နောင်ချိုမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)  နောင်ချိုမြို့နယ် ၌ ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၇ ရက်  မွန်းတည့် ၁၂ နာရီတွင်  နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်း နောင်ချိုမြို့ အဝင် မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ လားရှိုးမှ နောင်ချိုဘက်သို့     ကျော်မင်းဦး (ခ)ယောန မောင်းနှင်ပြီး     မသင်းမြတ်ဆွေ(ခ)ယဉ်လှ လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်း အရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။  စစ်ဆေးဖော်ထုတ်ချက်အရ  သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို  ရှမ်းပြည်နယ် (မြောက်ပိုင်း)  တန့်ယန်းမြို့နယ်မှ   ကရင် ပြည်နယ် ဘားအံမြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား   ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။      

 

သတင်းစဉ်