ရိုမေးနီးယားကို အနိုင်ရရှိပြီးနောက် ဒုတိယနေရာမှ မြောက်မက်ဆီဒိုးနီးယားကို ခြောက်မှတ်ဖြတ်နိုင်ခဲ့သည့် ဂျာမနီ

 

ကမ္ဘာ့ဖလား    ခြေစစ်ပွဲအဖြစ် နာမည်ကြီး  ဂျာမနီအသင်းနှင့် ရိုမေးနီးယားအသင်းတို့  ပွဲစဉ်ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း က   ယှဉ်ပြိုင်ကစားခဲ့ရာ  ဂျာမနီ အသင်းက   နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။   ရိုမေးနီးယား အသင်းအတွက်  သွင်ဂိုးကို ဟာဂီ က  သွင်းယူပေးပြီး  ဂျာမနီအသင်း အတွက် သွင်းဂိုးများကို  ဂနာဘရီ နှင့်   မူလာတို့က  သွင်းယူပေးခဲ့ သည်။


တီမိုဝါနာ ဦးဆောင်လာသည့် ဂျာမနီအသင်းသည် ရိုမေးနီးယား အသင်းအပေါ်      ပွဲစသည်နှင့် တစ်ပြိုင်နက်   ဖိအားပေးကစား နိုင်ခဲ့သော်လည်း ပြိုင်ဘက်ခံစစ် နှင့်  ဂိုးသမားတို့   အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည့်အတွက် ဂိုးရ ရှိရန် ရုန်းကန်ခဲ့ရသည်။


ဂျာမနီအသင်းသည် ကမ္ဘာ့ ဖလားခြေစစ်ပွဲအုပ်စု    (၂)  တွင် ကျရောက်နေပြီး   ပွဲစဉ် (၇)  ယှဉ် ပြိုင်ကစားပြီးနောက်   ဒုတိယ နေရာမှ မြောက် မက်ဆီဒိုးနီးယား အသင်းကို     ခြောက်မှတ်အထိ ဖြတ်ထားနိုင်ပြီ ဖြစ်သည်။ ယနေ့ ပွဲစဉ်တွင် ဦးဆောင်ဂိုးကို ရိုမေး နီးယားအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန်   ကိုးမိနစ်တွင်  ဟာဂီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ဂျာမနီအသင်းက ချေပဂိုးရရှိရေးကြိုးစားလာခဲ့သော်လည်း ပွဲချိန် ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့်   ပထမပိုင်းကို ရိုမေးနီးယားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 


ပွဲချိန်အများစုကို   ထိန်းချုပ် ကစားနိုင်ခဲ့သည့်   ဂျာမနီအသင်း သည်  ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ် တွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ရူစ်၏ ဖန်တီးမှုမှ ဂနာ ဘရီက      သွင်းယူပေးခဲ့သည်။ ဂျာမနီအသင်းသည် ရိုမေးနီးယား အသင်းထက်  စုဖွဲ့မှုအားကောင်း သည့် အသင်းဖြစ်သည့်အတွက် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း တွင်လည်း   ရိုမေးနီးယားအသင်း ထက်သာလွန်ကာ  ပိုမိုကောင်းမွန် သည့် ကစားဟန်ကို  ထုတ်ပြနိုင်ခဲ့ သည်။   ဂျာမနီအသင်းအတွက် ဒုတိယဂိုးကို    ၈၁  မိနစ်တွင် လူစားဝင်ကစားသမား    သော မတ်စ်မူလာက သွင်းယူပေးနိုင်ခဲ့ သည်။


ဂိုးသွင်းယူနိုင်ခဲ့သော   မူလာ သည်    ဂျာမနီအသင်းအတွက်  နောက်ဆုံးဂိုး    သွင်းယူနိုင်ခဲ့သည် မှာ   ၂၀၁၇ ခုနှစ်  မတ်လတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဇာဘိုင် ဂျန်အသင်းနှင့်   ပွဲစဉ်တွင်  ဖြစ် သည်။ ၎င်းသည်   နည်းပြဂျိုအာ ချင်လိုလက်ထက်တွင် နှစ်နှစ်ကြာ ဂျာမနီအသင်းနှင့်   ပွဲကစားခွင့် ဝေးကွာခဲ့သူလည်း ဖြစ်သည်။ 
ဂျာမနီအသင်းသည်   ယူရို ၂၀၂၀   ပြိုင်ပွဲအပြီးတွင်    နည်းပြ ဂျိုအာချင်လို၏ နေရာကို ဘိုင်ယန် မြူးနစ်   နည်းပြဟောင်း  ဟန်ဆီ ဖလစ်ကို     အစားထိုးခန့်အပ်ပြီး နောက်   အသင်း၏   ရလဒ်ပိုင်း သိသိသာသာ  ပြောင်းလဲလာခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့သည့်  လေးပွဲတွင် လေးပွဲစလုံးအနိုင်ရရှိထားသည်။


အခြားသောပွဲစဉ်   ရလဒ်များ တွင်     ချက်နှင့်  ဝေးလ်အသင်း တို့      ပွဲစဉ်၌     တစ်ဖက်နှစ်ဂိုးစီ၊ တူရကီနှင့်   နော်ဝေအသင်းတို့ ပွဲစဉ်တွင်    တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး      နယ်သာလန် အသင်းက  လတ်ဗီးယားအသင်း ကို   တစ်ဂိုး-ဂိုးမရှိ၊  ခရိုအေးရှား အသင်းက ဆိုက်ပရပ်စ်အသင်းကို သုံးဂိုး-ဂိုးမရှိ၊   ရုရှားအသင်းက ဆလိုဗက်ကီးယား   အသင်းကို တစ်ဂိုး-ဂိုးမရှိ၊    မြောက်မက်ဆီ ဒိုးနီးယားအသင်းက  လက်ချင် စတိန်းကို   လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။                                                                                        
အောင်ဇော်