တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်သွယ်သွားလာနိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)က လမ်းတံတားများ

Type
1

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်သည် ကဿပမြတ်စွာဘုရားလက်ထက်တွင် ခဏ္ဍဝဇီရကို စိုးစံတော်မူပြီးနောက် ဆက်ခံစိုးစံမည့်အနွယ်မရှိဘဲဖြစ်နေစဉ် ဂေါပါလအမည် ရှိသော နွားကျောင်းသားသည် ကျီးတို့၏ ကျေးဇူးကြောင့် ခဏ္ဍဝဇီရပြည်သို့ရောက်ရှိပြီး ဘုရင်ဖြစ်လာသည်။ ဂေါပါလမင်းအုပ်စိုးစဉ်တိုင်းပြည်ကို ရေလွှမ်းမိုးပြီး ရေအိုင်ကြီးဖြစ်သွားရာ ဓမ္မိလရေအိုင်ဟု အမည်တွင်ခဲ့လေသည်။

 

ဂေါတမ မြတ်စွာဘုရားလက်ထက် တွင်  ဘုရားသခင်သည် (၄၉)ပါးသော ရဟန္တာများခြံရံလျက် ဒေသစာရီလှည့်ခဲ့ရာ ဓမ္မိလ      ရေအိုင်အလယ်တွင်ရှိသော တောင်ကုန်း လေးတစ်ခု၏  ထိပ်ပေါ်တွင်   ဈာန်ဖြင့် ကြွလာသော   တန်ခိုးကြီးရသေ့ လေးပါးအနက် တုံကရသေ့က တောင်ဝှေး ထောက်၍ ဓမ္မိလရေအိုင်ကြီးကို  ရေခန်း ခြောက် သွားအောင်     ပြုလုပ်ပြီးလျှင်    မကြာမီ  ငါဘုရား၏   သာသနာတော် ထွန်းကားရာ ဒေသတစ်ခုဖြစ်လတ္တံ့ဟု    ဗျာဒိတ်တော် မိန့်ခဲ့လေ၏။    ဂေါတမ မြတ်စွာဘုရား     ပရိနိဗ္ဗာန်စံတော်မူပြီး နောက်နှစ်(၁၅၀) ကြာသော်   မြတ်စွာ ဘုရား၏ ဗျာဒိတ်တော်ရှိသည့်အတိုင်း            ပြုလုပ်ခဲ့လေသည်။        “ကျိုင်းတုံ”ကို ယခင်က        “ဇိန်းတုံ” ဟုခေါ်ခဲ့သည်။  “ဇိန်း” ဆိုသည်မှာ    တရုတ်ဘာသာ မှလာသဖြင့် “ မြို့ ” ဟုအဓိပ္ပာယ်ရသည်။ “တုံ”မှာ ဓမ္မိလရေအိုင်ကြီး ရေခန်းခြောက် အောင်ပြုလုပ်သော      တုံကရသေ့ကို အစွဲပြု            ခေါ်ဆိုခြင်းဖြစ်သည်။         ထို့ကြောင့် “ကျိုင်းတုံ” ကို “ ဇိန်းတုံ ”ဟု ကျိုင်းတုံသူ၊ ကျိုင်းတုံသားများက   ယခု တိုင်    ခေါ်ဝေါ်ရေးသားနေကြခြင်းဖြစ် သည်။ ကျိုင်းတုံခရိုင်မှ မိုင်းခတ်မြို့နယ် သည်လည်း ယခင် တော်လှန်ရေးကောင်စီ မတိုင်မီ     ၁၉၆၂ ခုနှစ် အထိမြို့အဖြစ် ရပ်တည်ခဲ့ခြင်းမရှိပါ။ မိုင်းယန်းမြို့နယ်မှ နယ်ခြားဝန်ထောက် လက်အောက်ခံတွင် တည်ရှိခဲ့သည်။ 

 


