မူးယစ်မေ့လျော့စေတတ်သော အရက်သေစာ၊ မူးယစ်ဆေးတို့ကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏။

Type

 ကျော်ကျော်လှိုင်

 

မင်္ဂလာတရားတော် ၃၈ ပါးတွင် လိုက်နာရမည့်အချက်များ ရှိသကဲ့သို့ ရှောင်ရမည့်အချက်များလည်း ရှိပါသည်။ မဇ္ဇပါနာစသံယမောသည် ရှောင်ရမည့်တရားတော်ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က မူးယစ်ဆေးဝါးများ မပေါ်သေး၍ မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်သောက်စားခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏ဟု မူလတရားတော်က ဆိုပါသည်။ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းသည် အရက်သေစာထက်ပင် လူကိုဒုက္ခပေးနိုင်၍ မူးယစ်ဆေးကိုလည်း ရှောင်ရ မည်ဖြစ်ပါသည်။ 

 


လူအများစုသည် ပျော်ရွှင်မှုအတွက် အရက်၊ မူးယစ်ဆေးတို့ကို   စမ်းသုံးရာမှ စွဲလမ်းသွားတတ်ပါသည်။   မိမိစိတ်ကို နိုင်ပါသည်ဆိုပြီး  စမ်းသပ်ကြည့်ကြသော် လည်း သုံးစွဲပြီးနောက် အရက်နှင့် မူးယစ် ဆေး၏   ကျေးကျွန်ဖြစ်သွားလေ့ရှိပါ သည်။   အရက်နှင့်   မူးယစ်ဆေး၏ ကျေးကျွန်ဖြစ်လျှင် ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးများ  ထိခိုက်လာမည်ဖြစ်ပါ သည်။ အရက်သေစာဖြစ်စေ၊ မူးယစ်ဆေး ကိုဖြစ်စေ၊ စိတ်ကြွဆေးကိုဖြစ်စေ သုံး လိုက်၍ မူးသွားသည့်အခါ  သုံးစွဲသူသည် အသိဉာဏ်များ   ပျောက်သွားပါသည်။ အသိဉာဏ်များ  ပျောက်သွားသည့်အခါ ပြောသင့်တာ၊  မပြောသင့်တာ၊  လုပ်သင့် တာ၊ မလုပ်သင့်တာများကို မခွဲခြားနိုင်ပါ။ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးနှင့် မပြစ်မှားသင့်သူများကို ပြစ်မှားမိပါသည်။ မကြံအပ် မစည်အပ်သည်များကို ကြံစည် မိပါသည်။  ရာဇဝတ်မှုများ  ကျူးလွန်မိပါ သည်။   နောက်ဆုံး   ရာဇဝတ်ဘေးသင့် ကာ   ထောင်ကျပါမည်။   မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမိ၍ အသက်ဆုံးရှုံးရသူ များလည်း  ရှိပါသည်။   အရက်၊   မူးယစ် ဆေးကြောင့်      လူမှုရေးတာဝန်များ ပျက်ကွက်၍ မိသားစုကလည်း စိတ်ဆင်း ရဲမှု ကြုံရပါမည်။ အိမ်ထောင်ပျက်ရသည် များလည်း   ရှိပါသည်။  “အရက်သမား အမှားတစ်ထောင်” ဆိုသကဲ့သို့ အရက်၊ မူးယစ်ဆေးသုံးသူသည်       အမှား တစ်ထောင်ကျူးလွန်ရန်     အခြေအနေ များ ရှိနေပါသည်။ 
အရက်သေစာ    စတင်ဖြစ်ပေါ်လာ သည့်အကြောင်းကို   ဗုဒ္ဓဘုရားရှင်က ဝိသာခါ ဒါယကာမကြီး၏ အဆွေခင်ပွန်း များ ဖြစ်ကြသည့်  သေရည်သောက်သုံးသူ အမျိုးသမီးငါးရာကို   အကြောင်းပြု၍ အောက်ပါ  ကုမ္ဘဇာတ်ကို  ဟောကြားခဲ့ပါ သည်။

 


