လမ်း၊ တံတားများတိုးပွားမှုကြောင့် လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း) (၂)

Type

ရှမ်းပြည်နယ်  (မြောက်ပိုင်း)   အတွင်း၌   Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက် သော လမ်းပိုင်းတည်ရှိမှုအခြေအနေမှာ  မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း  ၂၅၁ မိုင်   ၂ ဖာလုံ၊  မိုင်းယု-ကြူကုတ်လမ်း   ၁၂   မိုင်၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ၆၆ မိုင်၊ လားရှိုးမြို့ ရှောင်လမ်း  ၁၅ မိုင် ၄ ဖာလုံတို့ဖြစ်သည်။


မိုင်းယု-ကြူကုတ်လမ်းသည်   ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ်ခရိုင်    မိုင်းယုကျေးရွာမှ ကြူကုတ်မြို့အထိ    ၁၂ မိုင်    အရှည်ရှိသော ကတ္တရာလမ်းဖြစ်ပြီး  ၂၀၀၀  ပြည့်နှစ်မှစတင်၍ ယနေ့အထိ Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့်   တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ၎င်းလမ်းပေါ်ရှိ     မိုင်းယုတိုးလ်ဂိတ်အား   နယ်မြေ လုံခြုံရေးအခြေအနေအရ  ၃၁-၅-၂၀၁၅ ရက်နေ့ မှစ၍ လမ်းအသုံးပြုခကောက်ခံမှု ပိတ်သိမ်းထားခဲ့ ပါသည်။ လမ်းအရည်အသွေးနိမ့်ကျမှု မဖြစ်ပေါ်စေ ရန်   နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ  ကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။