၁၉၇၀ ပြည့်နှစ်မှစ၍ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ၊   မိုင်းခတ်မြို့နယ် စည်းရုံးရေးကော်မတီရုံးကို     စတင်ဖွင့် လှစ်ခဲ့သည်။ ယင်းအချိန်မှစ၍ ဌာနဆိုင်ရာ ရုံးအသီးသီး ဖွင့်လှစ်၍ အခြားမြို့နယ် များမှ  ကုန်သည်လူထုများ   ရောက်ရှိ နေထိုင်လာကြသည်။ ပြည်ထဲရေးဝန်ကြီး ဌာန (ယခင် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန)၏ ၁၉၇၂ခုနှစ်၊   သြဂုတ်လ ၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၅၇ စိတ်(၁)ဖြင့်   ထုတ်ပြန်သည့်   အမိန့် ကြော်ငြာစာဖြင့် မိုင်းခတ်မြို့နယ်အဖြစ်    သတ်မှတ်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရုံး ၏ ၁၉၇၂ ခုနှစ်၊ ဇူလိုင်၂၇  ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၅/ ၄  စိတ်(၁)ဖြင့်    ထုတ်ပြန်သည့်   အမိန့်ကြော်ငြာစာအရ   ရပ်ကွက်(၂)၊  ကျေးရွာ အုပ်စု (၁၆)စုတို့ကို သတ်မှတ်ခဲ့သည်။
ဤသို့ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ တာချီ လိတ်ခရိုင်နှင့်  မက်မန်းခရိုင်   အပါအဝင် (၄)ခရိုင်ရှိသည်။

 


နယ်နိမိတ်


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏  အရှေ့ ဘက်တွင် လာအိုနိုင်ငံနှင့် ထိစပ်မှု ၁၅၅ မိုင်၊  တောင်ဘက်တွင်   ထိုင်းနိုင်ငံနှင့် ထိစပ်မှု ၁၈၂ မိုင်၊   အနောက်ဘက်တွင် သံလွင်မြစ်နှင့် မြောက်ဘက်တွင် တရုတ် နိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှု    ၂၁၇ မိုင် ထိစပ်လျက်ရှိသည်။

 


ရှမ်းပြည်နယ်       အရှေ့ပိုင်းတွင် လမ်းဦးစီးဌာနအနေဖြင့်  ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊      မိုင်းဆတ်ခရိုင်၊ မက်မန်းခရိုင်   စသည့်ခရိုင်လေးဖွဲ့နှင့် လမ်းအထူးအဖွဲ့တစ်ဖွဲ့၊  ပေါင်း ငါးဖွဲ့ဖြင့် ပြည်ထောင်စုလမ်း ခုနစ်လမ်း၊ မိုင်ပေါင်း (၃၄၈/၅ ဒသမ ၇၅ မိုင်)၊ ပြည်နယ်လမ်း (၂၃)လမ်း၊ မိုင်ပေါင်း   (၈၈၂/၂ ဒသမ ၇၅ မိုင်)ကို  တာဝန်ယူဆောင်ရွက်လျက်ရှိ သကဲ့သို့ တံတားများအနေဖြင့် ပေ ၁၈၀  နှင့်အထက်  ကွန်ကရစ်တံတားရှစ်စင်း၊ ကျောက်စီခုံးတံတား  နှစ်စင်း၊  ဘေလီ တံတားနှစ်စင်း၊ ကြိုးတံတားတစ်စင်း စုစုပေါင်း ၁၃ စင်းရှိပြီး ပေ ၁၈၀ အောက် တံတားတွင် ကွန်ကရစ်တံတား ၃၉၂ စင်း၊ ကျောက်စီခုံးတံတား ၁၅၂ စင်း၊ ဘေလီ တံတားငါးစင်း၊ သစ်သားတံတား သုံးစင်း၊ ရေပြွန်/ရေကျော် ၂၈၇၃ စင်း၊ စုစုပေါင်း တံတားအကြီးနှင့်  တံတား အသေး ၃၄၃၈ စင်းကိုလည်း တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ    တာဝန်ယူ   ဆောင်ရွက် လျက်ရှိသောလမ်းများကို   နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ    ယခု ဘဏ္ဍာနှစ်ကုန်တွင်     AC/ကွန်ကရစ်    ကတ္တရာဖြစ်ပြီး   Paved အနေဖြင့် ၁၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး        လမ်း လွှဲပြောင်းလက်ခံမှုအရ       အသစ်ဖောက် လုပ်သည့်     မြို့ရှောင်လမ်း      သုံးလမ်း တိုးတက်လာခဲ့သည်။

