
အင်ဒီးယန်းဝဲလ်တင်းနစ်ပြိုင်ပွဲမှာ ဒုတိယအကျော့ ရှုံးနိမ့်ခဲ့တဲ့ ယူအက်စ်အိုးပင်းချန်ပီယံ အန်မာ ရာဒူကနူဟာ မော်စကိုမှာ ရှေ့တစ်ပတ် ကျင်းပမယ့် ကရင်မလင်ဖလားကို ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ် ဘူးလို့ ဗြိတိန်မီဒီယာတွေက အောက်တိုဘာ ၁၄ ရက်က ဖော်ပြလိုက်ပါတယ်။
ပြိုင်ပွဲ မပါဝင်နိုင်ခဲ့တဲ့ အပေါ် အကြောင်းပြချက်ကတော့ ချက်ချင်း မပေးသေးပါဘူး။
ကံမကောင်းစွာနဲ့ ပြိုင်ပွဲအချိန် ပြောင်းလဲမှုပြုလုပ်ခဲ့ရတဲ့အတွက် ဒီနှစ် ကတော့ မော်စကိုမှာ မကစားနိုင် တော့ဘူးလို့ ယူအက်စ်အိုးပင်းချန်ပီယံ အန်မာ ရာဒူကနူက ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ်မှာတော့ ရုရှား ပရိသတ်တွေအရှေ့မှာ ပါဝင်ယှဉ်ပြိုင် သွားဖို့ မျှော်လင့်ပါတယ်လို့ ရာဒူကနူက ပြောခဲ့ပါ တယ်။
အား ကစား ပြိုင်ပွဲ တွေကိုတော့ နောက် သီတင်းပတ် နှစ်ပတ်သုံးပတ် အကြာမှာ ပြန်လည်ကစားဖို့ မျှော်လင့်ပါတယ်လို့ သူက ပြောပါတယ်။
အသက် ၁၈ နှစ်ရှိ ဗြိတိန်တင်းနစ်မယ် ရာဒူကနူဟာ လွန်ခဲ့တဲ့သီတင်းပတ်က အင်ဒီးယန်းဝဲလ်မှာ ဘယ်လာရုစ်မှ အလီယက်စန္ဒရာ ဆက်စ်နိုဗစ်ချ်ကို ရှုံးနိမ့် ခဲ့ပါတယ်။ ဒီပွဲဟာ သူ့အတွက်တော့ ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ပြီးနောက်မှာ ပထမဆုံးပြိုင်တဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။
လင်းခေတ်ဆန်