မူဆယ်   -   နမ့်ခမ်းလမ်းအပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်     Oriential Highway Co.,Ltd  အကြား ၁၉၉၆ ခုနှစ်မှစတင်၍ B.O.T စနစ်ဖြင့်     ရင်းနှီးမြှုပ်နှံအကောင်အထည် ဖော်သည့်  မန္တလေး- လားရှိုး- မူဆယ် -နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီး၏  အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး  ၂၂ မိုင် ရှည်လျားသည်။ ယခုနှစ် နွေရာသီ ကာလအတွင်းတွင် အဆိုပါလမ်းပိုင်း ငါးမိုင်အား ၂၄  ပေအကျယ် ကွန်ကရစ်လမ်းနှင့် ၁ မိုင် ၃ ဖာလုံ အား    ကတ္တရာထပ်ပိုးလွှာခင်း၍  အဆင့်မြှင့်တင် ဆောင်ရွက်ရန်ရှိသည်နှင့်အညီ     ၂၁-၁-၂၀၁၉ ရက်နေ့တွင် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး တွင် ပထမအကြိမ် ကျင်းပခဲ့သည့်အစည်းအဝေး ၌   တည်ဆောက်မည့်လမ်း၏    တည်နေရာနှင့် အချက်အလက်များကို  တင်ပြ၍ လမ်းညွှန်မှုခံယူခဲ့ သည်။ ၅-၂-၂၀၁၉   ရက်နေ့   နောင်ခန်ကျေးရွာ အတွင်း  ကွင်းဆင်းစစ်ဆေးစဉ် နမ့်ခမ်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်  Oriential Highway  ကုမ္ပဏီတို့၏   ညှိနှိုင်း သဘောတူချက်အရ  နောင်ခန်ရွာအဝင်  လျာထား နှစ်ဖာလုံ မူလမိုင်   ၂၉၆/၇-၂၉၇/၁    အပိုင်းမှ ၂၉၇/၀-၂၉၇/၂  ကို နမ့်ခမ်းဘက်သို့   တစ်ဖာလုံ ရွှေ့ပြောင်း၍        ပြန်လည်လျာထားခဲ့ကြောင်း၊ ပြန်လည်ပြောင်းရွှေ့မှုအရ လမ်းနယ်နှင့်  မလွတ်ကင်း သည့်စာရင်းများကိုလည်း        ထပ်မံကွင်းဆင်း တိုင်းတာပြီးဖြစ်ပါကြောင်း  ၁၉-၂-၂၀၁၉  ရက်နေ့ ရက်စွဲပါစာအမှတ်၊  ဂဟခ/၃-၁/  ထရ-ချုပ်  (၁၈၃/ ၁၈-၁၉) ဖြင့်  တင်ပြလာပါသည်။  မူဆယ်-နမ့်ခမ်း လမ်းပိုင်း   မိုင်   ၂၈၅/၀-၂၉၇/၂  အတွင်း   ငါးမိုင် ကွန်ကရစ်ခင်းခြင်းနှင့် မိုင် ၂၈၉/၀-၂၉၈/၃ အတွင်း ၁ မိုင် ၃ ဖာလုံ  ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း   ကို  ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားခဲ့သည်။
လားရှိုးမြို့ရှောင်လမ်းသည်  မန္တလေး-လားရှိုး-မူဆယ်လမ်း၊ မိုင်   ၁၆၉/၀   မှစတင်ပြီး   မိုင်    ၁၈၃/၂ တွင်အဆုံးသတ်သည့် ၁၅မိုင် ၄ဖာလုံ ရှည်လျားသည့် ကတ္တရာကွန်ကရစ် (AC) လမ်းဖြစ်သည်။ ၂၀၁၂ ခုနှစ် မှစတင်၍ ယနေ့အထိ Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်တွင်  ကတ္တရာကွန်ကရစ်  (AC)    လမ်းအဖြစ်    အဆင့်မြှင့်တင်နိုင်ခဲ့သည်။ လမ်းအရည်အသွေးနိမ့်ကျမှုမဖြစ်ပေါ်စေရန်  နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင်   Oriental   Highway Co.,Ltd   က တာဝန်ယူဆောင်ရွက်လျက်ရှိသည့်     မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း  ၂၂၉ မိုင် ၂ ဖာလုံ အား  ၄၈   ပေအကျယ်    လေးလမ်းသွား  ကတ္တရာ ကွန်ကရစ်ခင်းခြင်းဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  AC  လေးလမ်းသွား   ၁၀ မိုင်၊ ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်တွင်   AC    လေးလမ်းသွား  ၃၆ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် AC လေးလမ်း သွား  ၅၂  မိုင်၊   ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင်  AC လေးလမ်းသွား ၁၀ မိုင် ၇ ဒသမ ၁၂ ဖာလုံ  စုစုပေါင်း ၁၀၉ မိုင်၊ ၆ ဒသမ ၁၂ ဖာလုံ  ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်သည့်  ၁၀၅ မိုင် ၆ ဒသမ ၈၈ ဖာလုံ၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တို့မှာ အပြီးဆောင်ရွက်ရန်ဖြစ်သော်လည်း ၂၆ မိုင် ၃ ဒသမ ၈၈ ဖာလုံအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု တို့ကြောင့်   ဆောင်ရွက်နိုင်ခြင်းမရှိဟု    သိရသည်။ (မှတ်ချက်-   ဂုတ်တွင်းလမ်းပိုင်းမှာ   လျာထားခြင်း မရှိသေးသောကြောင့်  ၂၂၉ မိုင် ၂ ဖာလုံ ရှိသည့်အနက် ၂ ဒသမ ၅ မိုင် ၅ ဖာလုံသာ ဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်သည်။
မြို့ရှောင်လမ်းများ ဆောင်ရွက်မှုအခြေအနေ
သီပေါမြို့ရှောင်လမ်း
မန္တလေး- လားရှိုး- မူဆယ်လမ်းပေါ်တွင် မိုင် ၁၂၇/၄-၁၃၀/၄ အပိုင်းအား ရှောင်ကွင်းမည့် အရှည် နှစ်မိုင်ရှိသော   သီပေါမြို့ရှောင်လမ်းအတွင်း ပါဝင် သွားမည့်  စိုက်ပျိုးမြေ၊         အဆောက်အအုံမြေနှင့် အဆောက်အအုံများအတွက်         သီပေါမြို့နယ် မြေယာနှင့်  သီးနှံလျော်ကြေး တွက်ချက်အဆိုပြုရေး ကော်မတီက          လျော်ကြေးငွေများတွက်ချက်၍    ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ရာ     ရှမ်း ပြည်နယ်အစိုးရအဖွဲ့    ပုံမှန်အစည်းအဝေးအမှတ်စဉ်    ၂-၅/၂၀၂၀ ဆုံးဖြတ်ချက်အပိုဒ် ၅   (ဒ) အရ မြို့နယ်မှ  သတ်မှတ်ထားသော နှုန်းထားအတိုင်းသာ   ပေးလျော် ရန်  ဆုံးဖြတ်ခဲ့ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၇-၅-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇၁၉၃/၇-၃၁၁/အစရ(ရှမ်း)ဖြင့် ညွှန်ကြားခဲ့မှုအပေါ် ကော်မတီမှ  မြေယာလျော်ကြေး       ပေးလျော်နိုင်ရန်အတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သိန္နီမြို့ရှောင်လမ်း


မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်တွင် မိုင် ၂၀၅/၀-၂၀၇/၄အပိုင်းအား ရှောင်ကွင်းမည့်အရှည် ၂ မိုင် ၄ ဒသမ ၄၈  ဖာလုံရှိသော သိန္နီမြို့ရှောင်လမ်း အတွင်းပါဝင်သွားမည့်   မြေယာ၊   နှစ်ရှည်ပင်နှင့် ရာသီသီးနှံပင်များအတွက် လျော်ကြေးပေးချေနိုင် ရေး သိန္နီမြို့နယ်  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ   ရေးဆွဲအတည်ပြုထားသည့် တွက်ချက်မှုပုံစံ ၁၂  အရ   တန်ဖိုးငွေကျပ်    ၉၇၂၆၁၄၃၆၃ အား ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ စိစစ်အတည်ပြုမှုအပေါ် တွင် လျော်ကြေးငွေပေးချေနိုင်ရေးအတွက် တင်ပြ တောင်းခံနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
မူဆယ်မြို့ရှောင်လမ်း
မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်တွင် မိုင် ၂၇၅/၀-၂၈၅/၄ အပိုင်းအား ရှောင်ကွင်းမည့် အရှည် ၁၁ မိုင် ၆  ဖာလုံရှိသော    မူဆယ်မြို့ရှောင်လမ်း အတွင်း  ပါဝင်သွားမည့်        မြေယာများအတွက် လျော်ကြေးပေးချေနိုင်ရေး မူဆယ်မြို့နယ် မြေယာလျော်ကြေးသတ်မှတ်ရေးကော်မတီက တွက်ချက် ထားသည့်တန်ဖိုးငွေကျပ်  ၁၁၄၆၅   ဒသမ   ၂၆၈  သန်းအား   ရှမ်းပြည်နယ်အစိုးရအဖွဲ့က    စိစစ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါတန်ဖိုးသည် မြေယာ အတွက် လျော်ကြေးငွေ  တွက်ချက်တင်ပြထားခြင်း သာဖြစ်ပြီး ၎င်းမြေရှိအဆောက်အအုံ၊   ရာသီသီးနှံ ပင်နှင့်   နှစ်ရှည်ပင်များအား စာရင်းကောက်ယူ၍ တောင်သူများနှင့်ညှိနှိုင်းဆဲဖြစ်သဖြင့် စုစုပေါင်းပေးလျော်ရမည့်လျော်ကြေးငွေ တင်ပြဆောင်ရွက် နိုင်ခြင်းမရှိသေးပါ။    

        
ကွမ်းလုံမြို့ရှောင်လမ်း
သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်ရှိ  မိုင် ၄၉/၆   တွင်   ကွမ်းလုံတံတားသစ်    တည်ဆောက် နေမှုအပေါ်တွင်  ကွမ်းလုံမြို့အား ရှောင်ကွင်းနိုင်ရန် အတွက် လမ်းဦးစီးဌာနက လျာထားသည့် ကွမ်းလုံ မြို့ရှောင်လမ်း  လေးမိုင်အတွင်း  ပါဝင်သွားသည့် မြေ၊ အဆောက်အအုံနှင့် အပင်လျော်ကြေးနှုန်းထား များမှာ  ကွမ်းလုံတံတားသစ် တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းနှင့်         မြို့တွင်းလမ်းအပိုင်းအား ဆောင်ရွက်နေသည့် တံတားဦးစီးဌာနက  ပေးလျော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ က   အတည်ပြုနှုန်းထားများအတိုင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လျော်ကြေးငွေ  အတည် ပြုချက်ရရှိပြီးဖြစ်သည်။    

 

