ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ   ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)   နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း  ၂၅၀၀ ခန့်တန်ဖိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြားများ  ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီက နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်း နောင်ချိုမြို့အဝင်    မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ လားရှိုးမှ နောင်ချိုဘက်သို့ ကျော်မင်းဦး (ခ)ယောန (၂၆ နှစ်) မောင်းနှင်ပြီး မသင်းမြတ်ဆွေ(ခ)ယဉ်လှ (၂၄ နှစ်) လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၅၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄  ဒသမ  ၉ သိန်း     တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။  စစ်ဆေးဖော်ထုတ်ချက်အရ  သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ကရင်ပြည်နယ် ဘားအံမြို့နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ အား   ဥပဒေအရ   အရေးယူထားရှိပြီး  ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား    ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်