မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၉ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    အောက်တိုဘာ  ၈ရက် နံနက်ပိုင်းက ကျောက်ဆည် မြို့နယ်    ကင်းကျေးရွာအနီးတွင်    အောင်မြင့်စိုး     မောင်းနှင်ပြီး   မအေးကြည်မော်  လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၁၃ ကီလိုကို သိမ်းဆည်းရမိသည်။


အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  ရေးမြို့နယ်   ဒူးယားကျေးရွာအနီးတွင်   အောင်ဖြိုးခိုင်(ခ)အမောင်  မောင်းနှင်လာသည့်  မော်တော်ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၃၈၀၀ကိုလည်းကောင်း၊ ထို့အတူ အောက်တို ဘာ ၇ ရက် ညနေ ၆ နာရီခန့်တွင်   လုံခြုံရေးတပ်ဖွဲ့ဝင်များ   ပါဝင်သော  ပူးပေါင်း အဖွဲ့သည်  မဘိမ်းမြို့  ကုန်းခါးရပ်ကွက်    မြို့ဦးစေတီအနီးတွင်  လမ်းလျှောက်လာသည့်   လီသားကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ     စိတ်ကြွရူးသွပ်ဆေးပြား ၁၀၅၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့်    ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။      

ရဲပြန်ကြား