ကုမ္ဘဇာတ်


ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ်  ဟိမဝန္တာတောထဲရှိ   သစ်ပင်ကြီး တစ်ပင်၏    ခက်မကြီး     သုံးခုဆုံရာ၌ အခေါင်းကြီး တစ်ခုရှိသည်။ မိုးရာသီတွင် ထိုအခေါင်းထဲ၌ ရေပြည့်နေတတ်သည်။ အနီးတွင် ကပ်ပေါက်နေသော အပင်တို့မှ အသီးများသည်       အခေါင်းထဲသို့ ကြွေကျပါသည်။ တစ်ဖန်ကျေးငှက်များ သည်  သလေးနှံများကို  ထိုအပင်ပေါ်၌ စားသောက်ကြရာ စပါးစေ့နှင့်  ဆန်စေ့ များသည်လည်း  ထိုအခေါင်းထဲသို့ပင် ကျရောက်ပြန်သည်။    ရက်များရှည် လျားခဲ့ချိန်တွင် သစ်ခေါင်းထဲမှ ရေသည် နေပူရှိန်ကြောင့်     ကျက်လာပါသည်။ အရောင်နီလာပြီး  သေရည်ဖြစ်လာသည်။ ငှက်များသည် သေရည်ကို သောက်ကြ သည်တွင် အားလုံးယစ်မူး၍ သစ်ပင်ရင်း သို့ တဖြုတ်ဖြုတ်ကျကာ ခဏကြာလျှင် ထပြန်သွားကြသည်။ ယင်းအဖြစ်အပျက် ကို    မြင်တွေ့ရသော  ကာသိတိုင်းသား သူရာမည်သော  မုဆိုးသည် သေရက်ကို အနည်းငယ်ယူ၍     သောက်ကြည့်ရာ မူးယစ်သွားသည်။ သစ်ပင်ရင်း၌  ကျနေ သော ငှက်များကို  ဖမ်းယူသတ်ဖြတ်၍ မီးကင်ပြီး သေရည်နှင့် မြည်းစားသည်။ တစ်ဦးတည်း သောက်စားနေရသည်ကို အားမရသော  သူရာသည်   ယခင်က သိကျွမ်းခဲ့ဖူးသော     ဝရုဏရသေ့ထံ သေရည်အရက်ယူသွားကာ   နှစ်ဦးသား သောက်သုံးကြသည်။ သူရာနှင့် ဝရုဏ တို့သည်    သေရည်များကို    ဝါးကျည် တောက်ဖြင့်  ထည့်ယူ၍  နယ်စွန်မြို့မှ မင်းထံဆက်သရာ  မင်းသည် သေရည်ကို ကြိုက်လွန်းသဖြင့်  မြို့၌ပင်  သေရည်ပြု လုပ်၍   သောက်ရာ  ပြည်သူများပါ လိုက် သောက်ကြပြီး တစ်မြို့လုံးပျက်စီးသွား သည်။ သူရာနှင့် ဝရုဏကြောင့်  ပစ္စန္တရစ်၊ ဗာရာဏသီ စသောမြို့များမှ မင်းများနှင့် တကွ လူတို့သည်လည်း သေရည်ကြောင့် ပျက်စီးကြသဖြင့်          မြို့များလည်း ဆိတ်သုဉ်းသွားပါသည်။

 


သူရာနှင့် ဝရုဏတို့သည် သာကေတ မြို့သို့   သွား၍   သဗ္ဗမိတ္တမင်းကြီးအား    သေရည်ကို  ဆက်သရာ  မင်းကြီးသည် တန်ဆာဆင်သော     မဏ္ဍပ်အလယ်တွင်  ရာဇပလ္လင်ပေါ်မှနေ၍  သေရည်သောက်ပွဲ ကျင်းပရန် ပြင်ဆင်ပါသည်။ ယင်းအဖြစ် အပျက်ကို   မြင်သော   သိကြားမင်းသည်    ပုဏ္ဏားအသွင်ဖြင့် ရောက်လာပြီး သေရည် ၏   အပြစ်များကို     ဟောကြားဆုံးမရာ မင်းကြီးလည်း သေရည်၏  အပြစ်များကို နားလည်သဘောပေါက်သဖြင့် သေရည် အိုးများကို     ရိုက်ခွဲဖျက်ဆီးစေသည်။ ပြည်သူများကိုလည်း    သေရည်မသောက် ရန် တားဆီးတော်မူသည်။

 


အရက်သောက်ခြင်း၏ အပြစ်


အရက်သောက်ခြင်း၏   အပြစ် ခြောက်ပါးကို  ကျမ်းဂန်များက   “ဥစ္စာ ယုတ်ခြင်း၊   ငြင်းခုန်များစွာ၊    ရောဂါ ထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာ နည်းရှား” ဟု ဆိုပါသည်။ အရက်၊ မူးယစ် ဆေးဝါး သုံးစွဲသူသည် ပစ္စည်းဥစ္စာမရှာနိုင် ၍   စီးပွားပျက်စီးဆုတ်ယုတ်ပါမည်။    ငြင်းခုန်သဖြင့်   ရန်များပါမည်။  ရောဂါ ထူပြောပါမည်။ အခန့်မသင့်လျှင် အသက် ပါ ဆုံးရှုံးပါမည်။ လူအများ၏  ကဲ့ရဲ့ရှုတ်ချ ခြင်းကို   ခံရပါမည်။ အရက်မူးသည့်အခါ မိမိကိုယ်မိမိ  မထိန်းနိုင်၍   အရှက်တကွဲ ဖြစ်မည်။      ပညာဆည်းပူးမှုလည်း     အားနည်း၍ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး  အောင်မြင်ရန် ခက်ခဲပါမည်။ 

