
နေပြည်တော် အောက်တိုဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု ကော့ခမိတ်ကျေးရွာနေ ကျော်ဌေး(ခ)ဖိုးချစ်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၈၀၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၄၆ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု ကမံကျေးရွာနေ ဒေါ်ရွှေလုံး၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၄၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်