ပေးလျော်ရမည့်လျော်ကြေး         ပမာဏကျပ် ၁၀၀၇၄၄၀၈၁၅   အား   ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် (အောက်တိုဘာလမှ  မတ်လအထိ)    ခြောက်လ အတွင်း  ပေးလျော်နိုင်ရေး လမ်းဦးစီးဌာနရုံးချုပ်သို့   ရန်ပုံငွေတင်ပြတောင်းခံပြီးဖြစ်၍ ပုံစံ ၁၂ ဖြင့်  ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီက       အတည် ပြုချက်ရရှိပါက     လျော်ကြေးပေးချေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


ချင်းရွှေဟော်မြို့ရှောင်လမ်း


သိန္နီ- ကွမ်းလုံ - ချင်းရွှေဟော်လမ်းပေါ်တွင် မိုင်    ၆၃/၃ မှ    ချင်းရွှေဟော်-   လောက်ကိုင်လမ်း မိုင် ၁/၄ သို့ဖြတ်သန်းသည့် အရှည်  ၂ မိုင် ၂ ဒသမ ၆ ဖာလုံရှိသော ချင်းရွှေဟော် မြို့ရှောင်လမ်းအတွင်း ပါဝင်သွားမည့်မြေယာနှင့်   သီးနှံပင်များအတွက် လျော်ကြေးပေးချေနိုင်ရေး             လားရှိုးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တွက်ချက်ထား သည့်တန်ဖိုးငွေကျပ် ၅၃၂၇၄၉၂၂၂ နှင့်   လောက်ကိုင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က  တွက်ချက် ထားသည့် တန်ဖိုးငွေကျပ် ၃၃၅၆၃၅၅၁၅ စုစုပေါင်း လျော်ကြေးငွေကျပ်   ၈၆၈၃၈၄၇၃၇   အား ရှမ်း ပြည်နယ်အစိုးရအဖွဲ့က  စိစစ်ဆောင်ရွက်လျက်ရှိပါ  သည်။ မြို့ရှောင်လမ်းအဆုံးရှိ နယ်စပ်ဂိတ်ပြောင်းလဲ မှုကြောင့်   ချင်းရွှေဟော်မြို့ရှောင်လမ်း လမ်းအူ ကြောင်းအား     ပြန်လည်တိုင်းတာဆောင်ရွက်နိုင် ရေး  ဒေသအာဏာပိုင်အဖွဲ့နှင့်  ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။ 


နောင်ချိုမြို့ရှောင်လမ်း

မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်တွင် မိုင် ၇၂/၅-၉၂/၅ အပိုင်းအား ရှောင်ကွင်းမည့် အရှည် ၁၃   မိုင်  ၁    ဒသမ    ၅     ဖာလုံရှိသော    နောင်ချို မြို့ရှောင်လမ်းအတွင်း   ပါဝင်သွားမည့်     မြေယာ၊ နှစ်ရှည်ပင်နှင့် ရာသီသီးနှံများအတွက်  လျော်ကြေး ပေးချေနိုင်ရေး ကျောက်မဲမြို့နယ်နှင့်    နောင်ချို မြို့နယ်တို့၏ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ရေးဆွဲအတည်ပြုထားသည့် တွက်ချက်မှု ပုံစံ ၁၂  အရ တောင်သူ  ၂၇၅ ဦး၏ လယ်ယာမြေဧက ၄၆၃   ဒသမ   ၃၈   ဧကအတွက်    တန်ဖိုးငွေကျပ် ၆၁၇၃၆၅၅၆၀၀ အနက် တောင်သူ ၂၇၃ ဦး၏ လယ်ယာမြေဧက ၄၅၉ ဒသမ ၈၁ ဧက၏  တန်ဖိုး ငွေကျပ် ၆၁၁၉၈၂၂၂၇၀ အား ပေးလျော်ပြီးဖြစ်သည်။ ကျန်တောင်သူနှစ်ဦးမှာ  မြေယာပိုင်ဆိုင်မှု   အငြင်း ပွားနေသောကြောင့်  အမှု ရင်ဆိုင်နေဆဲဖြစ်ပါသဖြင့် ပေးလျော်ရန် ကျန်ရှိနေခြင်းဖြစ်သည်။
တံတားကဏ္ဍတွင် နမ္မတူမြို့လယ်တံတားသည် ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲပြီး လမ်းဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူ မြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း မိုင် ၄၁/၄-၄၁/၅ ကြားရှိ တံတားအမှတ် ၆/၄၂  ပေ ၁၂၀ အရှည် ဘေလီတံတား အား  လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက်     ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၁၈၇ ဒသမ ၆၅ သန်း ဖြင့် ပေ၂၈၀ အရှည် သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တံတားဦးစီးဌာန  တည်ဆောက်ရေး (၁) တံတားအထူးအဖွဲ့(၄)က ဆောင်ရွက်ခဲ့ရာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍  ၂၅-၁၁-၂၀၂၀  ရက်နေ့တွင် ခရီးသွား ပြည်သူများ စတင်အသုံးပြုနေပြီဖြစ်သည်။   ယခင် ဘေလီတံတားမှာ ခံနိုင်ဝန်  ၁၃ တန်သာ တင်ဆောင် ခွင့်ပြုထားခဲ့ပြီး ယခုသံကူကွန်ကရစ်တံတားသစ်အား  တည်ဆောက်ပေးခဲ့ခြင်းဖြင့် တန်  ၆၀  တင်ဆောင်၍   ဖြတ်သန်းသွားလာနိုင်သဖြင့်         ကုန်စည်စီးဆင်းမှု   ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။


