
ယူအီးအက်ဖ်အေ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၃)အဖြစ် ပရီမီယာ လိဂ်ကလပ် ဝက်စ်ဟမ်းအသင်း နှင့် ဘယ်လ်ဂျီယံကလပ် ဂျန့်ခ် အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁ နာရီခွဲတွင် ဝက်စ်ဟမ်းအိမ်ကွင်း၌ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမည် ဖြစ် သည်။
ဝက်စ်ဟမ်းနှင့် ဂျန့်ခ်အသင်း တို့သည် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စု (H) တွင် ဒိုင်နမိုဇာဂရက်၊ ရက်ပစ် ဗီယင်နာအသင်းတို့နှင့် အတူ ကျရောက်နေပြီး ပွဲစဉ် (၂) အပြီး တွင် အမှတ်ပေးဇယားကို ဝက်စ် ဟမ်းအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ဖြင့် ဦးဆောင်ထားသည်။ ဝက်စ်ဟမ်း အသင်းသည် ပြီးခဲ့သည့် ယူရိုပါ လိဂ် ပြိုင်ပွဲတွင် ရက်ပစ်ဗီယင်နာ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထား သည်။ ပြိုင်ဘက် ဂျန့်ခ်အသင်း က ဒိုင်နမိုဇာဂရက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်ထားသည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲ ကစားပြီး သုံးမှတ်ရရှိသာ ရရှိထား သေးသည့် ဂျန့်ခ်အသင်းသည် ယနေ့ပွဲစဉ်တွင် ပြိုင်ဘက် ဝက်စ် ဟမ်းအသင်းကို အနိုင်ရရှိရေး အားစိုက် ကစားလာမည်ဖြစ် သည်။ သို့သော်လည်း ဂျန့်ခ် အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲတွင် သုံးပွဲစလုံး ရှုံးနိမ့်ထား သည်အထိ ခြေစွမ်းကျဆင်း နေသည်။ ဂျန့်ခ်အသင်းအနေဖြင့် ပြိုင်ပွဲစုံငါးပွဲတွင် လေးပွဲအထိ အနိုင်ရရှိပြီး တစ်ပွဲသာ ရှုံးနိမ့်ထား သည့် ဝက်စ်ဟမ်းအသင်းကို အနိုင် ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစား ရဖွယ်ရှိသည်။ ဒေးဗစ်မိုယက်စ် တာဝန်ယူကိုင်တွယ်သည့် ဝက်စ် ဟမ်းအသင်းသည် ယခုနှစ် ရာသီတွင် ခံစစ်အားကောင်းပြီး တိုက်စစ်ထက်မြက်သည့် အသင်း အဖြစ် ရှိနေသည်။ အမှတ်ပေး ဇယားကို ဆက်လက်ဦးဆောင် နိုင်ရေး အားစိုက်ကစားလာမည့် ဝက်စ်ဟမ်းအသင်းကို ဂျန့်ခ် အသင်းအနေဖြင့် အနိုင်ယူသွား နိုင်မည်လား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။
အောင်ဇော်