 


ပြည်နယ်အတွင်းရှိ လမ်းပေါင်း ၃၀ ထဲမှ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည်    နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး၊     အာရှ/အာဆီယံလမ်းမကြီး(AH)၊     National Highway (NH27) ဖြစ်ပြီး ၎င်းလမ်းအား လမ်းအထူးအဖွဲ့(၃)မှ    (၉၉/၇)မိုင်၊ ကျိုင်းတုံခရိုင်မှ (၁၁/၃)မိုင် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း  လမ်း အရှည်မှာ(၁၁၁/၂)မိုင်     ဖြစ်သည်။ (၃၀.၉.၂၀၂၁)ရက်နေ့ရှိ လမ်းအခြေအနေ မှာ ၁၈ ပေမှ   ပေ ၃၀   အကျယ် ကတ္တရာကွန်ကရစ်လမ်း (၄/၆ ဒသမ ၂)မိုင်၊ ၁၈ ပေမှ ၂၃ ပေအကျယ် ကွန်ကရစ် လမ်း (၄/၇)မိုင်၊ ၁၈ ပေမှ  ၂၃ ပေအကျယ် ကတ္တရာလမ်း (၄၁/၄ ဒသမ ၂၅)မိုင်၊  ၁၂ ပေအကျယ် ကတ္တရာလမ်း (၆၀/၀ ဒသမ ၅၅)မိုင် ဖြစ်သည်။ လမ်းအထူးအဖွဲ့(၃)နှင့် ကျိုင်းတုံခရိုင်မှ ယခုဘဏ္ဍာနှစ်တွင် ၂၃ ပေ (AC)လမ်းခင်းခြင်း (၁/၁ ဒသမ ၂)မိုင်၊ ၁၈ ပေ   ကတ္တရာလမ်းချဲ့ခင်းခြင်း (၂/၅ ဒသမ ၂)မိုင်      သတ်မှတ်လမ်း တာပေါင်အကျယ်      ပြည့်မီစေရန် ကျောက်တောင်/ ကျောက်ဆွေးတောင်/မြေတောင်များချဲ့ခြင်း (၄/၆ ဒသမ၃)မိုင် အပါအဝင်    လုပ်ငန်းရပ်အမျိုးအစား ရှစ်ခုအား      ရန်ပုံငွေကျပ်(၄ ဒသမ ၅)ဘီလီယံဖြင့် ရာနှုန်းပြည့် လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သည်။     လမ်းဦးစီး ဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan)  အရ ၂၃ ပေ  အကျယ် ကွန်ကရစ် ကတ္တရာလမ်းအဆင့်ရောက်ရှိ အောင် ဆောင်ရွက်ရန်  ရည်မှန်းထား သည်ဟု သိရသည်။

 