ဂုတ်တွင်းတံတားသည်   ပြည်ထောင်စုအစိုးရ အဖွဲ့က စီမံခန့်ခွဲပြီး Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးအတွက် အဓိကအသုံးပြုလျက်ရှိသော မန္တလေး-လားရှိုး-မူဆယ်လမ်း၏ မိုင် ၈၃/၇-၈၄/၀  ကြား၊ ဂုတ်တွင်းလမ်းပိုင်းအတွင်းရှိ  တံတားအမှတ် ၁/၈၅၊ ပေ ၂၀၀ အရှည် သံကူကွန်ကရစ် ဂုတ်တွင်းတံတား အား  ၁၅-၈-၂၀၁၉  ရက်နေ့တွင်   လက်နက်ကိုင် အဖွဲ့က    မိုင်းခွဲဖျက်ဆီးခဲ့၍    ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်မှု   ပြတ်တောက်ခြင်းမရှိစေရန် အတွက် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၈၃၀ ဖြင့်  တံတားဦးစီးဌာန တည်ဆောက်ရေး (၁) တံတားအထူးအဖွဲ့(၄)မှ ပေ၂၁၀ အရှည်၊   ခံနိုင်ဝန် တန် ၆၀ ရှိ  သံကူကွန်ကရစ်တံတားအဖြစ် ၁-၁၂-၂၀၁၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ  ၃၁-၈-၂၀၂၀ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ခရီးသွားပြည်သူများ စတင်အသုံးပြုလျက်ရှိသည်။


လီလုတံတား     (လေလုတံတား)   သည် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် “ပလောင်”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ       နမ့်ဆန်မြို့နယ်အတွင်းရှိ နမ့်ဆန်-ပန်လုံလမ်း၏ မိုင်  ၂၁/၅   အနီး တံတား အမှတ်(၁/၂၂)၊  ပေ ၃၀၀  အရှည်၊   ၁၂    ပေအကျယ် နှစ်လွှာတစ်ထပ်ဘေလီတံတား(လီလုတံတား)အား လမ်းပန်းဆက်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှု  ပိုမို လွယ်ကူမြန်ဆန်စေရေးအတွက် ပေ ၃၆၀ အရှည် ယာဉ်သွားလမ်းအကျယ်  ၂၄ ပေရှိ သံကူကွန်ကရစ် တံတားအဖြစ်    အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းကို  တံတားဦးစီးဌာန တည်ဆောက်ရေး(၃) တံတားအထူးအဖွဲ့(၁၂)မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင်   ပြည်ထောင်စုငွေလုံးငွေရင်း    ရန်ပုံငွေကျပ်  သန်း ၁၂၀၀ ဖြင့်ဆောင်ရွက်ခဲ့ရာ ၃၁-၃-၂၀၁၈ ရက် နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၂၂-၈-၂၀၁၈ ရက် နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယခင်ဘေလီတံတားမှာ ခံနိုင်ဝန်  ၁၃  တန်သာ  တင်ဆောင်ခွင့်ပြုထားခဲ့ပြီး သံကူကွန်ကရစ်တံတားအား       တည်ဆောက် ပေးခဲ့ခြင်းဖြင့် ၇၅ တန်  တင်ဆောင်၍   ဖြတ်သန်း သွားလာနိုင်သဖြင့် ကုန်စည်စီးဆင်းမှု     ပိုမိုမြန်ဆန် လာကာ   ဒေသခံပြည်သူလူထု၏   လူမှုစီးပွား ဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။
ကင်းချောင်းတံတားသည်          ပြည်ထောင်စု အစိုးရအဖွဲ့က စီမံခန့်ခွဲပြီး မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ဆက်သွယ် ထားသော တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်း၏ မိုင်၂၃/၇-၂၄/၀ ကြား၊ ပေ ၃၆၀ ရှိ တံတား အမှတ် ၅/၂၄  ကင်းချောင်းသစ်သားတံတားအား ပေ ၄၈၀ အရှည် ခံနိုင်ဝန် တန် ၆၀ ရှိ သံကူကွန်ကရစ် တံတားအဖြစ်    အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို  တံတားဦးစီးဌာန  တည်ဆောက် ရေး (၃) တံတားအထူးအဖွဲ့ (၁၂)  မှ   ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် ၁၆၀၇ ဒသမ ၅၀၀ သန်းဖြင့်  ၈-၁၁-၂၀၁၁ ရက်နေ့မှ  စီမံကိန်း စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၃၁-၃-၂၀၁၄ ရက်နေ့ တွင်  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ခရီးသွားပြည်သူများ စတင်အသုံးပြုနေပြီဖြစ်သည်။ 


