
ရန်ကုန် အောက်တိုဘာ ၂၀
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ထွက်ခွာသွားသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ ယူအေအီးနိုင်ငံ၌ ကာလတိုလေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲတစ်ပွဲ ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ခြေစစ်ပွဲမတိုင်မီ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လေ့ကျင့်မည် ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးကလပ် အသင်းတစ်သင်း နှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၂၅ ရက်တွင် ခြေစစ်ပွဲကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအုပ်စု (I) တွင် ဗီယက်နမ်၊ တရုတ်(တိုင်ပေ)အသင်းတို့နှင့် ကျရောက်နေပြီး အောက်တို ဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းတွင် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစား သမား ၂၃ ဦး စုစုပေါင်း ၃၄ ဦး လိုက်ပါသွားပြီး အုပ်ချုပ်သူ- ဦးရဲဝင်း အောင်၊ နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်၊ လက်ထောက်နည်းပြ- ဦးဇော် ဝင်းထွန်းနှင့် ဦးအောင်အောင်ထွန်း၊ ဂိုးနည်းပြ– ဦးဇော်လင်းအောင်၊ အသင်းအတွင်းရေးမှူး- ဦးစည်သူဝင်း၊ ကစားသမားများအဖြစ် ဂိုးသမား- ထွန်းနန္ဒဦး၊ အောင်ကိုလတ်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ဟိန်းထက်စည်သူ၊ ဟိန်းဇေယျာလင်း၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက်ပိုင်ထွေး၊ အလယ်တန်း- လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်း၊ ရဲလင်းထက်၊ ရဲရင့်အောင်၊ ရှေ့တန်း- ဝင်းနိုင်ထွန်း၊ သန့်ဇင်မြင့်၊ မြတ် ကောင်းခန့်၊ ခင်ကျော်ဝင်း၊ ကောင်းမြတ်သူတို့ လိုက်ပါသွားသည်။
ရဲရင့်လွင်