နမ့်စန်-မိုးနဲ-တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်း


ပြည်ထောင်စုလမ်းမကြီး   (NH23)အဆင့်ဖြစ်သည့်  နမ့်စန်-မိုးနဲ-တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်းတွင် လမ်းအထူး အဖွဲ့ (၃)မှ (၃၁/၇)မိုင်၊ မိုင်းဆတ်ခရိုင်မှ (၄၁/၇ ဒသမ ၉၅)မိုင်   တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း  လမ်း အရှည်မှာ    (၇၃/၆ ဒသမ ၉၅)မိုင်ဖြစ် သည်။   (၃၀.၉.၂၀၂၁)ရက်နေ့ရှိ      လမ်း အခြေအနေမှာ    ၁၈    ပေ  အကျယ် ကွန်ကရစ်လမ်း (၃/၃)မိုင်၊ ၁၈ ပေမှ  ၂၃ ပေအကျယ် ကတ္တရာလမ်း (၇/၁ ဒသမ ၇၅)မိုင်၊ ၁၂ ပေအကျယ် ကတ္တရာလမ်း (၆၂/၅ ဒသမ ၉)မိုင်၊ အမာခံလမ်း (၀/၄ ဒသမ ၃)မိုင် ဖြစ်သည်။
လမ်းအထူးအဖွဲ့(၃)၊ မိုင်းဆတ်ခရိုင် နှင့် တံတားအထူးအဖွဲ့ ၁၂ တို့မှ  ယခု ဘဏ္ဍာနှစ်တွင် ၁၈ပေ ကွန်ကရစ်လမ်း ခင်းခြင်း(၁/၄ ဒသမ ၄)မိုင်၊  ၁၈  ပေ ကတ္တရာလမ်းချဲ့ခင်းခြင်း (၃/၁ ဒသမ ၃) မိုင်၊ ၁၂ ပေ   ကတ္တရာလမ်းသစ်ခင်းခြင်း (၀/၄)မိုင်၊   သတ်မှတ်လမ်းတာပေါင် အကျယ်ပြည့်မီစေရန် ကျောက်တောင်/ကျောက်ဆွေးတောင်/မြေတောင်များချဲ့ ခြင်း (၂/၅ ဒသမ ၈)မိုင်၊ ပေ ၆၀  သံကူ ကွန်ကရစ်တံတားတစ်စင်း၊    ပေ ၁၀၀ သံကူကွန်ကရစ်တံတားတစ်စင်း အပါ အဝင် လုပ်ငန်းရပ်အမျိုးအစား ၁၃ ခုအား ရန်ပုံငွေကျပ်(၄ ဒသမ ၇၇)ဘီလီယံဖြင့် ရာနှုန်းပြည့် လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်သည်။ လမ်းဦးစီးဌာနမှ ရေးဆွဲထား သော နှစ်ရှည်စီမံကိန်းအရ   ၁၈  ပေ အကျယ် ကွန်ကရစ်/ကတ္တရာလမ်းအဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်း ထားသည်။

 


မိုင်းဆတ်-တာချီလိတ်လမ်း


မိုင်းဆတ် - တာချီလိတ်လမ်းသည် လမ်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် “၀”အထူး ဒေသ(၂)၊ စစ်ဒေသ(၁၇၁)ထံမှ လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့သည့်လမ်းဖြစ်သည်။ အဆိုပါ လမ်းအား မိုင်းဆတ်ခရိုင်မှ (၃၉/၄ ဒသမ ၄၅)မိုင် တာချီလိတ်ခရိုင်မှ (၂၁/၁ ဒသမ ၅)မိုင် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး     စုစု ပေါင်းလမ်းအရှည်မှာ (၆၀/၅ ဒသမ ၉၅)မိုင် ဖြစ်သည်။ (၃၀.၉.၂၀၂၁) ရက်နေ့ရှိ လမ်းအခြေအနေမှာ  ၁၈ ပေ  အကျယ် ကွန်ကရစ်လမ်း (၂၁/၂ ဒသမ ၅)မိုင်၊  ၁၈ ပေ ကတ္တရာ လမ်း (၇/၅)မိုင်၊ ကျောက်/အမာခံ/မြေလမ်း (၃၁/၆ ဒသမ ၅)မိုင် ဖြစ်သည်။ 

 


မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်မှ ယခုဘဏ္ဍာနှစ်တွင် ၁၈ ပေ ကွန်ကရစ် လမ်းခင်းခြင်း (၁၃/၁ ဒသမ ၃)မိုင်၊ ၁၈ ပေကတ္တရာလမ်းသစ်ခင်းခြင်း(၀/၅)မိုင် အပါအဝင် လုပ်ငန်းရပ်အမျိုးအစား ၁၀ ခုအား ရန်ပုံငွေကျပ်  ၁၀  ဘီလီယံဖြင့်  ရာနှုန်းပြည့်လုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်သည်။ လမ်းဦးစီးဌာနမှ ရေးဆွဲထား သော နှစ်ရှည်စီမံကိန်းအရ  အကျယ်  ၁၈ ပေ  ကွန်ကရစ်/ ကတ္တရာလမ်း အဆင့် ရောက်ရှိအောင်  ဆောင်ရွက်ရန် ရည်မှန်း ထားသည်။

 


မိုင်းပျဉ်း-မက်မန်းလမ်း


ခရိုင်ချင်းဆက်လမ်းဖြစ်သည့် မိုင်း ပျဉ်း-မက်မန်းလမ်းတွင်      ကျိုင်းတုံခရိုင်မှ ဝမ်တာခက်တံတားအထိ    (၂၀/၇)မိုင်၊ မက်မန်းခရိုင်မှ (၄၆/၇)မိုင်    တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး  စုစုပေါင်း   လမ်း အရှည်မှာ (၆၇/၆)မိုင် ဖြစ်သည်။ (၃၀.၉. ၂၀၂၁)ရက်နေ့ရှိ     လမ်းအခြေအနေမှာ (၁၈)ပေအကျယ် ကွန်ကရစ်လမ်း (၂၁/၄ ဒသမ ၅)မိုင်၊ ၁၂ ပေကတ္တရာလမ်း (၁၂/၅)မိုင်၊ ကျောက်အမာခံလမ်း (၃၃/၄ ဒသမ ၅)မိုင်ဖြစ်သည်။     ကျိုင်းတုံခရိုင်နှင့် မက်မန်းခရိုင်တို့မှ ယခုဘဏ္ဍာနှစ်တွင် ၁၈ ပေကွန်ကရစ်    လမ်းခင်းခြင်း (၃/၃ ဒသမ ၅)မိုင်၊ ၁၂ ပေ   ကတ္တရာလမ်းသစ် ခင်းခြင်း(၁/၃ ဒသမ ၈)မိုင်၊ သတ်မှတ် လမ်းတာပေါင်အကျယ်    ပြည့်မီစေရန် ကျောက်တောင်/ကျောက်ဆွေးတောင်/မြေတောင်များချဲ့ခြင်း (၁/၂)မိုင်အပါအဝင် လုပ်ငန်းရပ်အမျိုးအစား၁၀ ခုအား ရန်ပုံ ငွေကျပ်(၃ ဒသမ ၃)ဘီလီယံဖြင့် ရာနှုန်း ပြည့်      လုပ်ငန်းများဆောင်ရွက်ပြီးဖြစ် သည်။ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်းအရ  အကျယ် ၁၈ ပေ ကွန်ကရစ်/ကတ္တရာလမ်းအဆင့်     ရောက်ရှိ အောင်ဆောင်ရွက်ရန်      ရည်မှန်းထား သည်။

 


ကျိုင်းတုံမြို့ရှောင်လမ်း


ရှမ်းပြည်နယ်အရှေ့ပိုင်း   ကျိုင်းတုံ ခရိုင်     ကျိုင်းတုံမြို့ကို   မိတ္ထီလာ-  တောင်ကြီး- ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးမှ     မောင်းနှင်လာသော  ကုန်တင်ယာဉ်ကြီး နှင့် ခရီးသည်ယာဉ်များ သည် မြို့တွင်းသို့ဖြတ်သန်းသွားလာရာတွင်   တိုးတက်များပြားလာသော  ယာဉ် များ   ကုန်တင်ယာဉ်ကြီးများကြောင့်   မြို့တွင်းတွင် မကြာခဏ   ယာဉ်ကြော ပိတ်ဆို့မှုများ    ဖြစ်ပေါ်နေပါသဖြင့်    ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရန်နှင့်  ကုန်တင်ယာဉ်ကြီးများအား   သွားလာမှု     အဆင်ပြေစေရန်အတွက် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 