ကင်းချောင်းရေစီးဆင်းရာတွင် သယ်ဆောင် တိုက်စားလာသော        နုန်းကနယ်များကြောင့် လည်းကောင်း၊ တံတား၏ပတ်ဝန်းကျင်၌ ပိတ်စွယ် ပင် အများအပြားပေါက်ရောက်နေသဖြင့် ပိတ်တန်း ရေတားများသဖွယ်           ဖြစ်ပေါ်နေခြင်းကြောင့် လည်းကောင်း၊ ချောင်းအထက်ဘက်ရှိ မိုးကုတ် ရတနာနယ်မြေတွင်    ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ၏          စွန့်ပစ်မြေစာများကြောင့် လည်းကောင်း ၂၀၁၄ ခုနှစ်မှစ၍ ချောင်းကြမ်းပြင် စတင်မြင့်တက်လာပြီး    ကင်းချောင်းတံတား၏ မူလရေလမ်း ကင်းလွတ်အမြင့် ခြောက်ပေအတွင်း အနည်ထိုင်မှုများကြောင့်  ရေလမ်းကင်းလွတ်အမြင့် နည်းပါးလာမှုအပေါ်တွင်   တံတားအား    ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ         ဆောင်ရွက်ခဲ့ရ ပါသည်။ တံတားဦးစီးဌာန  တည်ဆောက်ရေး(၁) တံတားအထူးအဖွဲ့(၄) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင်  ပြည်ထောင်စု  အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်  ၃၅၃ သန်းဖြင့် မူလတံတားအပေါ် ထည်အား လေးပေမြှင့်တင်ခြင်း၊ မူလ ၁၂၀ ပေ × ၄ ခန်း = ၄၈၀ ပေအား ထပ်တိုး ၆၀ ပေ × ၂ ခန်း = ၁၂၀ ပေ တိုးချဲ့ခြင်းလုပ်ငန်းအား  ဆောင်ရွက်ခဲ့ ခြင်းကြောင့်    ယခုအခါ    မိုးမိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုအနေဖြင့်   လုံခြုံစိတ်ချစွာဖြင့် လမ်းပန်းဆက်သွယ်ရေး       အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်သည်။


အချုပ်အားဖြင့်တင်ပြရလျှင်  ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် တိုင်းရင်းသားပေါင်းစုံနေထိုင် သည့် ပြည်နယ်တစ်ခုဖြစ်ပြီး          တရုတ်-မြန်မာ နယ်စပ်မြို့များရှိသဖြင့်    နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပေါသည့်ပြည်နယ်ဖြစ်သည်။ ထိုဒေသ ကို နိုင်ငံတော်က လမ်းနှင့်တံတားများ တည်ဆောက် ဖောက်လုပ်ပေးခဲ့သဖြင့်  တိုးပွားလာသော   လမ်း တံတားများနှင့်အတူ ဒေသတွင်းမှ တိုင်းရင်းသား များ၏ လူမှုဘဝများ တိုးတက်နေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။    ။