 


ဝမ်းနည်းစရာ     ကောင်းသည်မှာ မြန်မာနိုင်ငံတွင်       အရက်သေစာကို လူငယ်အများအပြား      သုံးစွဲနေခြင်း ဖြစ်ပါသည်။ အရက်ဆိုင်၊ ဘီယာဆိုင်များ ကိုလည်း မြို့တိုင်းလိုလိုတွင်  တွေ့နေရပါ သည်။ အရက်နှင့် ဘီယာ၏အခွန်များကို တိုးကောက်ရန် လိုပါသည်။ မြန်မာနိုင်ငံ တွင် ဘီယာတစ်ပုလင်းကို ကျပ် ၁၀၀၀ ပင် မပေးရသော်လည်း  စင်ကာပူနိုင်ငံတွင် ကျပ်   ၈ဝဝဝ  ခန့် ပေးရပါသည်။  အရက် မသောက်နိုင်ရန်      စင်ကာပူအစိုးရက အခွန်တိုးထားခြင်း ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင်   အသက်   ၁၈  နှစ်ကျော်လျှင် အရက်သောက်ခွင့်ပြုသော်လည်း ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများတွင် အသက် ၂၁ နှစ်ကျော်မှသာ အရက်သောက်ခွင့်ပြု ပါသည်။  လူငယ်များ   အကျင့်စာရိတ္တ ကောင်းစေရန်   အရက်သောက်ခွင့်ပြု သည့်          အသက်ကန့်သတ်ချက်ကို  ပြန်လည်ပြုပြင်သင့်ပါသည်။ မူးယစ်ဆေး ဝါး အမြောက်အမြားမိနေသည်ကိုလည်း သတင်းများတွင် မကြာခဏ တွေ့နေရပါ သည်။ အမြောက်အမြားမိတာကို ကြည့် လျှင်  မမိသည့်အရေအတွက် မည်မျှ များ မည်ကို ခန့်မှန်းနိုင်ပါသည်။

 


အရက်သောက်သုံးသူ   လူငယ်များ လျော့ကျအောင်    ဥပဒေနှင့်  တားဆီး တင်းကျပ်ရန် လိုသကဲ့သို့ မိဘဆရာများ ကလည်း   ဝိုင်းဝန်းထိန်းသိမ်းရပါမည်။ မိဘများက   မိမိသားသမီးကို    အပေါင်း အသင်းမမှားအောင်   သတိထားစောင့် ကြည့်ရန်  လိုပါသည်။  ကျောင်းချိန်များ တွင် ဆရာ၊   ဆရာမများ၏  လက်ထဲ၌ ကျောင်းသား၊  ကျောင်းသူများရှိနေသဖြင့် ဆရာ၊ ဆရာမများတွင်လည်း တာဝန်ရှိ ပါသည်။ မိဘ၊  ဆရာ   ပူးပေါင်းထိန်းသိမ်း မှသာ ကျောင်းသား၊  ကျောင်းသူ လူငယ် များ           အကျင့်စာရိတ္တ     ခိုင်မာပါမည်။ အရက်၊   မူးယစ်ဆေးဝါးကို   စွဲစွဲမြဲမြဲ၊ လွန်လွန်ကျူးကျူး သုံးစွဲသူသည် မည်မျှ ပင်  အောင်မြင်သူဖြစ်ပါစေ စီးပွားပျက်၊ အရှက်တကွဲ     အကျိုးနည်းဖြစ်ကာ နောက်ဆုံး အသက်ပါ ဆုံးရှုံးကြရမည်ဖြစ် သည်ကို လူငယ်များ  သိရှိအောင်  ဘက် ပေါင်းစုံမှ အသိပညာပေးရန် လိုပါသည်။ 

 