ရှမ်းပြည်နယ်အရှေ့ပိုင်း  လမ်းဦးစီး ဌာန၊ ကျိုင်းတုံခရိုင်မှ တာဝန်ယူ  ဆောင် ရွက်လျက်ရှိသော    ကျိုင်းတုံမြို့ရှောင် လမ်း၏     စုစုပေါင်း    လမ်းအရှည်မှာ  (၆/၁ ဒသမ ၇)မိုင် ရှည်လျားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြီးစီးရန်   လျာထားဆောင်ရွက်လျက်ရှိ သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေယာလျော်ကြေးငွေ ကျပ် ၁၈၄ ဒသမ ၁၅၅ သန်းအား ပေးလျော်ခဲ့ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် မြေယာ လျော်ကြေးငွေကျပ် ၄၆၄ ဒသမ ၀၄၉၄ သန်း    ဆက်လက်ပေးလျော်ခဲ့ရာ စုစုပေါင်း မြေယာ လျော်ကြေးငွေကျပ် ၆၄၈ ဒသမ ၂၀၄၄ သန်း    ပေးချေပြီးဖြစ် သည်။ ၂၀၁၉-၂၀၂၀    ဘဏ္ဍာနှစ်     ခွင့်ပြု ရန်ပုံငွေကျပ်      ၅၀၉ ဒသမ ၀၅၃ သန်း ဖြင့်     မြေသားလုပ်ငန်းဆောင်ရွက်ခြင်း (၄/၃ ဒသမ ၈)မိုင်နှင့် RC Box Culvert ငါးစင်း   တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 


ကျိုင်းတုံခရိုင်နှင့် တံတားအထူးအဖွဲ့ (၁၂)မှ ယခုဘဏ္ဍာနှစ်တွင်  မြေသားလုပ် ငန်း ဆောင်ရွက်ခြင်း (၀/၄ ဒသမ ၁)မိုင်၊ ၂၃ ပေ (AC)လမ်းခင်းခြင်း(၀/၆ ဒသမ ၁) မိုင်၊ ပေ   ၈၀  သံကူကွန်ကရစ်တံတား တစ်စင်း၊  RC  Box  Culvert   သုံးစင်း အပါအဝင်     လုပ်ငန်းရပ်အမျိုးအစား ကိုးခုအား       ရန်ပုံငွေကျပ် ၁ ဒသမ ၈၈ ဘီလီယံဖြင့် ရာနှုန်းပြည့် လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သည်။ (၃၀.၉. ၂၀၂၁) ရက်နေ့ရှိ    လမ်းအခြေအနေမှာ ၂၃ ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း (၀/၆ ဒသမ ၁)မိုင်နှင့် မြေလမ်း(၅/၃ ဒသမ ၆)မိုင်ဖြစ်သည်။ ၂၃ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန်   ရည်မှန်းထားသည်ဟု သိရသည်။

 


တံတားများကိုလည်း    ပြည်နယ် လမ်းဦးစီးဌာနသည်                နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပေ ၁၈၀ နှင့်အထက်  တံတားနှစ်စင်းဖြစ်သည့် (ဆိုက်ခေါင်တံတား၊ မုန်းကျက်တံတား)တိုးလာခဲ့ပြီး လမ်းလွှဲပြောင်းလက်ခံမှုအရ တံတားစင်းရေ ၁၇၃ စင်း   အပါအဝင် တံတားအကြီးအသေး ၉၉၆စင်း တိုးတက် လာခဲ့သည်။ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေကျပ် ၈ ဒသမ ၃၃ ဘီလီယံနှင့် ပြည်နယ်ရန်ပုံငွေကျပ် ၂၉ ဒသမ ၆၅ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၃၇ ဒသမ ၉၈  ဘီလီယံဖြင့်    လုပ်ငန်းများ အကောင်အထည်ဖော်      ဆောင်ရွက်ခဲ့ သည်။

