အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) ဒုတိယနေ့ ယနေ့ဆက်လက်ကျင်းပမည်ဖြစ်ပြီး  မြန်မာနှင့်ဂူအမ် တွေ့ဆုံ

 

ရန်ကုန်  အောက်တိုဘာ  ၂၀


၂၀၂၂   အာရှဖလား   အမျိုးသမီး ခြေစစ်ပွဲ အုပ်စု (D) ဒုတိယနေ့ကို အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်    ဂူအမ် အသင်းနှင့်    တွေ့ဆုံနေသည်။ အုပ်စု ဒုတိယနေ့အဖြစ်    ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ခွဲတွင်    ယူအေအီးအသင်းနှင့် လက်ဘနွန်အသင်း၊ ညနေ ၅ နာရီ ခွဲတွင် မြန်မာအသင်းနှင့်  ဂူအမ် အသင်းတို့   ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 


အုပ်စုပထမပွဲတွင်   အနိုင်ရ ထားသည့် မြန်မာအသင်းအတွက် ခြေစစ်ပွဲအောင်မြင်ရန် လက်ကျန် ပွဲများမှာ အရေးပါနေပြီး   ယခုပွဲ တွင်လည်း နိုင်ပွဲဆက်ရန် လိုအပ် နေသည်။    လက်ရှိခြေစွမ်းနှင့် ကစားသမား      အနေအထား ကြောင့်လည်း    မြန်မာအသင်း သည် ဂူအမ်အသင်းထက် အစစ အရာရာသာလွန်နေသဖြင့် နိုင်ပွဲ ထပ်မံရယူနိုင်ရန်         သေချာ သလောက်ရှိနေသည်။    မြန်မာ အသင်းသည် အဖွင့်ပွဲတွင် အရေး နိမ့်ထားသည့်  ဂူအမ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး   နိုင်ပွဲထပ်မံ ရယူနိုင်ပါက ခြေစစ်ပွဲအောင်မြင် ရန် အခြေအနေကောင်းသွားမည် ဖြစ်သည်။ အောက်တိုဘာ ၁၈ရက် က ယှဉ်ပြိုင်ကစားသည့် ပထမ နေ့တွင် မြန်မာက လက်ဘနွန်ကို လေးဂိုး-ဂိုးမရှိ၊    ယူအေအီးက ဂူအမ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိထားသည်။    အုပ်စုပထမနေ့ အပြီးတွင် မြန်မာနှင့်   ယူအေအီး အသင်းက   သုံးမှတ်စီရထားပြီး လက်ဘနွန်နှင့် ဂူအမ်အသင်းမှာမူ အမှတ်မရသေးပေ။

 


မြန်မာအသင်းသည်    အုပ်စု (D) တွင် ယူအေအီး၊ လက်ဘနွန်၊ ဂူအမ်အသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်နေပြီး   အမှတ် အများဆုံးရရှိသည့်    ထိပ်ဆုံး တစ်သင်းသာ ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။          

 ရဲရင့်လွင်