ဒုကနိပါတ် ဓမ္မဇာတ်လာဝတ္ထုတွင် ဘုရင်ဖြစ်သူသည်      အရက်သေစာ သောက်စားမူးယစ်ကာ  လူစိတ်ပျောက် ပြီး   မိမိသားငယ်ကို   ဟင်းလျာအဖြစ် ချက်စားခဲ့သည့်      သာဓကရှိပါသည်။ အရက်မူးလာသည့်အခါ  အလွန်ကြီးလေး သည့်   မကောင်းမှုများကို   ပြုလုပ်ရန် ဝန်မလေးသည်ကို သတိပြုသင့်ပါသည်။ မြန်မာရာဇဝင်ကို  ပြန်ကြည့်လျှင်လည်း အသက် ၁၄   နှစ်၌   ဘုရင်ဖြစ်လာခဲ့ပြီး ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့သည့် တပင်ရွှေထီးသည် အရက်ကြောင့် ရန်သူလက်တွင် အသက်ဆုံးခဲ့ရပါသည်။ တတိယမြန်မာနိုင်ငံတော်ကို    တည် ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ၏ သားတော်ဆင်ဖြူရှင်သည်  အလွန် ဘုန်းတန်ခိုးကြီးသည့် မင်းတစ်ပါးဖြစ်ပါ သည်။   ဆင်ဖြူရှင်   နတ်ရွာစံသည့်အခါ ဆင်ဖြူရှင်၏သားတော် စဉ့်ကူးမင်း နန်း ရခဲ့ပါသည်။  စဉ့်ကူးမင်းသည်   အရက် သေစာကို   အလွန်အကျူးသောက်စား မူးယစ်ခဲ့သည့်အတွက်ကြောင့်   နန်းကို စွန့်လွှတ်ခဲ့ရပြီး အသက်ပင် ဆုံးရှုံးခဲ့ရပါ သည်။ ရာဇဝင်ထဲတွင်သာမက အနုပညာ လောကတွင်လည်း  အရက်သေစာနှင့် မူးယစ်ဆေးကြောင့် ကျဆုံးရသည်များကို တွေ့နေရပါသည်။  အမေရိကန်လူမည်း အဆိုတော်၊ မော်ဒယ်နှင့် ရုပ်ရှင်မင်းသမီး ဝှစ်တနီဟူစတန်သည် ကမ္ဘာ့ဂင်းနစ်မှတ် တမ်းစာအုပ်ကြီးတွင်  ဆုအများဆုံးရရှိ သည့် အနုပညာရှင်အဖြစ်  မှတ်တမ်းတင် ခံရသည်အထိ    အောင်မြင်ခဲ့ပါသည်။ ဂရမ်မီဆုပေါင်း  ခြောက်ဆု  အပါအဝင် ဆုပေါင်း ၄၁၅ ခု ရဖူးပါသည်။ အရက် အမူးလွန်ကာ ရေချိုးကန်ထဲတွင် ရေနစ်ပြီး ဘဝ  ဆုံးခဲ့ရပါသည်။   မြန်မာနိုင်ငံတွင် လည်း မူးယစ်ဆေးကြောင့်  ဘဝပျက်ရ သည့် နာမည်ကျော် အနုပညာရှင်များစွာ ရှိပါသည်။

 


နိဂုံးချုပ်အနေဖြင့်  အရက်သေစာနှင့် မူးယစ်ဆေးတို့ကို   အလွန်အကျွံသုံးစွဲ မည်ဆိုလျှင် အကျင့်စာရိတ္တ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်  နောက်ဆုံး ဘဝ ပါပျက်စီးနိုင်သည်ကို   သာဓကများနှင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။  အရက်သေစာ နှင့်   မူးယစ်ဆေးကို  ရှောင်ကြဉ်မှသာ မင်္ဂလာတရားတော်နှင့်အညီ   ချမ်းသာ အောင်မြင်ပါမည်။

 


“မှတ်သားစရာ”
ကျန်းမာရေး၊  လူမှုရေး၊   စီးပွားရေး တွင် ထူးချွန်ထက်မြက်စေရန်  အရက် သေစာ၊ မူးယစ်ဆေးတို့ကို့ ရှောင်ကြဉ်ရ ပါမည်။

ကျမ်းကိုး 
၁။     ဇာတ်တော်    ငါးရာ့ငါးဆယ်။ မာဏဝ ပြုစုသည်။
 ၂။     သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာဘိဝံသ 
    မထေရ်။ 
၃။     မင်္ဂလာ အဘိဓာန်။ နိုင်ပြည်သူ။ 
၄။    ၂၁ ရာစုတစ်လွှား လူသား 
    အကျိုးပြု၍   ချမ်းသာအောင်မြင် လာသူများ။ ကျော်ကျော်လှိုင်။
၅။     ရှေးမြန်မာမင်းများ၏
    ခေါင်းဆောင်အရည်အသွေးကိုလေ့လာခြင်း။ 
    (ဒုတိယ မြန်မာနိုင်ငံတော်)
    ကျော်ကျော်လှိုင်။