 


လမ်းဦးစီးဌာန  ရှမ်းပြည်နယ် အရှေ့ ပိုင်းမှ ယခုဘဏ္ဍာနှစ်တွင် ၂၃ ပေ (AC)လမ်းခင်းခြင်း (၁/၇ ဒသမ ၃)မိုင်၊ ၁၈ ပေ/ ၁၂ ပေ ကတ္တရာလမ်းသစ်ခင်းခြင်း(၇/၂)မိုင်၊ ၂၃ပေ/ ၁၈ ပေ ကွန်ကရစ်လမ်းခင်းခြင်း (၂၀/၄)မိုင်၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ချဲ့ခင်းခြင်း (၁၂/၁ ဒသမ ၈)မိုင်၊ ပေ ၅၀ အထက် သံကူကွန်ကရစ်တံတားသုံးစင်း အပါအဝင် လုပ်ငန်းရပ်အမျိုးအစား ၁၇ခု၊ လုပ်ငန်း အရေအတွက် ၆၁၈ ခုအား ခွဲဝေရရှိရန်ပုံငွေကျပ်      ၃၇ ဒသမ ၉၈ ဘီလီယံဖြင့် ရာနှုန်းပြည့် ဆောင်ရွက်နိုင် ခဲ့သည်ဟုသိရသည်။      ရှမ်းပြည်နယ် အရှေ့ပိုင်း   လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော  လမ်းများပေါ် တွင် ပေ ၁၈၀  နှင့်အထက်  တံတား ၁၃ စင်းရှိသည်။ အဆိုပါတံတား ၁၃ စင်းမှ အောက်ပါတံတားသုံးစင်းကို    ဖော်ပြ လိုက်သည်။ (၁) မြန်မာ-လာအို ချစ်ကြည် ရေး  တံတားမှာ   မဲခေါင်မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံ    ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်        ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ၊       မိုင်းယောင်းမြို့နယ်၊ ကျိုင်းကုတ်မြို့သို့ ဆက်သွယ်သွားလာ၍ ရသည့် နှစ်နိုင်ငံ ဆက်သွယ်ထားရှိသည့် တံတား  ဖြစ်သည်။   မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို (၁၆.၂.၂၀၁၃)မှ စတင်တည်ဆောက်ခဲ့ပြီး (၉.၅.၂၀၁၅)ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ရာ  စီမံ ကိန်းတန်ဖိုးမှာ ငွေကျပ် ၈၃၅၇ သန်းရှိပြီး အရှည် ၂၂၆၉ ပေရှိ    သံမဏိသံပေါင် ကြိုတင်အားဖြည့်      သံကူကွန်ကရစ် တံတားကြီး ဖြစ်သည်။ တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။

 


(၂) နမ့်လွေချောင်းကိုဖြတ်၍ အရှည် ပေ ၅၀၀ ၊ သံမဏိသံပေါင်  ရက်မ သံကူ ကွန်ကရစ်     (မိုင်းခတ်တံတား)သည် မိုင်းခတ် - မိုင်းဖုန်း - ကြက်ဥတောင်-မိုင်းပေါက်လမ်း    (၀/၀ - ၁/၀) တွင်    တည်ရှိသည်။  မိုင်းခတ်-မိုင်းဖုန်း-ကြက်ဥ တောင်-မိုင်းပေါက်လမ်းသည်     လမ်း ကွန်ရက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်းနိုင်ငံနယ်ခြားဖြစ်သည့် တာချီလိတ်-ကျိုင်းတုံ-မိုင်းခတ်-မိုင်းပေါက်မှ ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ တရုတ်နိုင်ငံ နယ်ခြား ဖြစ်သည့် ချင်းရွှေဟော်အထိ ဆက်သွယ် ထားသည့်   ပြည်ထောင်စုလမ်းမကြီး (NH29) ၏  လမ်းပိုင်းမှာလည်း  ပါဝင် နေသည့်အတွက် အဓိကကျသည့် တံတား ကြီး တစ်စင်းဖြစ်သည်။ မိုင်းခတ်တံတား ကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင်း တည်ဆောက် ခဲ့ပြီး တံတားစီမံကိန်းတန်ဖိုးမှာ  ငွေကျပ်  သန်း ၁၆၈၇ ဒသမ ၄၀၀ ဖြစ်ပြီး တံတား ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်သည်။ 

