန်ဘယ်မြို့ ဘယ် အရပ်သို့ ငါတို့သွားကြကုန်ဦးအံ့နည်း” ဟု မေးတော်မူပြန်သောအခါ “မြတ်စွာ ဘုရား၊ ထိုအရပ်မှလည်း အခြားတစ်ပါး သော မြို့သို့  ပြောင်းရွှေ့သွားကြပါမည် ဘုရား” ဟု    လျှောက်ကြားလေ၏။ “ချစ်သား   အာနန္ဒာ၊   ထိုအရပ်၌လည်း လူတို့ ဆဲရေးပြန်ကုန်သည်ရှိသော် ဘယ် အရပ်သို့ ငါတို့ သွားကြရကုန်ဦးအံ့နည်း” ဟု မေးတော်မူပြန်သောအခါ   “မြတ်စွာ ဘုရား၊ထိုအရပ်မှလည်း   အခြားတစ်ပါးဖြစ်သော မြို့သို့      ပြောင်းရွှေ့သွားကြရပါကုန်အံ့ ဘုရား”ဟု လျှောက်ကြားလေ၏။


“ချစ်သား    အာနန္ဒာ၊    ဤသို့ပြုခြင်းငှာ မသင့်လျော်   မလျောက်ပတ်ချေ။  အကြင် အရပ်၌     ငြင်းခုံခိုက်ရန်ဖြစ်ခြင်းဖြစ်၏။ ထိုအရပ်၌ပင်လျှင်       ထိုငြင်းခုံခိုက်ရန်ဖြစ် ခြင်းကို  ငြိမ်းအေးစေပြီးမှ   တခြားတစ်ပါး သောအရပ်သို့   သွားခြင်းငှာ    သင့်လျော် လျောက်ပတ်ပေ၏။   ချစ်သား   အာနန္ဒာ၊ ဆဲရေးသောသူတို့သည်ကား အဘယ်သူတို့ ဖြစ်ကုန်သနည်း” ဟု မေးတော်မူပြန်သော အခါ “မြတ်စွာဘုရား၊ ကျွန်အလုပ်သမားတို့ကို အစထား၍ ခပ်သိမ်းကုန်သော   သူတို့သည် ဆဲရေးကြပါသည်ဘုရား” ဟု လျှောက်ကြား လေ၏။ 


“ချစ်သား အာနန္ဒာ၊ ငါဘုရားသည်ကား စစ်မြေပြင်သို့  သက်ဝင်သော ဆင်ပြောင်ကြီး နှင့် တူပေ၏။ မှန်၏။ စစ်မြေပြင်သို့ သက်ဝင် သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာ တို့မှ ပစ်လွှတ်အပ်သည်ဖြစ်၍  လာကုန်သော မြားတို့ကို   သည်းခံခြင်းငှာ   တာဝန်ဖြစ်ဘိ သကဲ့သို့    ထို့အတူသာလျှင်   များစွာသော ဒုဿီလပုဂ္ဂိုလ်တို့  ပြောဆိုအပ်သောစကားကို သည်းခံခြင်းမည်သည်   ငါဘုရား၏   တာဝန် ပေတည်း” ဟု မိန့်တော်မူ၏။


နိဂုံးချုပ်အနေဖြင့်  ဗုဒ္ဓဘာသာဝင်တိုင်း လိုလို   သည်းခံနိုင်သည့် စိတ်စွမ်းအားကို မြင့်သထက်   မြင့်လာအောင်   မိမိကိုယ်မိမိ ပြုစုပျိုးထောင်ရပါမည်။ စိတ်ဖြင့်သော်လည်း ကောင်း၊         နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ မကောင်းမှုပြုလုပ်ခြင်းမှ  ရှောင်ကြဉ်မှသာ မင်္ဂလာတရားတော်နှင့်အညီ  ချမ်းသာအောင် မြင်နိုင်ပါမည်။


“မှတ်သားစရာ” 


စိတ်ဖြင့်    ဦးစွာ   မကောင်းမှုပြုရန် ကြံစည်ပါသည်။ စိတ်နောက်သို့ နှုတ်နှင့် ကိုယ်က   လိုက်ပါသည်။   ထို့ကြောင့် စိတ်ဖြင့်  မကောင်းမှုကို    မကြံမိစေရန် သတိတရားဖြင့် ထိန်းရမည်။