 


(၃) နမ့်ခချောင်းကိုဖြတ်၍ အရှည် ပေ ၄၄၀ ဘေလီတံတား၊  ဝမ်တာခက် တံတားသည်  မိုင်းပျဉ်း-မက်မန်းလမ်း၊ မိုင်တိုင်(၂၂/၇-၂၃/၀)အတွင်းမှာ တည်ရှိ၍ ဝမ်တာခက်တံတားအား (၂.၅.၂၀၁၅)ရက် နေ့မှ စတင်တည်ဆောက်ခဲ့ပြီး (၁၈.၁. ၂၀၁၈)ရက်နေ့တွင် တည်ဆောက် ပြီးစီးခဲ့ သည်။ စီမံကိန်းတန်ဖိုးမှာ  ငွေကျပ် ၅၇၂ သန်းနှင့် တံတားခံနိုင်ဝန်တန် ၂၀ ဖြစ် သည်။ မိုင်းပျဉ်း-မက်မန်း  လမ်းသည် ကျိုင်းတုံခရိုင်    မိုင်းပျဉ်းမြို့ (MTKT လမ်းပေါ်)နှင့် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းပါရှိသည့်  မက်မန်းခရိုင်၊ မက်မန်းမြို့တို့ကို ဆက်သွယ်ထားသည့် ခရိုင်ချင်း   ဆက်သွယ်ဖောက်လုပ်ထား သည့်လမ်းတစ်လမ်းဖြစ်သည်။ လမ်းဦးစီး ဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း  အတွင်း PPP ကို အကောင်အထည်ဖော်  ဆောင် ရွက်မှုအနေဖြင့် B.O.T စနစ်ဖြင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း ၏ ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်လမ်း အပိုင်း            (၉၇/၃ ဒသမ ၅)မိုင်ကို  သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ ၂၀၀၀ ပြည့်နှစ်မှ စတင် တာဝန်ယူဆောင်ရွက်ခဲ့သည်။  သော်တာ ဝင်းကုမ္ပဏီမှ   ကျိုင်းတုံ-တာချီလိတ် လမ်းအပိုင်းအား  အကျယ်  ပေ  ၃၀ (AC)လမ်း (၀/၂)မိုင်  (ကျိုင်းတုံမြို့တွင်း)၊ အကျယ်  ပေ ၃၀ ကွန်ကရစ်လမ်း(၃/၆)မိုင်၊    အကျယ် ပေ ၃၀ ကတ္တရာလမ်း (၆၀/၃ ဒသမ ၅)မိုင်၊  အကျယ်      ၂၄ ပေ  ကတ္တရာလမ်း    (၃၃/၀)မိုင်အား  ၂၀၁၂ ခုနှစ်တွင် အဆင့်မြှင့်တင်      တည်ဆောက် ထားရှိပြီးဖြစ်သည်။

 


သို့ဖြစ်၍ အချုပ်အားဖြင့်   တင်ပြရ လျှင်        ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လမ်းတံတားများသည် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသားများအချင်းချင်း ကူးလူးဆက်သွယ် ချစ်ကြိုးသွယ်နိုင်ကြ ပြီဖြစ်ပါကြောင်းကို   ရေးသားတင်ပြ လိုက်ရခြင်းဖြစ်ပါတော့သည်။    ။

ချမ်းမြေ့မောင်